http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

1 May 2012

ငါးထောင်တန် ဖုန်းကိစ္စ လွှတ်တော်တွင် မေးမြန်း


ငါးထောင်တန် ဖုန်းကိစ္စ လွှတ်တော်တွင် မေးမြန်း
ပြည်သူများ အကြားတွင် ရေပန်း စားသော ကျပ် ငါးထောင်တန် ဖုန်း ချထား ပေးရေးနှင့် ပတ်သက်ပြီး နေပြည်တော်တွင် ကျင်းပသော လွှတ်တော် အစည်း အဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုးက ယခုလ ၂၃ ရက်နေ့တွင် စတင်ကျင်းပ သော လွှတ်တော်တွင် မေးမြန်းသည်။
ယင်းက မေးမြန်းရာတွင် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက တင်ပြ လာသည့် ကျပ် ၅၀ဝ၀ တန် မိုဘိုင်းဖုန်းဆင်းမ်ကတ် အစီအစဉ် သည် မိုဘိုင်းဖုန်း ဆက်သွယ်ရေး စနစ်ကို ပြည်သူများ စရိတ်စက သက်သာစွာဖြင့် သုံးစွဲနိုင်မည်ဖြစ် သဖြင့် နိုင်ငံတော်အစိုးရမှ ယင်း အစီအစဉ်ကို ပံ့ပိုးကူညီဆောင်ရွက် ပေးနိုင်မည့် အခြေအနေနှင့် ပတ် သက်ပြီး မေးမြန်းခဲ့ခြင်းဖြစ်သည်။
ယင်းသို့ မေးမြန်းခြင်းကို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေး နန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင့်လွင်က ဖြေကြားခဲ့ပြီး ဖြေ ကြားရာတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ပြည်သူများ မိုဘိုင်းဖုန်းများကို အလွယ်တကူ သုံးစွဲနိုင်ရန် ကနဦးတပ်ဆင်ခ နှုန်း ထားများကို အဆင့်လိုက် လျှော့ချ တပ်ဆင် ပေးပြီး နှစ်စဉ်စီမံကိန်း များဖြင့် ကျေးလက်ဒေသများ အထိ မိုဘိုင်းဖုန်းများကို တပ်ဆင် ပေးသွားမည် ဖြစ်ကြောင်းနှင့် တပ် ဆင်ခများကိုလည်း ပတ်ဝန်းကျင် နိုင်ငံများအတိုင်းဖြစ်စေရန် တစ် ဆင့်ပြီး တစ်ဆင့် ထပ်မံလျှော့ချ တပ်ဆင်ပေးသွားမည် ဖြစ်ပါ ကြောင်း ဖြေကြားခဲ့သည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် မိုဘိုင်းဖုန်းများ လွယ်ကူစွာ ပြောဆို ဆက်သွယ် နိုင်စေရန် လိုအပ်သော အခြေခံ အဆောက် အအုံများ တည်ဆောက် ရသော ကြောင့် ကနဦးတပ်ဆင်ခ များပြား ကြောင်း ထို့ကြောင့် နောက်ပိုင်း နှစ်များတွင် မိုဘိုင်း တယ်လီဖုန်း နှုန်းထားများကို လျှော့ချပေးမည် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
ဆက်သွယ်ရေး ကဏ္ဍတွင်လည်း ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း ပြည်ပ ကုမ္ပဏီများစွာရှိပြီး ယင်း တို့အထဲမှ အချို့သော နိုင်ငံတကာ ကုမ္ပဏီများနှင့်လည်း ဆွေးနွေး လျက်ရှိသည်ဟု ဒုတိယဝန်ကြီးကဖြေကြားခဲ့သည်။
ကျပ်ငါးထောင်တန် မိုဘိုင်း ဖုန်းချထားပေးခြင်းကို ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သော ရွှေပြည်တံခွန်ကုမ္ပဏီက တင်ပြ ထားခြင်းဖြစ်ပြီး လုပ်ပိုင် ခွင့်သာ ရရှိပါက ခြောက်လမှ တစ်နှစ် အတွင်း မိုဘိုင်းဖုန်းများ စတင်ချ ထားပေးနိုင်သည်ဟု ယင်းကုမ္ပဏီမှ ပြောကြားထားသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ယင်းသို့ လုပ်ကိုင်ရန် အတွက် ဥပဒေအရ မဖြစ်နိုင်ပါကြောင်းနှင့် ဆက်သွယ်ရေး ဥပဒေထွက်လာ မှသာ ရွှေပြည်တံခွန် ကုမ္ပဏီမှ တင်ပြ လာသော မိုဘိုင်းအော်ပ ရေတာ လုပ်ကိုင်ခွင့်ကို ကုမ္ပဏီ များသို့ ပေးနိုင်မည်ဖြစ်ကြောင်း လည်း ပြောကြားထားပြီးဖြစ်သည်။
ပြည်တွင်း မိုဘိုင်းဖုန်း စီးပွား ရေးလုပ်ကိုင်သည့် လုပ်ငန်းရှင် တစ်ဦးက "နိုင်ငံတကာမှာတော့ အများအားဖြင့် အော်ပရေတာ ပေးတာပဲ လုပ်ကြပါတယ်။ ဆက် သွယ်ရေးက မူဝါဒပိုင်းကိုပဲ လုပ် တာပေါ့။ နောက်ပိုင်းနှစ်တွေမှာ မြန်မာနိုင်ငံအနေနဲ့လည်း အော်ပ ရေတာ လုပ်ကိုင်ခွင့်ပေးတာမျိုးလုပ်ကိုင်နိုင်ပါတယ်။ ဒါဆို အော်ပ ရေတာတွေ အပြိုင်အဆိုင် လုပ် ကိုင်မယ်ဆိုရင် မိုဘိုင်းဖုန်းဈေး နှုန်းတွေ ကျသွားနိုင်ပါတယ်"ဟု ပြောသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ မိုဘိုင်းအော်ပရေတာ လုပ်ကိုင် ခွင့်အတွက် တင်ထားသော ပြည် တွင်း၊ပြည်ပ ကုမ္ပဏီပေါင်းများစွာ ရှိပြီး မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဆက်သွယ်ရေး ဥပဒေထွက်လာမှသာ ယင်းသို့လုပ်ကိုင်ခွင့်များကို ချထားပေးနိုင် မည်ဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမှ ပြောကြား ထားပြီးဖြစ်သည်။  
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif