http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

20 May 2012

အ နည်း ဆုံး ၀န် ကြီး လေးပါး အ နားပေး ခံ ရ မည်

Myanmar's President Thein Sein waves to members of parliament after delivering his speech in Naypyitawနောက်ဆုံး သိရပြီး ၊ သေချာ မှု အရှိ နိုင်ဆုံး ဖြစ်သည့် နေပြည်တော် မှ လာ သည့် သတင်း များ
အရ အစိုးရ အဖွဲ့  ၀င် ၀န်ကြီး လေးဦး ထက် မနည်း အနားပေး ခံရမည် ဖြစ် ပြီး ၎င်းတို့ ထဲ တွင်
စာရင်း ပေါက်နေ သူများ မှာ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း၊ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း
နှင့် နိုင်ငံ ခြား ရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် တို့  ပင် ပါဝင် နေသည် ဟု FNG မှ သတင်း ရရှိသည်။
ဝန်ကြီး ဌာန များ ကို လည်း ပူးပေါင်း သွား မည် ဖြစ် ပြီး အားကစား ၀န်ကြီး ဌာန ၊ လယ်ယာစိုက်
ပျိုး ရေး နှင့် ဆည်မြောင်း ၀န်ကြီးဌာန ၊ မီးရထား ၀န်ကြီး ဌာန တို့ မှာ အခြား ဌာန များ နှင့် ပူး
ပေါင်း ရဖွယ် ရှိ သည် ဟု အမည် မဖော် လို သည့် ညွှန်ကြားရေး မှုး ချုပ် တစ်ဦး က FNG
ကို ယနေ့  ပြောကြား သည်။
ယခု ကဲ့ သို့  သတင်း မျိုး ပေါ် ထွက် မလာ ခင် က မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် က ခောတ်
နောက် ပြန် ဆွဲ လိုသူများ ကို ချန်ထား ခဲ့ မည် ဟု ပြောကြား ခဲ့ သည်။
အကယ် ၍ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံခြားရေး ၀န်ကြီး နေရာ အတွက် လျှာထား ပါက လက်
ရှိ ၀န်ကြီး ဦးဝဏ္ဏမောင် လွင် သည် အခြား ဌာန တစ်ခု သို့ မဟုတ် သမ္မတ ရုံး အဖွဲ့  ၏ ပြောခွင့်
ရ ပုဂ္ဂိုလ် ရာထူး မျိုး ရရှိ နိုင်သည် ဟု ခန့် မှန်း ကြသည်။
(သတင်း အပြည့် အစုံ ကို ထပ်မံ ဖော်ပြပါမည်) 
freedomnewsgroup.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif