အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့၌ အတူတွေ့ရစဉ်။
မြန်မာနိုင်ငံက အပြောင်းအလဲတွေ မတည်ငြိမ်သေးဘူး ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စစ်ကလင်တန်တို့ နှစ်ဦးစလုံး သဘောတူခဲ့ကြကြောင်းနဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့လတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အရေးကြီးတဲ့ တိုးတက်ပြောင်းလဲမှုတွေဟာ အလွယ်တကူ ပြန်လည် ပျက်စီးသွားနိုင်တဲ့ အခြေအနေမှာပဲ ရှိနေပြီး ဒါတွေကို နောက်ပြန်လှည့်မသွားနိုင်အောင် အကာအကွယ်ပေးဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ အကူအညီတွေ လိုအပ်တယ်ဆိုတာ မစ္စစ်ကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ဦးစလုံးက သဘောတူခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိတစ်ဦးက RFA ကိုပြောပါတယ်။
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ တားမြစ်ထားတာတွေကို ပယ်ဖျက် လျော့ပေါ့ပေးလိုက်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။
RFA NEWS






0 comments:
Post a Comment