http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

18 May 2012

လက် ညှိုးေ ထာင် ယဉ်ကျေး မှု သည် မော်တော် ယာဉ် ဥ ပဒေ တွင် မ ရှိ

လက်ညှိုးထောင် ယဉ်ကျေးမှုသည် မော်တော် ယာဉ် ဥပဒေ တွင် မရှိမော်တော် ယာဉ် ဥပဒေ တွင် မရှိသော လက်ညှိုး ထောင်ခွင့် တောင်း၍ ကားကျော် တက်ဖြတ် ဝင်ခြင်း သည် ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေကြောင်း မထသ(ဗဟို)မှ သိရသည်။
မထသ(ဗဟို)မှ ဒု ဥက္ကဋ္ဌ ဦးလှ သောင်းမြင့်က ''အခုဆိုရင် ရန်ကုန် မှာ ကားလမ်းပိတ်တာနဲ့ လက်ညှိုး ထောင်ပြီး အတင်း ဖြတ်ဝင်တဲ့ ယာဉ်တွေ များလာတယ်။
တချို့ဆို ရင် နောက်ကကားကို လက်ညှိုး ထောင်ပြီး ယာဉ် လမ်းကြောင်း နှစ်ခု ကို ဆက်တိုက်ပြောင်း တာ တွေ့ရ တယ်။ အဲဒါဟာ အကျင့် တစ်ခုလို ဖြစ်နေ ကြပြီ''ဟု ဧပြီ ၉ ရက်တွင် ပြောသည်။
ယခုကဲ့သို့ လက်ညှိုးထောင် ပြီး ကျော် တက်ဖြတ်ဝင်သော ကားများမှာ အုတ်သယ်ကား ကြီးများ၊  ဘတ်စ်ယာဉ်များနှင့် တက္ကစီများ အများဆုံး ဖြစ်ကြောင်း၊ လက် ညှိုးထောင် ယဉ်ကျေးမှုသည် တရားဝင်ကဲ့သို့ ဖြစ်လာကြောင်း အဆိုပါ ပုဂ္ဂိုလ်က ထပ်လောင်း ပြောသည်။
မထသ(ဗဟို) ကော်မတီမှ ဥက္ကဋ္ဌ ဦးလှအောင်က ''ဒါတွေ အတွက် ဥပဒေမရှိဘူး။ ဒါပေမဲ့ တားမြစ်ရမယ်။ ဘတ်စ်ယာဉ်လုပ် သားတွေကို သင်တန်းပေးတဲ့အခါ ထည့်ပြီးဆွေးနွေးမယ်။ ပုဂ္ဂလိက ယာဉ်ကို မဆိုဘူး။ ပြီးရင်ယာဉ်ထိန်း တပ်ဖွဲ့နဲ့ အကြုံပြုဆွေးနွေးမယ်။ အဓိကတော့ အသိပညာပေးခြင်း တွေကိုလုပ်သွားမယ်''ဟုပြောသည်။
အဆိုပါကိစ္စရပ်များကြောင့် ယာဉ်မတော်တဆထိခိုက်မှုဖြစ်ပွား ခြင်း၊ ယာဉ်တစ်စီးနှင့်တစ်စီး ရိုင်းပြ စွာပြောဆိုခြင်းကြောင့် ခိုက်ရန် ဖြစ်ပွားခြင်းတို့သည် ဖြစ်ရိုးဖြစ်စဉ် တစ်ခုကဲ့သို့ မြင်တွေ့နေရကြောင်း ဘတ်စ်ကားနေ့စဉ်စီးနင်းသော ခရီး သည်များထံမှ သိရသည်။
ဗဟန်းမြို့နယ်မှ ကွန်ပျူတာ ပြုပြင်သူ ကိုစိုးသိန်းက ''ယာဉ် မောင်းတွေ၊ စပယ်ယာတွေ နောက် ကားကိုကျော်တက်ချင်လို့ လက်ညှိုး ထောင်တောင်း တာ နေ့စဉ် တွေ့နေ ရတာပဲ။ ဒါတွင် ဘယ်ကမလဲ ခရီး သည်အချို့ကို အကူအညီတောင်း ပြီးတော့ ခရီးသည်ကိုတောင် ခိုင်း လိုက်ကြသေးတယ်''ဟု ဧပြီ ၉ ရက်က ပြောသည်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif