http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

24 May 2012

မိုး ကြိုး ပစ် ၍ သေ ဆုံး သူ ကမ္ဘော ဒီး ယား တွင် ၅ဝ နီး ပါး ရှိ ပြီ


ကမ္ဘောဒီးယား နိုင်ငံတွင် ယခုနှစ် ငါးလတာ ကာလ အတွင်း မိုးကြိုးပစ် ခံရ၍ သေဆုံးသူ ၄၇ ဦး ရှိသွားပြီ ဖြစ်ပြီး ၄ဝ ကျော် ထိခိုက် ဒဏ်ရာ ရခဲ့သည်ဟု ကမ္ဘောဒီးယား အစိုးရ အရာရှိ တစ်ဦးက မေလ ၁၈ ရက်တွင် ပြောသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး အမျိုးသား ကော်မတီ၏ ပြောရေး ဆိုခွင့်ရှိသူ Keo Vy က ၂ဝ၁၂ ခုနှစ် အတွင်း မိုးကြိုးထိမှန်၍ သေဆုံးသူ ၄၇ ဦး ရှိပြီး ထိခိုက် ဒဏ်ရာရသူ ၄ဝ ကျော်ခန့် ရှိသွားပြီဟု ပြောသည်။
ထို့အပြင် ကျွဲ၊ နွား ၂၇ ကောင်လည်း မိုးကြိုး ထိမှန်၍ သေဆုံးခဲ့ရပြီး လူနေအိမ် သုံးလုံးမှာလည်း ပျက်စီးခဲ့ရသည်ဟု ဆိုသည်။
၂ဝ၁၁ ခုနှစ်တွင် ကမ္ဘောဒီးယား ၁၆၅ ဦး မိုးကြိုး ထိမှန်၍ သေဆုံးခဲ့ရပြီး ၁၃၉ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု သိရသည်။ ထို့အတူ ၂ဝဝ၉ ခုနှစ်တွင် ၁၄ဝ နှင့် ၂ဝ၁ဝ ပြည့်နှစ် တွင် ၁၄၄ ဦးမိုးကြိုး ပစ်ခံ၍ သေဆုံးခဲ့ရသည်။
ယခု အခြေအနေအတိုင်း ဆိုပါက ၂ဝ၁၂ခုနှစ်တွင် မိုးကြိုးထိမှန်၍ သေဆုံးရမည့် ဦးရေကလည်း များပြားလာနိုင်မည်ဟု သိရသည်။ Keo Vy ၏အဆိုအရ ကမ္ဘောဒီးယားရှိ ပြည်နယ် ၂၄ ခုတွင် အဓိကအားဖြင့် ပြည်နယ် ၁၅ ခု၌သာ မိုးကြိုး ပစ်ခတ်မှု ပုံမှန် ဖြစ်ပွားကြောင်း အဓိကအားဖြင့် Prey Veng, Kompong Chan နှင့် Pursat  ပြည်နယ်တို့တွင် ပစ်ခတ်မှု အများဆုံးဖြစ်သည်ဟု သိရ သည်။
ကမ္ဘောဒီးယားတွင် မေလမှ အောက်တိုဘာလ အထိ မိုးရာသီ ကာလများတွင် မိုးကြိုးပစ်ခတ်မှုများ ပုံမှန် ဖြစ်ပွားလျက်ရှိပြီး အသေ အပျောက်နှုန်းမှာ တစ်နှစ်ထက် တစ်နှစ် ပုံမှန်မြင့်တက်လျက် ရှိရာ ထို ဒေသများရှိ ပြည်သူ များမှာ နိစ္စဓူဝ အလုပ်ကိစ္စများ လုပ်ကိုင်ရန် ပင် ကြောက်ရွံ့နေကြလျက် ရှိသည်ဟု သိရသည်။ 
popularmyanmar.com/mpaper/archives/42983

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif