မြင့်မြတ်က ပြင်ဦးလွင်မှာ အိန္ဒြာကျော်ဇင်၊ သက်မွန်မြင့်၊ ဝိုင်းစုခိုင်သိန်းတို့နဲ့အတူ ဗီဒီယိုဇာတ်ကားတွေ ရိုက်နေပါတယ်။ ‘အချပ်ပို’ဆိုတဲ့ဇာတ်ကားမှာအိန္ဒြာကျော်ဇင် နဲ့အတူ သရုပ်ဆောင်နေတဲ့ မြင့်မြတ်ကို သျှောင်ထုံးနဲ့ ရှေးခေတ်ပုံစံတွေ့ရပြီးရှေးခေတ် ပုံစံသရုပ်ဆောင်ရတာမို့ ဒီလိုပုံစံဝတ် စားထားတာလို့ မြင့်မြတ်ကပြောပါတယ်။ လတ်တလောမှာတော့ ဂျိုက်သိုးကားကို ပရိသတ်ကြိုက်နှစ်သက်ပြီး မြင့်မြတ်ကော သူ့ထွက်ကားတွေထဲက ဘယ်ကားကို ကြိုက်လဲဆိုတော့’ကျွန်တော်လည်း ဂျိုက်သိုး ကြိုက်တယ်။ဟာသရော၊ဒရာမာပါပါတော့ အကြိုက်ဆုံးပါပဲ”လို့ ပြောပါတယ်။
မြင့်မြတ်က ပြင်ဦးလွင်မှာ ကားရိုက်ပြီးတာနဲ့ ရန်ကုန်ပြန်ပြီး မင်းသမီး ဒေဝီဆူးခက်တို့နဲ့ ရုင်ရှင်ကားကြီး တစ်ကားရိုက်မယ်လို့ သိရပါတယ်။ ဒေဝီဆူးခက် ပရိုဂျူဆာလုပ် တဲ့ ကားလို့လည်းသိရပါတယ်။ အဲဒီကားမှာတော့ ဒေဝီဆူးခက်က လုပ်ကွက်အများဆုံးရပြီး သူ့အနေနဲ့ကတော့ ကာရိုက်တာတစ်ခုရပြီး ကြိုက်တာကြောင့် ရိုက်တာ လို့ မြင့်မြတ်ကပြောပါတယ်။ မင်းသားတစ်ယောက်ဖြစ်ရတာ မြင့်မြတ်အတွက် လွယ်ကူရဲ့လားဆိုတဲ့အမေးကို ”ဘယ်လွယ်ကူပါ့မလဲ။ အသစ်တစ်ယောက်အနေနဲ့ အသစ် တစ်ယောက်ကြုံရတဲ့ အခက်အခဲတွေ၊ ဒုက္ခတွေ အများကြီးရင်ဆိုင်ပြီးတော့မှ ဒီလိုနေရာလေး တစ်နေရာရတာပါ။ ကျွန်တော်တစ်ယောက် တည်းရယ်မှမဟုတ်ပါဘူး။ အခု ကြိုးစားနေတဲ့ အသစ်တွေလည်း ကိုယ်တိုင်ကြုံတွေ့နေရတယ်။လက်ရှိအောင်မြင်နေတဲ့စီနီယာတွေ အကုန်လည်း ဒီဒုက္ခတွေကို ကျော်ဖြတ်ခဲ့ရတာပါ”လို့ ပြောပါတယ်။
မြင့်မြတ်က လတ်တလောမှာ ထုတ်လုပ်ရေး ၃ခုအတွက် ဇာတ်ကားတွေ ရိုက်ကူးပေးနေပြီး ၁ဝ လပိုင်းလောက်မှာ နောက်ထပ် ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ကူးဦးမယ် လို့ သိရပါတယ်။ ဗီဒီယိုဈေးကွက် အခြေအနေမကောင်းဘူး ပြောပေမယ့် မြင့်မြတ်ကားရိုက်မကျဲရတာနဲ့ ပတ်သက်ပြီး ဗီဒီယိုဈေးကွက် အခြေအနေ မကောင်းဘူးဆိုတာ အမှန်တရားပါပဲ။ ပရိုဂျူဆာတွေလည်း အမြတ်နည်းနည်းနဲ့ လုပ်နေကြတာပါ။ ကျွန်တော်တို့ ကိုယ်တိုင်ရော၊ မင်းသမီးတွေရော အနုပညာကြေးကို လျှော့ပြီးတော့ ဒီလို အလုပ်ကို မပြတ်အောင် အားလုံးလုပ်နေကြတာပါ။ အခြေအနေကောင်းလွန်းလို့ကားတွေ မပြတ်ရိုက်ပြီး အလုပ်လုပ်နေကြတာ မဟုတ်ပါဘူး”လို့ ပြောပြီးမြင့်မြတ်က ၇ လ ပိုင်းလောက်မှာ စင်ကာပူကို Actor Star အဖွဲ့သားတွေနဲ့ ဘောလုံးသွားကန်ဖို့ရှိတယ်လို့လည်း ပြောပြခဲ့ပါတယ်။

popularmyanmar.com/mpaper/archives/42270
0 comments:
Post a Comment