http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

25 May 2012

သီ ဟ သူ ရ ဦး တင်အောင်မြင့် ဦး ရာ ထူး ၌ ရှိနေ ဆဲ ဟု သမ္မ တ အ ကြံေ ပးပြော ကြား

ရန်ကုန်၊ မေ ၂၄

နိုင်ငံတော် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ တရားဝင်ရာထူး၌ ရှိနေဆဲဖြစ်ကြောင်း နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က ယနေ့ မေလ ၂၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

၃ရက်နေ့က ထွက်လာတဲ့ အမိန့်အရ ဒုသမ္မတကြီး ငြိမ်းချမ်းရေးအဖွဲ့ထဲမှာ ပါနေတယ်ဆိုလို့ရှိရင် သူသည် တရားဝင် position အရ ဒုတိယသမ္မတကြီးက ရှိနေတုန်းပဲ ဆိုတာ ကြေငြာချက်အရ ရှင်းနေပါပြီ" ဟုပြောကြားခဲ့သည်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ဒုတိယ သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးသည် မေလ ၃ ရက်နေ့တွင် ရာထူးမှ နှုတ်ထွက်စာ တင်သွင်းခဲ့သည်ဟု VOA မြန်မာပိုင်း အစီအစဉ်၏ ထုတ်လွှင့်ချက်ကို ကိုးကား၍ ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခင် စစ်အစိုးရ လက်ထက်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး (၁) အဖြစ် ထမ်းဆောင်ခဲ့သူ အသက် ၆၁ နှစ်အရွယ်ရှိ ဒုတိယသမ္မတသည် စင်ကာပူနိုင်ငံတွင် ဆေးကုသမှု ခံယူရာမှ ပြန်လာပြီးနောက် ကျန်းမာရေးကြောင့် နှုတ်ထွက်စာ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့ရှိ အစိုးရအဖွဲနှင့် နီးစပ်သူ အချို့ထံမှ သိရသော သတင်းများအရ ဒုသမ္မတ နှုတ်ထွက်စာ တင်သည့် သတင်းမှာ မှန်ကန်ကြောင်းနှင့် သမ္မတ ဦးသိန်းစိန်က ဒုသမ္မတ နှုတ်ထွက်မှုကို လက်ခံခြင်း မရှိသေးဟု သိရှိရသည်။

ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် စစ်တက္ကသိုလ် အပတ်စဉ် ၁၂ ကျောင်းဆင်း ဖြစ်ပြီး ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မိုင်းယန်းတိုက်ပွဲ၌ ဗကပများအား ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သဖြင့် သီဟသူရဘွဲ့ ရှိခဲ့ပြီးနောက် အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်တွင် ဗျူဟာမှူးနှင့် ဒုတိယ တပ်မမှူး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင်နှင့် အတွင်းရေးမှူး (၁) ရာထူးများအား အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ကိုယ်စားပြု၍ နေပြည်တော် ပုဗ္ဗသီရိ မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကြီးကြပ်မှုဖြင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက သမ္မတလောင်းအဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရသူ ဖြစ်သည်။
  www.thithtoolwin.com/2012/05/blog-post_4769.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif