http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

25 May 2012

တ ရုတ်နှ င့် ဖိ လစ် ပိုင် ပိုင် နက် အငြင်း ပွား မှု စစ်ဖြင့် ဖြေ ရှင်းတော့ မည် လား

    တောင်တရုတ် ပင်လယ် အတွင်း၌ တရုတ်နှင့် ဖိလစ်ပိုင် ရေတပ်သင်္ဘော များ ထိပ်တိုက် ရင်ဆိုင်မှုပြုပြီး ရန် စောင်နေကြသည်မှာ တစ်လပြည့် သွားပြီ ဖြစ်သည်။
မကြာမီကပင် တောင်တရုတ် ပင်လယ်ပြင်၌ အငြင်းပွား ထိပ်တိုက် ရင်ဆိုင်မှုများသည် ယခုအခါ အခြေအနေ ပို၍ ဆိုးရွားလာနေပြီး တရုတ်  နိုင်ငံ အနေဖြင့် ဖြစ်ပေါ် လာမည့် ကိစ္စရပ်များအား ရင်ဆိုင် ဖြေရှင်းသွားရန် အတွက် လိုအပ်သည်များကို အသင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း မေလ ၁ဝ ရက်က ဖိလစ်ပိုင်နိုင်ငံသို့ သတိ ပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။
တရုတ်နှင့် ဖိလစ်ပိုင်တို့သည်  တောင်တရုတ် ပင်လယ်တွင် တည်ရှိ ပြီး ဖိလစ်ပိုင်နိုင်ငံမှ မိုင် ၂ဝဝ ခန့် ကွာဝေးသော စကာဘရော့ (The Scarboroush Shoal) ကျွန်းစု ပိုင်ဆိုင်ခြင်း အတွက် အငြင်းပွားနေကြ ရခြင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံကမူ အဆိုပါ ကျွန်းစုသည် ၄င်းတို့နိုင်ငံ၏ မိုင် ၂ဝဝ စီးပွားရေးဇုန်နယ် သတ်မှတ်ချက် ထားသော ရေပြင် အတွင်း တည်ရှိနေကြောင်း ပြောကြားထားသည်။
တရုတ်တို့ကလည်း တရုတ် အမည် ဟောင်ယန်းကျွန်းစုမှာ ၄င်း တို့ ပိုင်ဆိုင်ကြောင်း တောင်းဆိုထားကြခြင်း ဖြစ်သည်။တရုတ် Dragon ရုပ်မြင်သံကြား အသံလွှင့် ဌာနမှ သတင်းထောက် ဇောင်းဖန်းသည် တောင်တရုတ် ပင်လယ်ရှိ ဟောင် ယန်းကျွန်းပေါ်တွင် တရုတ်အလံ စိုက်ထူနေပုံကို ရုပ်မြင်သံကြားက ထုတ်လွှင့် ပြသခဲ့သည်။ သတင်း ထောက်ဖြစ်သူက တရုတ်နှင့် ဖိလစ်ပိုင်တို့ သူပိုင် ကိုယ်ပိုင် နှစ်ကြာရှည်စွာ အငြင်းပွားနေသည့် သမိုင်းဖြစ်ရပ်များကို ရှင်းလင်းပြခဲ့သည်။ အငြင်း ပွားနေသည့် ကျွန်းစုမှာ စကာဘရော့ ကျွန်းဖြစ်သည်။ ဖိလစ်ပိုင် တို့က ထို ကျွန်းကို ‘ပါနာဇဘက်ကျွန်း’ ဟု ခေါ် ကြသော်လည်း တရုတ် အခေါ်က ဟောင်ယန်းကျွန်း ဖြစ်သည်။
တောင်တရုတ် ပင်လယ် အတွင်း နယ်မြေဆိုင်ရာ ပြိုင်ဆိုင်မှုသည် ရေနံ ကြွယ်ဝသောဒေသဟု သတ်မှတ် ခံထားရသည့် ထိုဒေသ အတွင်း တရုတ်တို့ အင်အား လာပြခြင်းကို လျော့ကျ သွားစေရန် ဖိလစ်ပိုင်တို့ ကြိုးစားရင်း ထိုကျွန်းစုများအား မိမိတို့ ပိုင်ဆိုင်ကြောင်း တောင်းဆိုမှု  အရှိန် ပိုမိုမြင့်မားလာခဲ့ရသည်။
တရုတ်နှင့် ဖိလစ်ပိုင်တို့၏  တင်းမာမှုမှာ ၂ဝ၁၂ ဧပြီ ၈ ရက်နေ့ က စတင်ခဲ့သည်။ တရုတ်ငါးဖမ်း သင်္ဘောများ ငါးဖမ်းခြင်းကို ဖိလစ်ပိုင် ရေတပ်မှ တားမြစ်ခြင်းက ကမ်း လွန် ပင်လယ်ပြင်တွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်နှင့် ဖိလစ်ပိုင် ရေတပ်တို့ ထိပ်တိုက်တိုးခဲ့ကြရတော့ သည်။
ဖိလစ်ပိုင်နှင့် အမေရိကန် ဆက်နွှယ်ပတ်သက်မှု
မကြာသေးမီ ရက်များက အမေရိကန်နှင့် ဖိလစ်ပိုင် အရာရှိကြီး များတွေ့ဆုံ ညှိနှိုင်းခဲ့ကြပြီး နှစ်နိုင်ငံ အကြား အပြန်အလှန် ကာကွယ် စောင့်ရှောက်ပေးရန် ကတိပြု ထား ချက်ကို ထပ်လောင်း၍ အသိအမှတ် ပြုခဲ့ကြသည်ဟု Harald Triburne သတင်းစာကြီးက ဖော်ပြခဲ့သည်။
အမေရိကန်နှင့် ဖိလစ်ပိုင်နှစ် နိုင်ငံထိပ်ပိုင်း အရာရှိကြီးများ ဝါရှင်တန်တွင် တွေ့ဆုံခဲ့ကြပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စကလင်တန် က တောင်တရုတ် ပင်လယ်ဒေသ အတွင်း အငြင်းပွားမှု၌ စစ်ရေးအင်အားသုံး ဖြေရှင်းမှု (သို့) ခြိမ်းခြောက် ပြောဆိုမှုများကို လက်ခံနိုင်မည် မဟုတ်ကြောင်း တရုတ်အား သတိပေး ပြော ဆိုခဲ့သည်။
အမေရိကန် ပြည်ထောင်စုသည် အရှေ့ ပစိဖိတ်ဒေသ မဟာမိတ်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နှင့် အမြဲထိတွေ့နေပြီး ၄င်းတို့သည် ဖိလစ်ပိုင်ဘက် မှအမြဲ ရပ်တည် နေပါသည်ဟု မစ္စ ကလင်တန်က ထပ်လောင်းပြောဆိုခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး နှင့် ကာကွယ်ရေး ဝန်ကြီးတို့သည် ဝါရှင်တန်၌ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မစ္စကလင်တန်၊ ကာကွယ်ရေး ဝန်ကြီး လီယွန်ပန် နက်တာတို့ နှင့် နှစ်နိုင်ငံကြား စစ်ရေး၊ စီးပွားရေး စသည်တို့ တိုးမြှင့်ဆောင်ရွက်ရေး ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပြီး ဖြစ်သည်။ သို့သော် အသေးစိတ် ထုတ်ပြန် ကြေညာခြင်း မပြုကြပေ။
ဝါရှင်တန် အစည်းအဝေးတွင် ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးက ယခု ကဲ့သို့ တရုတ်နှင့် ထိပ်တိုက်ရင်ဆိုင် နေသော တင်းမာမှုကို အာဆီယံ အဖွဲ့အနေဖြင့် ကြားမှ ဝင်ရောက် ဖြေ ရှင်းပေးရန် အကူအညီ တောင်း ထားကြောင်း ပြောကြားခဲ့သည်။
စကာဘရော့ကျွန်း၌ ဖိလစ်ပိုင် ကင်းလှည့်စစ် ရေယာဉ်များကို တရုတ်ရေတပ် သင်္ဘောများက တိုက်ခိုက်ခဲ့လျှင် အမေရိကန်ရေတပ် သင်္ဘော များသည် ဖိလစ်ပိုင်ရေ တပ် ကို အကူအညီပေးရန် လာရောက် ကြမည်လား” ဟု သတင်းထောက် တစ်ဦးက သတင်းစာ ရှင်းလင်းပွဲတွင် မေးခွန်းထုတ်ခဲ့သည်။ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးက အမေရိကန် နှင့် ဖိလစ်ပိုင် အကြား နှစ်နိုင်ငံ အပြန် အလှန် ကာကွယ်ပေးရေး သဘောတူ စာချုပ်ရှိကြောင်း၊ အမေရိကန် ပြည်ထောင်စုသည် ဖိလစ်ပိုင်နိုင်ငံ ကို အကာအကွယ် ပေးမည်ဖြစ် ကြောင်း  ပြန်လည်ပြောပြခဲ့သည်။
အမေရိကန် သမ္မတ အိုဘားမားက အာရှပစိဖိတ် ဒေသကို အမေရိကန် ပြည်ထောင်စုတွင် မဟာဗျူဟာမြောက် ဗဟိုချက်မဒေသ တစ်ခု အဖြစ် သတ်မှတ်ထားသည့် အတွက် အာရှ ပစိဖိတ်ဒေသ၏ မဟာမိတ် များနှင့် စစ်ရေး စီးပွားရေး တိုးမြှင့် ဆောင်ရွက်လျက် ရှိသည်။
အမေရိကန်သည် ဖိလစ်ပိုင်နှင့် စစ်ရေးပူးတွဲ မြှင့်တင်ဆောင်ရွက်မှု ကို ပြုလုပ်နေခြင်းသည် ၄င်းတို့၏ နည်းဗျူဟာ တစ်ရပ် ဖြစ်သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ တွင် မနီလာမြို့တော်သို့ နိုင်ငံခြားရေး ဝန်ကြီး မစ္စကလင်တန် ရောက်ရှိလာပြီး အမေရိကန် ပြည်ထောင်စုသည် ဖိလစ်ပိုင်နိုင်ငံ အတွက်  ဆက်လက် ထောက်ခံနေမည်ဟု စစ်သင်္ဘော ကြီးတစ်စင်း၏ ကုန်းပတ်ပေါ်မှ မိန့်ခွန်း ပြောကြား ထုတ်ဖော်ခဲ့သည်။
တရုတ်နှင့် ဖိလစ်ပိုင်တို့ ရန်စောင်မှု တင်းမာလာ
ပြီးခဲ့သည့်လ ဧပြီ ၈ နေ့မှ  ယခုအထိ ဖိလစ်ပိုင်နှင့် တရုတ်ရေ တပ်သင်္ဘောများသည် စကာဘရော့ (The Scarborough Shoal) ကျွန်းတစ်ဝိုက် တွင် ထိပ်တိုက်ရင် ဆိုင် ရန်စောင်နေကြပြီး ဖိလစ်ပိုင်တို့ ကလည်း တရုတ် ရေတပ်သင်္ဘော များ ၄င်းနေရာမှ ထွက်ခွာ သွားကြရန် တောင်းဆိုနေကြသည်။ တရုတ် တို့ ကလည်း ၄င်းနေရာမှ ဖိလစ်ပိုင်ရေ တပ်သင်္ဘောများ အမြန်ထွက်ခွာ သွားကြရန် နိုင်ငံခြားရေး ဝန်ကြီး ဌာနက သတိပေးနေသည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဖူရင်းက ဖိလစ်ပိုင် ကောင်စစ်ဝန်အား တတိယ အကြိမ်ဆင့်ခေါ်လျက် လို အပ်လျှင် တရုတ်တို့ အနေဖြင့် စစ် ရေးဖြင့် တိုက်ခိုက်သွားရန် အသင့် ရှိနေသည်ဟု ခြိမ်းခြောက် ပြောဆို လိုက်သည်။ ထိပ်ဆိုက် ရင်ဆိုင်မှုမှာ ယနေ့တိုင် အဆုံးမသတ်သေးချေ။
စကာဘရော့ ကျောက်တန်း ကျွန်းများသည် ဖိလစ်ပိုင် အပိုင် လူဇုန်၏ အနောက်ဘက် ၁၃၅ မိုင် အကွာတွင် ရှိနေသည်။ အငြင်းပွား နေကြသော ကျွန်းစု တစ်ဝိုက်တွင် တရုတ်ကင်းလှည့် သင်္ဘောများသည် နိုင်လိုမင်းထက် အပြုအမူများ ပြု လုပ်နေပြီး စစ်ရေးအင်အားပြ လုပ်ဆောင်မှုကို ခံနေရကြောင်း ဖိလစ် ပိုင် အစိုးရက စွပ်စွဲခဲ့သည်။
ဖိလစ်ပိုင် ပါလီမန် အမတ်များ က ဖိလစ်ပိုင် နိုင်ငံ အနေနှင့်  တိုက် ခိုက်ရန် အတွက် တိုက်ကွင်းများ အသင့် ပြုလုပ်ထားရန် လွှတ်တော် ထဲတွင် တောင်းဆိုခဲ့ကြသည်။
ယခု အပတ်တွင်းမှာ တရုတ် နိုင်ငံ၏ လွတ်မြောက်ရေး တပ်မတော် PLA နှင့် တောင်တရုတ် ပင်လယ်ရေ တပ်မတော် စစ်သင်္ဘော အုပ်စုတို့က ထိပ်တန်း အဆင့် အချက် ပေးထားပြီး တိုက်ပွဲဝင်ရန် အသင့် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော မေလ ၁ဝ ရက်နေ့ထုတ် တရုတ်နေ့စဉ် သတင်းစာ (China Daily) က”ဖိလစ်ပိုင်တို့ အနေဖြင့် ဒုက္ခဖန်တီးမှုနှင့် မဖြစ်နိုင်သော တောင်းဆိုမှုကို ရပ်တန့်သင့်ကြောင်း၊ ထို့ပြင် မိမိတို့အနေဖြင့် နယ်မြေနှင့် ရေပြင် ပိုင်ဆိုင်မှုအပေါ်တွင် အလေးအနက် ထားမှုအပေါ် ၄င်းတို့က သင်ခန်း စာပေးလိမ့်မည်” ဟု ဖော်ပြ ထားခဲ့သည်။
တရုတ် တို့ကလည်း ၄င်းနေရာ ဒေသသည် မည်မျှပင် ဝေးကွာသော်လည်း အစဉ်အဆက် ပိုင်ဆိုင်လာခဲ့သော နယ်မြေဖြစ်ကြောင်းလည်း  အခိုင်အမာ ပြောဆိုလာကြ ပြီး ဖိလစ်ပိုင်တို့ အနေဖြင့် ပြည်သူများကပါ လမ်းပေါ်ထွက် ဆန္ဒပြလာသည် အထိ အုံကြွလာပြီး ဖြေရှင်းရန် ကြိုးစားနေသည့် ဖြစ်ရပ်များကြား က စစ်ပွဲပြင်ဆင်မှု အသွင် ရှိလာ နေပေပြီ။ နိုင်ငံရေး အကဲခတ်များက နှစ်နိုင်ငံလုံးက နောက်မဆုတ်ကြ လျှင် သွေးထွက် သံယိုမှုများဖြင့် စစ်ပွဲတစ်ခု ရင်ဆိုင် လာရမည်ဟု သုံးသပ်နေကြသည်။ 
popularmyanmar.com/mpaper/archives/43011

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif