http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

11 May 2012

အနု ပ ညာ သည် ဘ ဝ ကို အ ရမ်းမြတ်နိုး တယ် ချစ် သုေ ဝ

အနုပညာသည် ဘဝကို အရမ်းမြတ်နိုးတယ် ချစ်သုဝေသရုပ်ဆောင် ဘက်မှာရော အဆိုတော် ဘက်မှာပါ ထူးချွန်တဲ့ ချစ်သုဝေကို အောင်မြင်မှု ဆိုတာ ရေရှည် တည်တံ့လား ဆိုတဲ့ အမေးကို မေးကြည့်တဲ့ အခါ အဲဒါက လက်ခံတဲ့ သူအပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ့်ရဲ့ အောင်မြင်မှုက ဘာလဲ၊ အောင်မြင်ကျော်ကြားမှု အပေါ်မှာ မူတည်တာလား၊ ငွေ ကြေး အပေါ် မူတည်တာလား ဆိုတာ ရှိသေးတယ်။
ရေရှည်တည်တံ့ ဖို့ မတည်တံ့ဖို့ဆိုတာက ခံယူတဲ့ အပေါ်မှာပဲ မူတည်တယ်။ ဘဝမှာ အဆိုးအကောင်း၊ အနိမ့်အမြင့်ဆို တာ လူတိုင်းကြုံရတာပဲလေ။ ကိုယ် ဆိုလည်း အောင်မြင်မှုက စိတ်ချမ်း သာမှုပဲဆိုတာ စိတ်ညစ်တဲ့ အချန် မှာ မအောင်မြင်ဘူး။ ကိုယ်ကစိတ် ချမ်းသာပြီးလုပ်ချင်တာလုပ်နေရင် အောင်မြင်တယ် တစ်နေရတည်း မှာ မရှိဘဲ ကျလိုက်တက်လိုက်ဖြစ် နေတာပဲ။
လူတွေက များသော အားဖြင့် ကျော်ကြားမှုနဲ့ အောင်မြင် မှုကို မှားတတ် ကြတယ်။ ကျော် ကြားမှုက ရေရှည်မတည်တံ့ဘူး ဆိုတာ မှန်ပါတယ်။ ထရီဇာ ရပ်တည် နေတဲ့ Professional နှစ်ခုစလုံးက အရမ်းကို ခက်ခဲ ပါတယ်။
အနုပညာသမား ဆိုတာ ကလည်း ကိုယ့် ဘဝကိုယ်မပိုင်ဘူး။ စိတ်နှစ်ထား ရတယ်။ အထူးကုဆရာဝန်မကြီး ဆိုလည်း စာတွေ အများကြီးကျက် ရမယ်။ အချိန်တွေ လည်း အများ ကြီးကုန်မယ်။ အဲဒီလိုဆိုရင် အနု ပညာအလုပ်တွေကိုလည်း လုပ်နိုင် လိမ့်မယ်မထင်ဘူး။
အနုပညာ အ လုပ်တွေလုပ်ရတာကတော့ ပျော် လည်းပျော်တယ်။ Stress လည်း သိပ်မရှိဘူး။ သမာအာဇီဝ ဝင်ငွေ နဲ့ မိဘတွေကိုလည်းလုပ်ကျွေးနိုင် တယ်။ ပရဟိတလုပ်ငန်းတွေလည်း လုပ်လို့ရတယ်။ ကူညီချင်တဲ့ သူတွေ ကိုလည်း ကူညီလို့ရတယ်။ အဲဒါ ကြောင့် အနုပညာသည်ဘဝကို အရမ်းမြတ်နိုးတယ်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif