အိန္ဒိယပုံစံမျိုးလား
အိန္ဒိယကိုလာပြီးတဲ့ နောက်မှာ အိန္ဒိယပုံစံအကြောင်းပြောရမှာ အားနာပါတယ်။ (ရယ်သံများ)ကျွန်တော်တို့ဟာ အိန္ဒိယပုံစံ သို့မဟုတ် တခြားဘယ်ပုံစံကိုမဆို တောင်းဆိုဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘာကို လိုချင်သလဲဆိုတာ ပြောပြဖို့ သက် သက်သာဖြစ်ပါတယ်။
ဗြိတိသျှတပ်တွေ မြန်မာပြည်က ဆုတ်ခွာပေးဖို့ လန်ဒန်မှာ ခင်ဗျားတောင်းဆိုမှာလား။
ဒီလို တောင်းဆိုမယ်လို့ ကျွန်တော်မထင်မိပါဘူး။ မြန်မာပြည် မှာရှိတဲ့ ဗြိတိသျှတပ်အများစုဟာ ဘယ်နည်းနဲ့ဖြစ်ဖြစ် အိန္ဒိယကို ရောက်လာရမှာပါပဲ။ (ရယ်သံများ) နိုင်ငံခြားတပ်တွေ အားလုံးရုပ်သိမ်းဖို့ ကျွန်တော်တို့ တောင်းဆိုပြီးသားပါ။ ဒီမှာ ပန်ဒစ်နေရူးနဲ့ရော စစ်ဦးစီးချုပ်နဲ့ပါ အိန္ဒိယတပ်တွေ ဆုတ်ခွာပေးဖို့အကြောင်း ပြောပြီး သားပါ။
ခင်ဗျားရန်ကုန်ကမထွက်ခင်တုန်းက ခင်ဗျားရဲ့ တောင်းဆိုချက်တွေ ကျေနပ်လောက်အောင်မရဘူးဆိုရင် လွတ်လပ်ရေးအတွက် နောက်ထပ်တိုက်ပွဲ တစ်ခု ဆင်နွှဲရလိမ့်မယ်လို့ ရည်ညွှန်းပြောဆိုခဲ့တယ်။ ခင်ဗျားက အကြမ်းမဖက်တဲ့နည်း ဒါမှမဟုတ် အကြမ်းဖက်တဲ့နည်း ဒါမှမဟုတ် နှစ်ခုစလုံးကို သုံးဖို့ စဉ်းစားထားပါသလား။
ကျွန်တော်တို့မှာ ဘာကိုမဆိုလုပ်ဖို့ အကန့်အသတ်အချုပ်အချယ်မရှိပါဘူး (ရယ်သံများ) နောက်မေးခွန်းတစ်ခုကို ဖြေဆိုရာ၌ ဦးအောင်ဆန်းက အမှုဆောင်ကောင်စီ အဖွဲ့ဝင်များ၏ အနေအထားသည် အလွန်မှပင် ရယ်စရာကောင်းသည်ဟု ပြောကြားခဲ့ပါသည်။ သူသည် ဘုရင်ခံ၏ ကာကွယ်ရေး အတိုင်ပင်ခံဖြစ်သော်လည်း သူ ကိုယ်တိုင် လက်နက်ကိုင် တပ်များကို ကိုင်တွယ်ထိန်းချုပ်နိုင်ခြင်း မရှိပါ။ တပ်ဖွဲ့များအားလုံး စစ်သေနာပတိချုပ် မြေပြင်မဟာ မိတ်တပ်ပေါင်းစု၊ တောင်အရှေ့အာရှ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိပါသည်။ထိုနည်းတူစွာပင် သူသည် ပြည်ပရေးရာဌာန၏ အကြီးအကဲတစ်ဦးဖြစ်ပါသည်။ သို့ရာတွင် ယင်းဌာနမှာလည်း လန်ဒန်ရှိ မြန်မာ ရုံးအဖွဲ့၏ချုပ်ကိုင်မှု လက်အောက်တွင်သာရှိပါသည်။
ဒါဟာ ဖွဲ့စည်းပုံအရ ဖြစ်ပါလိမ့်မယ်။ သို့သော် ခင်ဗျားပေးတဲ့ အကြံဥာဏ်တွေကိုရော ပယ်ချခံရတာရှိခဲ့ပါသလား။
မရှိပါဘူး။ ကျွန်တော်ကလည်း ဘာအကြံဥာဏ်မှ မပေးခဲ့ပါဘူး။ (ရယ်သံများ) နယ်ခြားဒေသရှိ လူမျိုးများနှင့် ပတ်သက်၍ ကျွန်တော်တို့၏ ပေါ်လစီမှာ ကိုယ်ပိုင် အုပ်ချုပ်ရေးအပြည့်အဝဖြင့် ကျွန်တော်တို့နှင့် ပူးပေါင်းရေးကို ရွေးချယ်စရာတစ်ခုအနေနှင့် ကမ်းလှမ်းထားပါတယ်။ ကျွန်တော်သည် နယ်ခြားဒေသရှိ အရပ်ဒေသ အချို့သို့ ရောက်ခဲ့ပါသည်။ ခေါင်းဆောင်အချို့နှင့်လည်း တွေ့ခဲ့ပါသည်။ နယ်စပ်ရှိလူများက ဗြိတိသျှအစိုးရအား သစ္စာရှိနေသည်ဟု ဝါဒဖြန့်ထားမှုမှာ မှန်ကန်မှုမရှိပါ ဟု ကျွန်တော်ပြောနိုင်ပါသည်။ အကယ်၍ မြန်မာပြည်၏လွတ်လပ်ရေးအတွက် တိုက်ပွဲရှိခဲ့သော် ကျွန်တော်အံ့သြမိမည်မဟုတ်ပါ။ တစ်တိုင်းပြည်လုံးရှိ ပြည်သူများ ကြားတွင် ပြင်းပြင်းထန် ထန် နိုးကြားထကြွမှုရှိလာလျှင် လည်း အံ့သြမိမည်မဟုတ်ပါ။
ခင်ဗျားရဲ့ ကိုယ်စားလှယ် အဖွဲ့ဟာခင်ဗျားလိုချင်တဲ့အောင် မြင်မှုမျိုးဖြစ်လာချင်မှဖြစ်လာမယ် လို့သဘောပေါက်ထားပါသလား။
ကျွန်တော်ဟာ အကောင်းဆုံး မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားပါတယ်။
(ဒေါက်တာမောင်မောင်၏ Aung San of Burma (Myanmar) စာအုပ်၊ အခန်း ၃၊ အမှတ် ၅ We Want Complete Independence ကို ပြန်ဆိုပါသည်။)

popularmyanmar.com/mpaper/archives/24634

0 comments:
Post a Comment