http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

9 May 2012

DKBA နယ်ထဲ သွားမယ့်သူတွေကို ထိုင်း သတိပေး





DKBA ခေါင်းဆောင်များ

ထိုင်း မူးယစ်ဆေး ထိန်းချုပ်ရေး ဘုတ် အဖွဲ့ (ONCB) အကြီးအကဲနဲ့ DKBA ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွေး တို့ အကြား မကြာသေးခင် ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး နှစ်ဘက်

တင်းမာမှု ဖြစ်ပွားနေချိန်မှာ DKBA က မနက်ဖြန် သတင်းစာ ရှင်းလင်းပွဲ ကျင်းပပါတော့မယ်။

သတင်းစာ ရှင်းလင်းပွဲကို သွားဖို့ ပြင်နေတဲ့ ထိုင်း သတင်းထောက်တွေကို ထိုင်းအာဏာပိုင်တွေက ဒီလို သတိပေးထားပါတယ်။

“အခြေအနေကတော့ အားလုံး ပုံမှန်ပဲ၊ ဒါပေမယ့် သတင်း သွားယူတဲ့ သတင်းထောက်တွေ ကိုယ့်ကိုကိုယ် တာဝန်ယူပါ၊ ထိုင်းက ထိန်းချုပ်ထားတဲ့ နယ်မြေ အပြင်ဘက်ကို ရောက်သွားပြီ”

ထိုင်းစစ်တပ်ကလည်း နယ်စပ်တွေမှာ လုံခြုံရေး တင်းကျပ်ထားပါတယ်။

မြန်မာ ပြည်တွင်းက သတင်းထောက်တွေကတော့ အဲဒီ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ဖို့ အခုဆိုရင် DKBA ထိန်းချုပ်ထားတဲ့ ဆုံဆည်းမြိုင် ဒေသကို မြ၀တီကနေ တဆင့် သွားနေ ကြတယ်လို့ သိထားပါတယ်။ ပြည်တွင်းက သတင်းထောက် အယောက် ၄၀ ကျော်လောက် လာတယ်လို့ သတင်းရထားပါတယ်။

ဧပြီလ ၂၀ ရက်နေ့က ONCB က ဗိုလ်နှုတ်ခမ်းမွေးကို မူးယစ်ဆေးဝါးနှင့် ပတ်သက်နေတဲ့ အတွက် ဖမ်းဆီးနိုင်ဖို့ ဆုငွေ ထိုင်း ဘတ် ၁ သန်း (ဒေါ်လာ ၃,၂၀၀၀ ခန့်) ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်း တင်းမာတဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး DKBA အဖွဲ့က လုပ်မယ့် သတင်းစာ ရှင်းလင်းပွဲ ဖြစ်ပါတယ်။

ညွှန်း - http://manager.co.th/Local/ViewNews.aspx?NewsID=9550000057041  
 www.irrawaddyblog.com/2012/05/dkba_09.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif