http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

28 May 2012

မျက် လှည့် VCD ထွက် ရင် Original ခွေ ကို အားေ ပးစေ လို ဟု ပြော လာ သည့် ဝိုင်း စု ခိုင်သိန်း

မျက်လှည့် VCD ထွက်ရင် Original ခွေကို အားပေးစေလိုဟု ပြောလာသည့် ဝိုင်းစုခိုင်သိန်းဝိုင်းစု ခု ဝ,လာတယ် နော်။ သရုပ်ဆောင် တစ်ယောက် အနေနဲ့ ခန္ဓာကိုယ် ဘယ်လို ထိန်းသိမ်းမလဲ။
ဘယ်သူမှတော့ ပုံပျက် ပန်းပျက် ဖြစ်အောင်မထားဘူး။ ကိုယ့်ဘာသာ ကိုယ် အတတ်နိုင်ဆုံး ထိန်းကြတာပဲ။ ဝ,လာတယ်ဆိုပေမယ့် ပုံပျက် ပန်းပျက် ဖြစ်အောင်တော့ မနေဘူး။ ဝ,တယ်ဆိုတာကလည်း အရမ်းဝ,တာ မဟုတ်ဘူး။ သူများတွေ အနေတော် ဝိတ်ချသလောက်ပဲ ရှိတယ်။ အရင်တုန်းက အရမ်းစား တယ်။ အခုကျတော့ ၂၅ ကျော်ရင် ထိန်းလို့ပြောကြတယ်။ အဲဒါ ဝိုင်းစုက မသိဘူး။ တော်တော်ဝ,တဲ့ လူတစ်ယောက်စားသလို စားတာ။ အခုတော့ ပြည့်တယ်ဆိုရုံလောက်ပဲ၊ အစားလျှော့ လိုက်ရင်တော့ အဆင်ပြေမယ်ထင်တယ်။
မီဒီယာတွေအပေါ်မှာ ဝိုင်းစုရဲ့အမြင်လေး။
မီဒီယာသမားတွေက ဝိုင်းစုတို့ အနုပညာ သမားတွေအတွက် လိုအပ်တယ်။ အနုပညာသမားတွေ အတွက် အထောက်အကူပဲပေါ့။ ပြောချင်တာကတော့ အနုပညာအကြေင်းပဲမေးစေချင်တယ်။ တစ်ခါတလကျရင် မှားပြီးထည့်တာတွေ ဖြစ်ချင်ဖြစ်မယ်။ ပြောရင်ပြောတဲ့ အတိုင်းထည့်စေချင်တယ်။ မီဒီယာတွေပေါ်က ချ ပြလိုက်တဲ့စာသားတစ်ခုက ပရိသတ်ထဲကို အ နည်းအများတော့ ရောက်တယ်။ မှားသွား လည်းခံရတယ်။ မှန်လည်းခံရတယ်။ မီဒီယာကအရမ်းကို အရေးကြီးပါ တယ်။ ဝိုင်းစုတို့ အားကိုးရာ လည်းဖြစ်တယ်။ တစ်ခါတ လေချွတ်ချော်သွားရင် ဝိုင်း စုတို့ပဲ ခံရတယ်။
နောက်တက်လာတဲ့ ဂျူ နီယာတွေအပေါ် ဝိုင်းစု ရဲ့အမြင်နဲ့ စီနီယာတွေ အပေါ်ထားတဲ့ အမြင်တွေ ကရော။
ကောင်းပါတယ်။ အား လုံးက ကြိုးစားကြတယ်။ Respect လည်း ရှိကြပါတယ်။ သူ့ဟာနဲ့သူ တချို့ တွေကတော့ ဖော်ဖော်ရွေရွေ နေတတ်တဲ့ သူရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူ ဘူးပေါ့။ ဝိုင်းစုကတော့ ဘာပဲဖြစ်ဖြစ် အဆင် ပြေအောင် ပေါင်းသင်း ဆက်ဆံပါတယ် လို့ပြော လာတဲ့ သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းက သူမရဲ့ ဒုတိယSingle ခွေဖြစ်တဲ့ မျက်လှည့် ဗီစီဒီကို ၇ လပိုင်း လောက်တော့ ပရိသတ်ဆီ အရောက်ပို့ နိုင်တော့မှာဖြစ်ကြောင်း၊ မျက်လှည့် အခွေလေးကို အရမ်းကိုအားစိုက်ပြီး ရိုက်ကူးထားပါတယ်။ ကုန် ကျစရိတ်တွေလည်း တော်တော်များပါတယ်။ ပရိ သတ်ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ တတ်နိုင်သမျှအားစိုက် ထားပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ အခွေလေးကို အားပေးပါလို့ အားပေးရင်လည်း Original ခွေလေး ကိုပဲ အားပေးပါလို့၊ ကျေးဇူးတင်ပါတယ်လို့ ပြောသွားခဲ့ ပါတယ်။  
www.yoyarlay.com/index

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif