http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

7 Jun 2012

ရန် ကုန် သည် ကမ္ဘာ့ အေ မွ အနှ စ် စာ ရင်း ဝင် ရန် အခြေ အေ န မ ရှိ

ရန်ကုန်သည် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် အခြေအနေ မရှိ
ရန်ကုန်မြို့ကို ကမ္ဘာ့ အမွေအနှစ် စာရင်းထဲ ထည့်သွင်းရန် မစဉ်းစားသင့်ဟု ယူနက်စကိုမှ ဒုတိယ ညွှန်ကြားရေးမှူး Mr. Etienne Clement က ပြောသည်။ ကမ္ဘာပေါ်ရှိ ရန်ကုန်မြို့ကဲ့သို့ မြို့ကြီးများ ကမ္ဘာ့အမွေအနှစ် စာရင်း ဝင်ရန် ယူနက်စကိုသို့ လျှောက် ထားကြကြောင်း၊ ကိုလိုနီခေတ် အဆောက်အအုံ ၂၀ဝ နီးပါးရှိသော ရန်ကုန်မြို့သည် စီးပွားရေးမြို့ဖြစ်၍ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် အခြေအနေမရှိကြောင်း ၄င်းက ပြောသည်။
ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ရန်အတွက် ကမ္ဘာ့သမိုင်းတွင် အရေး ပါသောနေရာဖြစ်ခြင်း၊ ခေတ်ကာလ တန်ဖိုးမြင့်မားခြင်း၊ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားခြင်း၊ ဗိသု ကာနှင့် အနုပညာလက်ရာများ ထူးခြားကောင်းမွန်ခြင်း စသည် တို့ဖြင့် ပြည့်စုံရမည်ဖြစ်ကြောင်း သိရသည်။ “စီးပွားရေးအရ ရန်ကုန်မြို့ က အချက်အချာကျနေလို့ ကမ္ဘာ့အမွေ အနှစ်စာရင်း လျှောက်ထားဖို့ မထည့်သင့်တာ” ဟု အထက်ပါ ကပုဂ္ဂိုလ်က ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ ဗိဿနိုး၊ သရေခေတ္တရာနှင့် ဟန်လင်း မြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် တင်ပြလျှောက်ထား ပြီး ဖြစ်သည်။ ယူနက်စကို သို့ နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ရန် ၄၂၆ နေရာ လျှောက်ထား သည့်အနက် ၁၄၀ ကို ကမ္ဘာ့အမွေ အနှစ် စာရင်းတွင် ထည့်သွင်းပြီး ဖြစ် ကြောင်း သိရသည်။ 
www.yoyarlay.com/index.php/local-news/local-news/l-local-news/26906-2012-06-07-08-20-29

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif