အပြန်အလှန် မေးလ်ပို့ခြင်း(Conversation View) အီးမေးလ် မသုံးခင်တုန်းက စာသွား စာပြန်များကို ဖိုင်တွဲပြီး သိမ်းဆည်း ခဲ့ကြရတယ်။ စာတစ်စောင်နဲ့ တစ်စောင်မှာ ဘယ်လို အကြောင်းအရာတွေကို အပြန်အလှန် ပြောဆို ခဲ့ကြသလဲ ဆိုတာ သိဖို့ သိပ်မလွယ် ကူခဲ့ဘူး။ ဂျီမေးလ်က Conversation View ဆိုတာကို ထည့်ပေးထားတယ်။ ကိုယ်က ပို့လိုက်တဲ့ အီးမေးလ်နဲ့ တစ်ဖက်လူက ပို့လိုက်တဲ့ အီးမေးလ်တွေ ကိုစာမျက်နှာ တစ်ခုထဲမှာပဲ မြင်နိုင်ပါတယ်။ ပို့သူ ပြန်သူ နှစ်ဦးထက် မကတဲ့ စာသွားစာပြန် ကိစ္စတွေကို(Conversation View) က လုပ်ဆောင်ပေးနိုင် ပါတယ်။ စာဖတ်သူ အနေနဲ့ သူငယ်ချင်း တစ်စုကို အီးမေးလ် တစ်စောင်ပို့ပြီး အကြောင်းအရာ တစ်ခုကို ပြောဆိုတယ် ဆိုပါတော့။ ပို့လိုက်တဲ့ မေးလ်က တစ်စောင်ထဲပါ။ တစ်ဖက် လက်ခံသူက ငါးယောက်။ ငါးယောက်လုံးကလည်း စာဖတ်သူရဲ့ အီးမေးလ်ကို ပြန်တယ်။ ထိုအခါ စာဖတ်သူရဲ့ အီးမေးလ်ထဲမှာ စာပြန်သူ သူငယ်ချင်း ငါးယောက်လုံးရဲ့ အီးမေးလ်တွေကို မြင် တွေ့နေရမှာ ဖြစ်ပါတယ်။ ပေးစာတစ်စောင်အတွက် စာကြမ်းရေးသားဖို့ လိုအပ်ကောင်းလိုအပ်နိုင်ပါတယ်။ အီးမေးလ်ပို့ဖို့ ရေးသားတဲ့အခါမှာရေးသားလို့ မပြီးသေးတဲ့ စာတွေ၊ မပြည့်စုံသေးတဲ့ စာတွေ၊ ပြန်လည် တည်းဖြတ်ဖို့ လိုအပ်နေသေးတဲ့ စာတွေကိုစာကြမ်း(Draft Messages) အဖြစ် သိမ်းဆည်း ထားနိုင်ပါတယ်။ လိုအပ်တဲ့ အချိန်၊ လိုအပ်တဲ့ အခါ၊ ပြီးပြည့်စုံသွားတဲ့ အခါတွေမှာ စာကြမ်းဖိုင်ထဲက အီးမေးလ်ကို သက်ဆိုင်ရာဆီသို့ ပို့လွှတ်နိုင်မှာ ဖြစ်ပါတယ်။ ပေးစာမှတ်တမ်း(Archiving Mail) စာဖတ်သူရဲ့ အီးမေးလ်ထဲကို နေ့စဉ်နဲ့ အမျှလို အီးမေးလ်တွေ ၀င်နေနိုင်ပါတယ်။ လူမှု ကွန်ယက်(Social Network) က မေးလ်တွေ၊ ကြော်ငြာမေးလ်တွေ၊ အလုပ်အကိုင်နဲ့ သူငယ်ချင်းတွေဆီက အီးမေးလ်တွေက ရောထွေ ရှုတ်ပွေနေပါလိမ့်မယ်။ ဒီလိုထဲက စာဖတ်သူ အနေနဲ့ တစ်ခုတ်တရ သိမ်းဆည်းထားလိုတဲ့ အီးမေးလ်တွေ ရှိနေနိုင်ပါတယ်။ ပေးစာမှတ်တမ်း(Archiving Mail) ကို အသုံးပြုပြီး အရေးတကြီး သိမ်းလိုအပ်တဲ့ ပေးစာ၊ လက်ခံစာ၊ ၀င်စာ၊ ထွက်စာတွေကို သိမ်းထား နိုင်ပါတယ်။ ကြယ်ပွင့်ပြစာ(Starred Mail) စာဖတ်သူ အတွက် အရေးကြီးတဲ့ အီးမေးလ်တွေကို ကြယ်ပွင့်လေးများ ပြသပြီးမှတ်သားနိုင်ပါတယ်။ ဂျီမေးလ်မှာ ရှိနေတဲ့ ကြယ်ပွင့် သဏ္ဍာန် ပုံရိပ်များကို ကလစ်နှိပ်ပေးတဲ့ အခါ ကြယ်ပွင့်များဟာ ရွှေရောင်အဖြစ် ကူးပြောင်းသွားပါမယ်။ စာဖတ်သူမှတ်သားလိုတဲ့ စာတစ်စောင်ဟာရွှေရောင် ကြယ်ပွင့် အမှတ်အသားတစ်ခုရရှိသွားတယ်ဆိုရင် ကြယ်ပွင့်ပြထားတဲ့ အရေးကြီးတဲ့ စာတစ်စောင်ဖြစ် သွားပါပြီ။ ကြယ်ပွင့်ပြထားတဲ့ စာများကို ဂျီမေးလ်က အုပ်စုတစ်ခု အနေနဲ့ သတ်မှတ်ပါတယ်။ ဒါကြောင့် စာဖတ်သူရဲ့ ဂျီမေးလ်ထဲမှာ ကြယ်ပွင့်ပြစာတွေကို အုပ်စုတစ်ခု အနေနဲ့ မြင်တွေ့နိုင်တယ်။ လိုအပ်တဲ့ အခါ မှာလည်း လွယ်လင့်တကူ ပြန်လည် ရယူနိုင်ပါတယ်။ အမှတ်အသားပြုခြင်း(Labels) ၀င်စာ(Inbox)ထွက်စာ(Outbox)၊ စာကြမ်း(Draft) စသဖြင့် မှတ်သားထားရတဲ့ အုပ်စုတွေ များလှပါတယ်။ ရောက်ရှိလာတဲ့ စာအများစုဟာ ၀င်စာထဲကိုပဲ စုပြုံးဝင်ရောက် တဲ့အတွက် ပေးစာတွေ ပြည့်ကျပ်ပြီးအလုပ်စာ၊ သူငယ်ချင်းစာ၊ ကိုယ်ရေးကိုယ်တာစာစသဖြင့် ခွဲခြားရခက်နေနိုင်ပါတယ်။ ဂျီမေးလ်က ပေးထားတဲ့ အမှတ်အသား ပြုခြင်း(Labels) ကိုအသုံးပြု မယ်ဆိုရင် အထက်ကတင်ပြခဲ့တဲ့ ကိစ်္စရပ်တွေကိုကျော် လွှားနိုင်မှာ ဖြစ်ပါတယ်။ labels ကိုအသုံးပြု မယ်ဆိုရင်ကိုယ်ရေးကိုယ်တာ၊ အလုပ်၊ မိသားစုစသဖြင့် အုပ်စုတွေကို ခွဲခြားပြီးသိမ်းနိုင် ပါတယ်။ ဒီအပြင် လူတစ်ဦးချင်း ၊အဖွဲ့အစည်း တစ်ခုချင်းစသဖြင့်လည်း ခွဲခြားသိမ်းဆည်း နိုင်ပါတယ်။ ဆက်လက် ဖော်ပြပါမည်။ www.shweamyutay.com ဟန်ဇော် |
0 comments:
Post a Comment