ကျော်ဟိန်းကို မမီလိုက်တဲ့ အတွက် ကျော်ဟိန်း တပည့်ထဲတွင် သူမပါဘဲ၊ ဘယ်သူတွေက ကျော်ဟိန်းတပည့်ဆိုသည်ကိုမူ သူသေချာမသိကြောင်း မြင့်မြတ်က ပြောသည်။ ၄င်းက သူမင်းသား တက်သစ်စ ဖြစ်ချိန်၊ ဇာတ်ကား တွေစရိုက်၍ အောင်မြင်သည့် အချိန်တွင် ကျော်ဟိန်းနှင့် အပြင်၌ တစ်ခါဆုံဖူးပြီး အနုပညာကိစ္စ၊ အလုပ်ကိစ္စနှင့် မဆုံဖူးခဲ့ကြောင်း၊ ကျော်ဟိန်းသည် အနုပညာအလုပ်နှင့် ပတ်သက်ပါက အတော်လေး ရူးရူးသွပ်သွပ် လုပ်ဆောင်ခဲ့သူ ဖြစ်သည့်အတွက် သမိုင်းမှာ ထင် ကျန်ခဲ့မည့် မေ့မရနိုင်သူ ဖြစ်ကြောင်း ပြောသည်။ လတ်တလောတွင် မြင့်မြတ် နှင့် မို့မို့မြင့်အောင်တို့၏ ‘ပင်လယ် အမေ’ ဇာတ်ကားကို ပရိသတ်များ ကြိုက်ကြသည့် အတွက် မိဘမေတ္တာ ကို အခြေခံထားသည့် ယင်းဇာတ်ကားနှင့် ပတ်သက်၍ ၄င်းက- ”ပင်လယ်အမေ’ကို ကျွန်တော်တို့ ချောင်းသာက ဖိုးကုလား ကျွန်းမှာ သွားရိုက်ကြ တယ်။ အဲဒီ ရက်ပိုင်းအတွင်းမှာ မိုးက နေ့တိုင်း နီးပါးရွာတယ်။ ရိုက်ရတာ အခက်အခဲ အများကြီးဖြစ်တယ်။ ကျွန်တော်ရိုက်မယ့် ဇာတ်နဲ့တော့ လိုက်တာပေါ့။ ရိုက်ကူးတဲ့ အချိန်တွေရော၊ သွားရ လာရတာကအစ ဖိုးကုလား ကျွန်းနဲ့ ချောင်းသာကို လှေနဲ့ဖြတ် တဲ့အချိန်မှာ မိုးတွေလည်း ရွာတယ်။ ဒီဇာတ်ကား ရိုက်နေတဲ့ အချိန် တွင်းမှာ နှစ်ခါလောက် ဖျားတယ်။ ကမ်းခြေနဲ့လိုက်အောင် နေလောင် ခံမိတ်ကပ်တွေ လိမ်းရပါတယ်။ ကျွန်တော့်ဘက်က အကောင်းဆုံး ဖြစ်အောင် သရုပ်ဆောင် ထားခဲ့ပါတယ်။ ဒီဇာတ်ကား ထွက်လာခဲ့တော့ ပရိသတ်တွေလည်း စိတ်ဝင်စားတယ်။ ကြိုက်လည်း ကြိုက်ကြတယ်ဆိုတော့ တအားဝမ်းသာပါတယ်။ ကြိုးစားရကျိုးနပ်ပါတယ်” ဟု ဆိုသည်။ ၄င်းအနေဖြင့် ဘဝ သရုပ်ဖော် ဇာတ်လမ်းတွေကို သရုပ်ဆောင်ရတာ ပိုလုပ်လို့ကောင်းကြောင်း အခုအချိန်ထိ သမားရိုးကျ မဟုတ်သည့် ကွဲထွက်သော ဇာတ်ကားများအား ပရိသတ်များ သိပ်မကြိုက်သော အခြေအနေရှိသည့် အတွက် ကိုယ်ရိုက်ချင်သော ဇာတ်လမ်းမျိုး လည်း ရိုက်ရင်း ပရိသတ်ကြိုက်တာ ကိုလည်းမျှပြီး ရိုက်ကူးဖြစ်ကြောင်း ပြောသည်။
popularmyanmar.com/mpaper/wp-c
0 comments:
Post a Comment