http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

25 Jun 2012

လွှတ်ေ တာ် ရုံး အ တွင်း Electronic Library တည်ေ ဆာက် သွား မည်


နေပြည်တော်ရှိ လွှတ်တော် ဝင်းအတွင်း ဇမ္ဗူသီရိ အဆောင် တွင် အဆင့်မြင့်
လွှတ်တော် စာကြည့်တိုက် အတွက် Electronic Library (e- Library) တစ်ခု ထူထောင်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ e-Library တွင် Computer Networking အလုံး ၄၀ စာနှင့်server လွှတ်တော် ကိုယ်စားလှယ်များအသုံးပြုနိုင်မည့် သင့်တော် သော e-Book, e-Journal, e- Database များ နိုင်ငံတကာ အဆင့်မီ Library Automation Software နှင့် Library Portal များ တပ်ဆင် အသုံး ပြုသွားမည်ဖြစ်သည်။
“e-Library ထူထောင်ဖို့ ကုမ္ပဏီတွေကို တင်ဒါခေါ်ပါတယ်။ ကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းပမာဏအလိုက် ခန့်မှန်းကုန်ကျငွေစာရင်း တွေ တင်ပေးရမယ်။ နောက်ရွေး ချယ်တဲ့အခါ လုပ်ငန်းလိုအပ်တဲ့ ကုမ္ပဏီတွေရဲ့ ကြာမြင့်ချိန်တွေ၊ warranty တွေကို ကြည့်ပြီး ရွေး သွားမှာပါ။ မြန်မာငွေနဲ့ပဲ ပေးချေသွား မှာပါ ”ဟု နေပြည်တော်ရှိ ပြည် ထောင်စု သမ္မတ မြန်မာနိုင်ငံတော် လွှတ်တော်ရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
E-Library စတင်ထူထောင်ရာ တွင် Computer Network အလုံး ၄၀စာနှင့်server ဟု ဆိုထားသော် လည်း နောက်ပိုင်းတွင် ထပ်မံတိုးချဲ့ တပ်ဆင်နိုင်ရန် ကွန်ပျူတာပေါင်း ၁၀ဝ ချိတ်ဆက်နိုင်မည့်server ဖြင့် တပ် ဆင်ရမည်ဖြစ်သည်ဟု ယင်းကဆက် လက်ပြောကြားသည်။ 
www.yoyarlay.com/local-news/local-news/politics/27422-electronic-library

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif