http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

15 Jul 2012

သ မိုင်းကြောင်း အ လှည့် အပြောင်း အ ချိန် အ ခါ ကို ရောက် ရှိေ နပြီ

၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိ(ပ်)တွင်ကျင်းပသည့် အမေရိကန်-အာဆီယံ စီးပွားရေး ဖိုရမ်တွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ပြောကြားနေစဉ်။ AFP
ပြုပြင်ပြောင်းလဲရေးတွေ ဖေါ်ဆောင်နေတဲ့ မြန်မာနိုင်ငံဟာ အခုဆိုရင် အရေးကြီးတဲ့ သမိုင်းကြောင်း အလှည့်အပြောင်း အချိန်အခါ ကို ရောက်ရှိနေပြီလို့ သမ္မတ ဦးသိန်းစိန် က ပြောလိုက်ပါတယ်။

သောကြာနေ့က ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံ စီးပွားရေး ညီလာခံကိုတက်ရောက်နေစဉ် အတွင်း၊ အမေရိကန် ထိပ်တန်း စီးပွားရေးခေါင်းဆောင် (၂၀၀) လောက် နဲ့တွေ့ဆုံခဲ့ရာမှာ သမ္မတ ဦးသိန်းစိန် က ပြောဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲကို အမေရိကန် နိုင်ငံရေးခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က ကမကထပြု စီစဉ်ခဲ့တာပါ။

ဒီပွဲမှာ ဦးသိန်းစိန် က မြန်မာနိုင်ငံဟာ ဒီမိုကရေစီခေတ်ဆီလျှောက်လှမ်းနေ သလို၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကိုလည်း ရှာကြံနေပါတယ်၊
မြန်မာနိုင်ငံတွင်းကို ရင်နှီးမြုပ်နှံမှု အများအပြား ၀င်ရောက်လာလိမ့်မယ် လို့လည်း မျှော်လင့်ထားပါတယ်၊ မိမိတို့ အနေနဲ့ အပြန်အလှန်လေးစားမှု အပေါ် အခြေတည်ပြီး၊ နှစ်ဦးနှစ်ဘက် အကျိုးစီးပွား အတွက် ပူးပေါင်းဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ Coca Cola/ Caterpillar/ Goldman Sachs နဲ့ Ford General Motors စတဲ့ အမေရိကန် ကုမ္ပဏီကြီးတွေ ပါဝင်တက်ရောက်ခဲ့ ပါတယ်။

ဒီကနေ့ မှာတော့ အမေရိကန်လုပ်ငန်းရှင် (၇၀) လောက် ပါဝင်တဲ့အဖွဲ့ဟာ
မြန်မာနိုင်ငံကို သွားရောက် လေ့လာကြမှာဖြစ်ပါတယ်။

RFA Burmese

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif