နိုင်ငံတော် သမ္မတရဲ့ အမိန့်ကြေငြာချက် တခုကို ယမန်နေ့ ဇန်န၀ါရီလ ၁၆ ရက်နေ့ည ၈ နာရီ သတင်း
ကြေငြာ သွားရာမှာ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့က ပြည်ထောင်စု ၀န်ကြီး ၂ ဦးကို ရာထူးက နုတ် ထွက်ခွင့် ပြုလိုက်ပါတယ်။
သာသနာရေး ၀န်ကြီးဌာန ၀န်ကြီး သူရ မြင့်မောင်နဲ့ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ၀န်ကြီး ဦးသိန်းထွန်းတို့ကို သူတို့ ဆန္ဒအလျှောက် နုတ်ထွက်ခွင့် လျှောက်ထားမှုကို သမ္မတ က လက်ခံပြီး အခုလိုနုတ်ထွက်ခွင့် ပြုလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြန်လည် အစားထိုးခန့်အပ်တဲ့ အမိန့်တော့ ထွက်ပေါ်မလာသေးပါဘူး။
အခုလို ပြည်ထောင်စု အဆင့် ၀န်ကြီး ၂ ဦး နုတ်ထွက်ခွင့်တင်ခဲ့တာဟာ ဘယ်လို အကြောင်းလည်း မသိရ
ပေမယ့် ယခုနှစ်ဆန်းမှာ အစိုးရ ၀န်ကြီးအဆင့် ပထမဆုံး နုတ်ထွက်မှုလည်း ဖြစ်ပါတယ်။
http://blog.irrawaddy.org/2013/01/blog-post_2262.html
0 comments:
Post a Comment