![]() |
| ရန်ကုန်လေဆိပ် သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ - ဧရာဝတီ) |
ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ မြန်မာပြည်ကနေ ပြန်သွားပါပြီ။
မပြန်ခင် လေဆိပ်မှာ သတင်းထောက်တွေနဲ့ တွေ့ပါတယ်။ သူ့ခရီးစဉ်အကြောင်း ရှင်းပြပါတယ်။
သတင်းထောက်များလည်း သူပြောသမျှ မှတ်တမ်းတင်ပြီး သတင်းတွေ ရေးကြမှာပါ။
သတင်း ၂ ပုဒ်မှာတော့ အခုလို ရေးထားပါတယ် -
ဒီသတင်းခေါင်းစဉ် ၂ ခုရဲ့ ဆိုလိုရင်းက -
မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေပေမယ့် မတော်မတရားပြုတာတွေ ရှိနေတုန်းပဲ တဲ့။
ဒီကနေ့ မြန်မာ့အလင်းသတင်းစာမှာတော့ အဲဒါနဲ့ ဆန့်ကျင်ဘက် ရေးထားပါတယ်။
သတင်းခေါင်းစဉ်က -
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအတွင်း လူ့အခွင့်အရေးလည်း တိုးတက်ကောင်းမွန်လာ
![]() |
မြန်မာအစိုးရသတင်းဌာန (MNA) နဲ့ တရုတ်အစိုးရ ဆင်ဟွာသတင်းဌာနတို့ရဲ့ သတင်းတွေကို ပေါင်းစပ်ထားတယ်လို့ ဆိုပါတယ်။
ကင်တားနားက သတင်းထောက်တွေကို တယောက်ချင်းခေါ်ပြီး တမျိုးစီ ပြောခဲ့တာတော့ မဟုတ်ပါဘူး။
ဆိုခဲ့သလိုပဲ .... လေဆိပ်ရောက် သတင်းထောက်များကို သူ့ခရီးစဉ်အကြောင်း ရှင်းပြခဲ့တာပါ။
ကင်တားနား ဘာပြောသွားသလဲ ဆိုတာ ရန်ကုန်ထုတ် ဂျာနယ်များမှာလည်း ဖော်ပြနေကြပါပြီ။
သတင်းဌာနတွေရဲ့ သတင်းတင်ပြပုံ၊ မူဝါဒ စသဖြင့် မတူတဲ့အတွက် ထွက်လာတဲ့ သတင်းတွေက သို့ကလို ကွဲပြားသွားတယ်လို့ ဆိုနိုင်ပါတယ်။
MNA ကတော့ မြန်မာအစိုးရသတင်းဌာနဖြစ်တဲ့အတွက် အစိုးရမင်းများရဲ့လုပ်ရပ် အားလုံးကောင်းပါသည်ခင်ဗျား ဆိုတဲ့အနေအထားကို ပုံဖော်ရဟန် တူပါတယ်။
မြန်မာ့အလင်းက MNA ပို့လာသမျှကို MNA ညွှန်းတဲ့ စာမျက်နှာမှာ မူရင်းအတိုင်း ဖော်ပြဖို့ တာဝန်ရှိမယ်လို့ ယူဆရပါတယ်။
![]() |
ဒီကနေ့ မြန်မာ့အလင်းမှာပဲ လိုင်ဇာကို လမ်းလျှောက်သူများအကြောင်း သတင်းထောက်တယောက် ရေးပို့ထားတာကို ဖော်ပြထားတာ တွေ့ရမှာပါ။
အများ စိတ်ဝင်စားတဲ့သတင်း၊ ဖော်ပြသင့်တဲ့ သတင်းကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။
http://blog.irrawaddy.org/2013/02/blog-post_7568.html









0 comments:
Post a Comment