http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

2 Apr 2013

ရန်ကုန်၊ ရေကျော် ဗလီမီးလောင် ၁၃ ဦး သေဆုံး


ရန်ကုန်မြို့တွင်း ဗိုလ်တစ်ထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ (၄၈)လမ်း၊ မ/၁၈၃ရှိ ဆော်ဒီကီးရား၊ ရေကျော် ဗလီမှာ ယနေ့ နံနက် ၃ နာရီလောက်က မီးလောင်မှု တခုဖြစ်ပွားပြီး ဗလီအတွင်း ကျောင်းသား ၁၃ ဦး  သေဆုံးသွားပါတယ်။  




လတ်တလော ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မီးရှို့မှုတွေနဲ့ပတ်သက်ပြီး ကောလာဟလတွေ ပျံ့နေချိန်မှာ အခုလို မီးလောင်မှုကြောင့် သို့လောသို့လောဖြစ်ကြပေမယ့် ရဲတပ်ဖွဲ့ကတော့ ဒါဟာ မီးအားမြှင့်စက်ကြောင့် ဖြစ် ခဲ့တာလို့ ဆိုပါတယ်။ 

"ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အတည်ပြုဆဲသတင်းအရ ဗလီ အတွင်းတပ်ဆင် ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ် ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရှိရပြီး မီးလောင်ရာသို့ အမှတ်(၂)တိုင်းမီးသတ်ဦးစီးမှူးနှင့်အဖွဲ့မှ မီးသတ် ယာဉ်(၆)စီး၊ အုပ်ချုပ်မှု ယာဉ်(၇)စီးတို့ဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ ၀၃၁၀ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၀၃၁၃ အချိန် မီးငြိမ်းသွားခဲ့ကြောင်း မီးလောင်မှုကြောင့် ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီ 
ကျောင်းသား (၇၀) ဦးရှိ သည့် အနက်၊ (၁၃) ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာတို့ဖြင့် အိပ်လျက် 
သေဆုံးနေပြီး (၄) ဦးမှာ ပျောက်ဆုံးနေကြောင်း ဗလီမှာ စာသင်ကျောင်းနှင့်တွဲဖက်ထားရှိကြောင်းနှင့် အခင်းဖြစ်အရပ်သို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံ/နယ်စပ် ၀န်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး တို့ရောက်ရှိပြီး အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် စစ်ဆေးလျက် ရှိကြောင်း ကနဦးသတင်းရရှိသည်" လို့ ရဲတပ်ဖွဲ့ရဲ့ ရဲဇာနည်ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ 

ရေကျော်ဗလီ မီးလောင်မှုကြောင့် ကျောင်းသား ၁၃ ဦး သေဆုံး သတင်းကို လို့ နိုင်ငံတကာ သတင်း မီဒီယာတွေကလည်း ရဲအရာရှိတွေကို ကိုးကားပြီး ဖော်ပြပါတယ်။  
http://blog.irrawaddy.org/2013/04/blog-post_3369.html#more

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif