http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

7 Apr 2013

ကန်သမ္မတဟောင်းဂျင်မီကာတာရန်ကုန်မှာဘာပြောလဲ




မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် သမ္မတဟောင်း မစ္စတာ ဂျင်မီကာတာဟာ  နိုင်ငံရေး၊ ဘာသာ 
ရေး ၊ လူမှုရေး စတဲ့  မြန်မာ့ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ နဲ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဧပြီလ ၅ ရက်နေ့ ညပိုင်းက တွေ့ဆုံခဲ့ပါတယ်။ 



 ဓာတ်ပုံ- ဂျေပိုင် (ဧရာဝတီ) ~

ထိုသို့ တွေ့ဆုံရာမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာပြီးနောက်ပိုင်း နိုင်ငံတကာက မြန်မာနိုင်ငံကို စိတ်ဝင် စားမှုများလာတာကို ရေရှည် ဖြစ်စေလိုကြောင်း၊ ကူညီပေးချင်းသူတွေလည်း ရှိကြောင်း၊ ၂၀၁၅ ရွေး 
ကောက်ပွဲဟာလည်း စိတ်ဝင်စားမှု အများဆုံးဖြစ်တဲ့ အကြောင်းဖြစ်ပြီး သူအပါအ၀င် နိုင်ငံတကာကို လည်း လေ့လာသူတွေအဖြစ် ဖိတ်ခေါ်စေလိုတယ်လို့လည်း ဂျင်မီကာတာက ပြောသွားပါတယ်။ 

“ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပြဿနာ ရှိနေသေးသရွေ့ မငြိမ်းချမ်းသေးပဲ ဒီမိုကရေစီ သွားဖို့နှောင့်နှေး 
နေဦးမှာပဲ” အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာက ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ရင်ဆိုင်လာရမယ့် စိန်ခေါ်မှုတွေအားလုံးကို နိုင်ငံရေးခေါင်းဆောင်တွေအားလုံးဟာ နိုင်ငံသူ 
နိုင်ငံသားတွေနဲ့ လက်တွဲပြီး နိုင်ငံရေး နည်းလမ်းတွေနဲ့ အတူဖြေရှင်းသွားကြဖို့လည်း တိုက်တွန်း ပြောဆို သွားပါတယ်။ 

မြန်မာနိုင်ငံငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ အထောက်အကူဖြစ်စေဖို့ သမ္မတဟောင်း ဂျင်မီကာတာတို့ ဇနီးမောင်နှံထူထောင်ထားတဲ့ ကာတာဖောင်ဒေရှင်းဟာလည်း မြန်မာနိုင်ငံမှာ အခြေစိုက်သွားဖို့လည်း ရှိပါတယ်။  
http://blog.irrawaddy.org/2013/04/blog-post_8870.html#more

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif