မြန်မာနိုင်ငံရဲ့ တချိန်က
အာဏာရှင်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ ဇနီး ဒေါ်ခင်မေသန်းတို့ မြန်မာ
ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်ပြည်ထောင်စု သမ္မတ ဂျွန်ဆင်က အမေရိကန်ကို ၁၉၆၆
ခုနှစ်က ဖိတ်ကြားပြီး ကြိုဆိုခဲ့တုန်းက မှတ်တမ်း တခုပါ။
အဲဒီတုန်းက တော်လှန်ရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ အမေရိကန်တို့ ဆက်ဆံရေးကို ထိုစဉ် က မြန်မာနိုင်ငံရဲ့ အကြီးအကဲတယောက်ကို အမေရိကန်ပြည်ထောင်စုက ဘယ်လို ကြိုဆိုခဲ့သလဲ ဆိုတာနဲ့ ခန့်မှန်းတိုင်းတာကြည့်နိုင်ပါလိမ့်မယ်။
TheLBJLibrary က ဗိုလ်ချုပ်ကြီး နေ၀င်းရဲ့ အမေရိကန် ခရီးစဉ် မှတ်တမ်းကို ယူကျုမှာ တင်ပေးထား ပါတယ်။ ဦးနေ၀င်း ဘာပြောခဲ့သလဲ အချက်အလက်တခုအနေနဲ့ ပြန်လည် ကြည့်နိုင်၊ နားဆင်နိုင်ပါတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကန်- အမေရိကန် ၂ နိုင်ငံဆက်ဆံရေးတွေ မြင့်မားစေဖို့ မိန့်ခွန်း တခု လည်း ပြောကြားခဲ့ပါတယ်။
မကြာခင် ရက်ပို်င်းမှာလည်း မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်ပြည်ထောင်စုကို တရားဝင် နိုင်ငံအကြီးအကဲတဦးအနေနဲ့ သွားရောက်ဖို့လည်း ရှိနေချိန်မှာ တိုက်ဆိုင်စွာနဲ့ ယူကျု က တွေ့ရှိလို့ ပြန်လည် တင်ပြပေးလိုက်ပါတယ်။
http://blog.irrawaddy.org/2013/05/blog-post_5.html#more
0 comments:
Post a Comment