http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

2 May 2013

လက်ပံတောင်းဒေသ အဖမ်းအဆီး နောက်ဆက်တွဲ



လက်ပံတောင်းဒေသတွင် မကြာသေးခင်က ထိန်းသိမ်းခံရသူများနှင့် တွေ့ဆုံရန်  မိသားစုဝင် အများအပြား ယနေ့နံနက်ပိုင်းတွင်  မုံရွာထောင်သို့ ရောက်လာကြပြီး   တွေ့ဆုံခွင့် ရရှိရန် ကြိုးပမ်းခဲ့ကြသည်။ 
 

  ဒေသခံတဦးဖြစ်သည့် မနွဲ့တင်က  ဖမ်းဆီးခံထားရသည့် ကိုစိုးသူနှင့် တွေ့ခွင့်ရရန် မုံရွာထောင်ကြီးရှေ့တွင် ငိုယိုတောင်းပန်နေသည်။

ဖမ်းဆီးထားသူများ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်၊  လက်ရှိ အခြေအနေ မည်သို့ ရှိနေသည်ကို အာဏာပိုင်တို့က တရားဝင်ထုတ်ပြန်ခြင်း မရှိသည့်အတွက်   မိသားစုဝင်တို့က စိုးရိမ်နေသည်။

လက်ပံတောင်းဒေသ အခြေအနေ တင်းမာမှုများနှင့် ပတ်သက်ပြီး အာဏာပိုင်တို့က တက်ကြွလှုပ်ရှားသူတချို့ကို ဖမ်းဆီးမည်ဟု သိရသည်။
၎င်းတို့ဖမ်းဆီးလိုသူတို့၏ အမည် နှင့် ဓာတ်ပုံများကို လူမြင်ကွင်းတွင် ကပ်ထားသည်ကိုလည်း တွေ့ရသည်။

မကြာသေးခင် ဖြစ်ပွားခဲ့သော လက်ပံတောင်းဒေသ ဖြစ်ရပ်များကို ဆည်တည်းရွာ ဆန္ဒပြမှု ဦးဆောင်သူ ၃ ဦးကို အမှုဖွင့်လိုက်ပြီ ဟူသော ဧရာဝတီသတင်း http://burma.irrawaddy.org/archives/38483 တွင် အသေးစိတ် ဖော်ပြထားသည်။

လက်ပံတောင်းတောင်ဒေသ ကြေးနီတူးဖော်ရေးစီမံကိန်းကို  တရုတ်နိုင်ငံမှ ၀မ်ပေါင် ကုမ္ပဏီ၊ မြန်မာ့တပ်မတော်၏ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တို့ ဖက်စပ်လုပ်ကိုင်နေသည်။

ဝမ်ပေါင် နှင့် ဦးပိုင်တို့၏ လုပ်ငန်းများ ချက်ချင်း ရပ်ဆိုင်းရင် ဒေသခံ အများအပြားက တောင်းဆို ဆန္ဒပြနေကြသည်။









0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif