http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

10 May 2013

မြန်မာ့ ပညာရေးအတွက် ဗြိတိန်ထံက အကူအညီတောင်း


နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်ချုပ်ရေးကြောင့် ပျက်စီးယိုယွင်းသွား ခဲ့ရတဲ့ မြန်မာပြည်က တက္ကသိုလ်တွေ ပြန်လည် တည်ဆောက်ဖို့အတွက် ဗြိတိန်နိုင်ငံဆီက အကူအညီ 
တောင်းခံလိုက်ပါတယ်။ 



လန်ဒန်မှာ ရှိတဲ့ တက္ကသိုလ်ခေါင်းဆောင်တွေ စုဝေးတဲ့ ပွဲတခုကို ဗီဒီယို သတင်းစကားပါးတဲ့ အထဲ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောလိုက်တာဖြစ်တယ်လို့ ဘီဘီစီ သတင်းတပုဒ်မှာ ဖော်ပြသွား ပါတယ်။ 

မြန်မာစစ်အစိုးရဟာ စည်းကမ်းရှိရေးကိုသာ ဗဟိုပြု လုပ်ဆောင်ခဲ့ပြီး ပညာရေးအပေါ် အထောက်ပေးမှုတွေ မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။ မြန်မာ့ပညာရေး စနစ်ပျက်ဆီးယိုယွင်းခဲ့တာ အားလုံးအသိပါ။ 

တချိန်က အာရှ တခွင် အလွန်အံ့သြလေးစားခံခဲ့ရတဲ့ ရန်ကုန် တက္ကသိုလ်ဆိုရင် စစ်အာဏာရှင်တွေ လက် ထက် အစိုးရ ဆန့်ကျင်ရေး ကျောင်းသား လှုပ်ရှားမှုတွေ ဖြစ်တတ်တာကို အကြောင်းပြပြီး စနစ်တကျ ပျက် စီးစေခဲ့တာပါ။ 

နိုင်ငံတနိုင်ငံရဲ့ တိုးတက်မြင့်မားမှုဟာ အဲဒီနိုင်ငံရဲ့ ပညာရေး စနစ်အပေါ် အဓိကမူ တည်ပါ တယ်။ မြန်မာနိုင်ငံ အဖက်ဖက်က ဆုတ်ယုတ်ခဲ့ရတာရဲ့ အဓိက တရားခံကတော့ မြန်မာ့ပညာရေး စနစ် ညံ့ဖျင်းမှုကြောင့်ပါဘဲ။ 
 
ဒါကြောင့်ပဲ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဗီဒီယို သတင်းစကားမှာ အခုလို ပြောခဲ့တာဖြစ်ပါတယ်။ 

"ကျမတို့ တက္ကသိုလ် စနစ်ဟာ စစ်အုပ်ချု့ပ်ရေးကြောင့် ရာစုနှစ်ဝက်နီးပါး ပျက်စီးလုနီးပါး ဖြစ်ခဲ့ရပါတယ်။ တက္ကသိုလ် ကျောင်းသားဘ၀တွေဆိုတာဟာလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာ ကတည်းက မှေးမှိန်ခဲ့ ရတာပါ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ 

မြန်မာ့ပညာရေးအတွက် ကမ္ဘာ့ပညာရေး အဆင့်အတန်းမှာ ရှေ့တန်းက ရှိနေတဲ့ ဗြိတိန်လို နိုင်ငံဆီက အကူအညီအထောက်အပံ့၊ အကြံကောင်းတွေ၊ သင်ခန်းစာကောင်းတွေနဲ့ စနစ်တွေ ရခဲ့ရင် မြန်မာ့ပညာ 
ရေး ဦးမော့လာဖို့ အိပ်မက်များ  မက်နိုင်ပြီလားဆိုတာ စောင့်ကြည့်ရမှာပါ။   
http://blog.irrawaddy.org/2013/05/blog-post_3102.html#more

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif