http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

10 May 2013

အလုပ်များနေတဲ့ KNU မြ၀တီရုံး



မြ၀တီမြို့မှာရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU မြ၀တီဆက်ဆံရေးရုံး လတ်တလော ဖြေရှင်းနေရတဲ့ ပြဿနာ တခုကတော့ အင်္ဂါနေ့မနက်ပိုင်း
(ကရင်ပြည်နယ်)နယ်ခြားစောင့်တပ်ဖွဲ့ BGF က သေနတ်သံ ဆယ်ချက်ထက်မနည်း ပေးပြီး KNU စက်လှေတစီးကို ဟန့်တားခဲ့တဲ့ ဖြစ်ရပ်ပါပဲ။

မြ၀တီမြို့ အမှတ် ၁၄ လှေဂိတ်အနီး ဘိလပ်မြေတင်လာတဲ့ KNU စက်လှေ ဟန့်တားခံရမှုကို  ဒေသအခြေစိုက် မြန်မာစစ်ဗျူဟာနဲ့ ပူးတွဲ ညှိနှိုင်းဖြေရှင်းနေရပါတယ်။

ဒီပြဿနာနဲ့ပတ်သက်ပြီး နောင်ဆက်တွဲအခြေအနေဆိုးတွေ ဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။

အရင်လကုန်ပိုင်းကလည်း လှိုင်းဘွဲမြိုင်ကြီးငူဘက်မှာ ကလို့ထူးဘော(ဒီကေဘီအေ)က BGF စက်လှေကို သေနတ်ပစ်ဖောက် ရပ်တံ့ခိုင်းရာကနေ နှစ်ဘက်တိုက်ပွဲတွေဖြစ်ခဲ့ကြတာပါ။

အဲဒီပြဿနာကို နေပြည်တော်အထိ တက်ရှင်းခဲ့ကြပေမဲ့ ဒီနေ့အထိ မပြေလည်သေးပါဘူး။ နောက်ဆုံးအခြေအနေကတော့ တဖက်နဲ့တဖက် သူမှားတယ်၊ ငါမှန်တယ်ဖြစ်နေတုံးပါပဲ။
အလုပ်များနေတဲ့ KNU မြ၀တီရုံးအကြောင်း ပြန်ဆက်ရရင် ရုံးရဲ့ တာဝန်ခံအသစ်ဟာ တပ်မဟာ ၇ က ဗိုလ်မှူးစောလယ်မှူး ဖြစ်လာပါပြီ။
ယခင်တာဝန်ခံဗိုလ်မှူးကြီးစောဖောဒို့ဟာ တပ်မဟာ ၇ ဒေသ ရဲ့ ဗျူဟာမှူးအဖြစ် တာဝန်ပေးအပ်ခြင်း ခံရတယ်လို့ သိရပါတယ်၊

ရုံးတာဝန်ခံ ပြောင်းလဲပေမဲ့ လုပ်ငန်းတာဝန်တွေကတော့အရင်အတိုင်းပဲလို့ သိရပါတယ်။

မြ၀တီဆက်ဆံရေးရုံးဟာ KNU နဲ့ မြန်မာအစိုးရတို့ လက်ရှိလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာတွေ အပြင် KNU နဲ့ သက်ဆိုင်တဲ့ကိစ္စတွေကို စီစဉ်ဆောင်ရွက်ပေးနေပါတယ်။



0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif