http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 Mar 2012

တိုင်းပြည်ကို ချစ်တဲ့စိတ် လူတိုင်းမှာ ရှိကြတယ်လို့ ထင်တဲ့ နေတိုး

အကယ်ဒမီနေတိုးနှင့် တွေ့ဆုံ စဉ် နိုင်ငံရေးနှင့် ပတ်သက်သည့် နေတိုး၏ အမြင်ကိုမေးမြန်း ကြည့်ရာ - " နိုင်ငံရေးစိတ် ဆိုတာက အဓိကကတော့ လူတွေ အကုန် လုံး က ကိုယ်နေတဲ့နေရာ ကိုယ့်နိုင်ငံ၊ ကိုယ့် တိုင်းပြည်ကိုယ့်မြေကြီးပေါ် မှာ နေထိုင်နေသရွေ့ ဒီမြေကြီးနဲ့ ပတ်သက်တာတွေကကိုယ်နဲ့သက် ဆိုင်ပါ တယ်။ ကျွန်တော့်အမြင်က တော့ ဘယ်သူမဆိုနိုင်ငံရေးဆိုတာ ထက်စာရင် ကိုယ့်တိုင်းပြည်ကို ချစ် တဲ့စိတ်တွေရှိကြတယ်။ ရှိသင့်တယ် လို့ ထင်ပါတယ်။ ကိုယ့်တိုင်းပြည် ကို ချစ်တဲ့စိတ်နဲ့ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးအတွက်သယ်ဆောင် သွားပေးနိုင်မယ့် သူတွေ ကိုလည်း ရွေးချယ် တင်မြှောက်ပေး မယ့်သူ တွေ ဖြစ်စေချင်ပါတယ်"ဟု ပြော သွားခဲ့သည်။
ရွေးကောက်ပွဲနှင့် ပတ်သက် ၍လည်း "ရွေးကောက်ပွဲနဲ့ ပတ် သက်ပြီးတော့ ထွေထွေထူးထူး ဘာမှ မရှိပါဘူး။ ထဲထဲဝင်ဝင် လေ့ လာထားတာတွေလည်း မရှိပါ ဘူး။ ကျွန်တော်တို့ကအနုပညာ သမားတစ်ယောက် ဖြစ်တဲ့အခါကျ တော့ ချောချောမွေ့မွေ့နဲ့ အောင် မြင်ပြီး ခေတ်မီတိုးတက်တဲ့ နိုင်ငံ တော်ကြီးကို အမြန်ဆုံးရောက်သွား နိုင်ဖို့ပဲ ရည်ရွယ်ထားပါတယ်။ အဲဒီ လိုမျိုးဖြစ်အောင် သယ်ဆောင်သွား ပေးနိုင်မယ့် သူတွေကိုအချိန်က ဆုံးဖြတ်ပြီး ရွေးချယ်ပေး သွားမယ် လို့ထင်ပါတယ်"ဟု ဖြေကြားသွား ခဲ့သည်။   http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif