http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

28 Mar 2012

သာသနာရေးဝန်ကြီး သူရမြင့်မောင် ကြံခိုင်ရေးအတွက် သုံးခွမြို့နယ် ကတုံးပေါ် အထက်ကျေးရွာတွင် မဲဆွယ်စည်းရုံးနည်း အသစ်များဖြင့် ကတုံးပေါ် ထိပ်ကွက်စည်းရုံးသွားခြင်း


၂၇.၃.၂၀၁၁ နေ့လည် ၁၁ နာရီခန့်က ကြံ့ဖွံ့ပါတီအတွက် မဲဆွယ်စည်းရုံးသည့် အနေဖြင့် သာသနာရေးဝန်ကြီး သူရမြင့်မောင်ကိုယ်တိုင် သုံးခွမြို့နယ် ကတုံးပေါ် အထက်ကျေးရွာသို့ ရောက်ရှိလာပါသည်။ ကျေးရွာမှ သက်ကြီးရွယ်အိုများအား မျက်စိစမ်းသပ်ပေးပြီး မျက်မှန်များကို ကိုယ်တိုင်ကိုယ်ကျ လာရောက် ထပ်ဆင်ပေးကာ ကြံခိုင်ရေးအတွက် စည်းရုံးရေးဆင်းသွားကြောင်း ရွာသူရွာသားများမှ ပြောကြားကြသည်။ 

သုံးခွမြို့မှာ နေထိုင်သွားပြီး သုံးခွသား လိုလို ဘာလိုလို ခံယူထားတဲ့ သူရမြင့်မောင်သည် ရှေးယခင် ကတည်းက သုံးခွမြို့နယ် အကျိုးအတွက် ဘာတစ်ခုမှ လုပ်ပေးခြင်းမရှိခဲ့ပဲ.. ယခုကဲသို့ မဲဆွယ်စည်းရုံးရေး ကာလနှင့် အချိန်ကိုက်  အလှမ်းဝေးသော ရွာကလေးများဆီသို အကြောင်းမဲ့သက်သက်လာရောက်ပြီး အလှူအတန်းများ ပေးသွားတာ အရမ်းကို အံသြစရာပါလို့ ကျေးရွာသားများက ပြောကြပါသည်။ မျက်မှန်တွေကို လိုက်တပ်ပေးပြီး မိန့်ခွန်းများ ခြွေသွားပါသေးတယ်..။
ကောင်းမွန်စွာ နေထိုင်ပြီး ကျန်းကျန်းမာမာနဲ့ အေးဆေးနေလို့ရမဲ့ ပါတီကိုပဲ မဲပေးမယ်ဆိုရင် ပေးသင့်ပါတယ်ဆိုပြီး မျက်မှန်ပြုလုပ်ပေးပြီး သက်ကြီးရွယ်အိုများအား အကျိုးလိုလို့ ညောင်ရေသွန်းကာ စည်းရုံးရေးဆင်းသွားပါတယ်..။ နောက် သူထမင်းစားဖို့ ထမင်းပွဲကိုလည်း သာသနာရေးဝန်ကြီးဆိုတော့ ဘုန်းကြီးပွဲလိုပဲ ပြင်ဆင်ပေးရပါတယ်.။ ဘုန်းကြီးယပ်တောင်လေးနဲ့ ယပ်ခပ်ပေးလိုက်ရကြောင်းနဲ့ မိမိကိုယ်ကိုယ် ဘုန်းကြီးထက် ဘုန်းကြီးတဲ့ သူလို့များ ထင်နေလား မသိပါဘူးဆိုပြီး ရွာခံတဦးက ပြောဆိုသွားသလို ပေးတာတော့ ယူထားလိုက်တယ် မဲထည့်တာတော့ NLD ကိုပဲ မဲထည့်မှာပါဟု ရွာခံများက ပြောဆိုသွားကြောင်း သိရှိရပါတယ်..။
 မှတ်တမ်းတင်ဖို့ MRTV ရုပ်သံအဖွဲ့ပါ ခေါ်လာပါတယ်..
သာသနာရေးဝန်ကြီး သူရမြင့်မောင် ကြံခိုင်ရေးအတွက် သုံးခွမြို့နယ် ကတုံးပေါ် အထက်ကျေးရွာမှာ ရွေးကောက်ပွဲနီးမှ အစိုးရဝန်ကြီးတဦးကိုယ်တိုင် လာရောက်မဲဆွယ် စည်းရုံးခြင်းဟာ ဥပဒေနဲ့ ညီမညီ မေးစရာဖြစ်နေသလို၊ ယခုလုပ်ရပ်ဟာ ကတုံးပေါ်ကျေးရွာမှာ ကတုံးပေါ် ထိပ်ကွက် စည်းရုံးသွားတာလား၊ ကတုံးပေါ် မျက်မှန်တပ် စည်းရုံးသွားတာလားဆိုတာ မေးစရာဖြစ်နေကြောင်း.. တင်ပြလိုက်ရပါတယ်..။                     http://www.demowaiyan.org/2012/03/blog-post

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif