နာမည်ကျော် အဆိုတော် မေဆွိသည် ရွှေရတုမွေးနေ့အထိမ်းအမှတ်အဖြစ် အလှူဒါနများနှင့် ဂီတပဒေသာပွဲများကို ရန်ကုန်မြို့တွင်ကျင်းပခဲ့ပြီး သူမနေထိုင်ရာ အမေရိကန်ပြည်ထောင်စုသို့အပြန် စင်ကာပူနိုင်ငံသို့ လှည့်လည်ဝင်ရောက်စဉ် ၂၀၁၂ ခုနှစ်၊ မတ်လ ၂၄ နှင့် ၂၅ ရက် ညများက စင်ကာပူရှိ သူမ၏ တေးချစ်သူ ပရိတ်သတ်များအား ရင်းနှီးစွာ တွေ့ဆုံ၍ သီဆိုဖျော်ဖြေသွားပါသည်။
ချယ်ရီမေ ကာရာအိုကေမြူးဇစ်ဘားတွင်ပြုလုပ်သော ဂီတညချမ်းတွင် မေဆွိက နှင်းဆီနက်တီးဝိုင်းနှင့်အတူ သူမ၏ခေတ်အဆက်ဆက်က ထင်ပေါ်ကျော်ကြားခဲ့သည့် တေးသီးချင်းဟောင်းများနှင့်အတူ စင်ကာပူတွင်နေထိုင်သည့် တေးသံရှင် မင်းအောင်ခိုင်၊ ပန်ကို၊ ထင်ကြီးတို့နှင့်အတူ စုံတွဲတေးများကိုလည်း သီဆိုဖျော်ဖြေသွားခဲ့ကြောင်း သိရှိရပါသည်။ http://moemaka.blogspot.com/2012/03/news-and-media_28.html?utm_source=feedburner&utm_medium=email&utm_campaign=Feed%3A+blogspot%2FLZqAU+%28%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%81+%E1%80%99%E1%80%AE%E1%80%92%E1%80%AE%E1%80%9A%E1%80%AC+-++MoeMaKa+News+%26amp%3B+Media%29
0 comments:
Post a Comment