လူ့ဘဝတွင် သက်ရှိလူသားများသည် နေ့စဉ်နှင့်အမျှ ခရီးသွားနေကြသူများဖြစ်သည်။ မိမိတို့၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍအသီးသီး မှတ်တိုင်များကို တခုချင်း တခုချင်း ကျော်ဖြတ်၍ သွားလာလှုပ်ရှားနေကြသည်။ ထိုသူများထဲတွင် ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ လူမှုရေးသမားများသည်လည်း လူမှုခရီးသွားများ ဖြစ်ကြသည်။ လူသားတို့သည် မိမိတို့၏ မိသားစုအရေးကိစ္စသော်၎င်း၊ မိမိ၏ ကိုယ်ပိုင်ကိစ္စအတွက်သော်၎င်း၊ အများအတွက် ပရဟိတအရေးအတွက်သော်၎င်း နေ့စဉ် မြန်မာပြည်အနှံ့ ခရီးသွားနေကြရသည်။ ထိုကဲ့သို့ ခရီးသွားနေကြသော ခရီးသွားပြည်သူများတွင် ရွှေစင်စင်္ကြာ ခရီးသွားလုပ်ငန်းမှ မော်တော်ယာဉ်များဖြင့် ခရီးသွားကြသော မိဘပြည်သူတို့အတွက် ထူးခြားမှုတရပ် ဖြစ်ပေါ်လာတော့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ၁၇၊ ၃၊ ၂၀၁၂ (စနေနေ့) တွင် ရွှေစင်စင်္ကြာ (အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း) မှ အလှူငွေ သိန်းနှစ်ရာကျပ်နှင့် ဆယ်ခြောက်သိန်းခွဲတန်ဖိုးရှိ ငွေစက္ကူ ရေစက်အား နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ပိုင်ရှင်ဖြစ်သူ ဦးလှမိုးလှိုင် ဦးဆောင်၍ ရွှေစင်စင်္ကြာ၏ ဝန်ထမ်းများနှင့်အတူ လာရောက် လှူဒါန်းခဲ့သည်။ ရွှေစင်စင်္ကြာ၏ ကြိုးပမ်းမှုကြောင့် သမ္မာအာဇီဝဖြင့် ရလာခဲ့သောငွေများထဲမှ ခရီးသည်များနှင့် ပြည်သူများအတွက်တဖက်တလမ်း လှူဒါန်းမှုပြုခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရသည်။ ထိုကဲ့သို့ ရွှေစင်စင်္ကြာ (အဆင့်မြင့် ခရီးသည်တင်ပို့ဆောင်ရေးလုပ်ငန်း) သည် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ လာရောက်၍ လှူဒါန်းမှုပြုခဲ့သည်မှာ စတုတ္တအကြိမ်မြောက် လှူဒါန်းမှုဖြစ်ပြီး ယင်းကဲ့သို့ လှူဒါန်းမှုမျိုးလုပ်သည့်အတွက် ဆေးဝါးကုသကြမည့် မျက်စိဝေဒနာရှင်များ၊ လူနာများ၊ အလှူငွေများ လာရောက်လှူဒါန်းကြသော အလှူရှင်များနှင့် ရွှေစင်စင်္ကြာ မိသားစုဝင်များ၊ ဝန်ထမ်းများအားလုံးနှင့် ခရီးသွား မိဘပြည်သူများအပေါင်းတို့ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ ဟု မေတ္တာပို့သ ဆုတောင်းလိုက်ရပါတော့သည်။ ခရီးသွားမိဘပြည်သူအပေါင်းတို့သည်လည်း မိမိတို့ လိုရာခရီးပန်းတိုင်သို့ သွားရင်းဖြင့် ကောင်းမှုကုသိုလ်ကိုပါ တပြိုင်နက်တည်း ရယူနိုင်ပြီ ဖြစ်ပါတော့သည်။
http://burmatoday.net/news.php?news_ID=143 





Kuala Lumpur Time

0 comments:
Post a Comment