Q. ရုပ်ရှင်လာမရိုက်နဲ့ ဇာတ်ကားက သရုပ်ဆောင်တွေနဲ့ မီဒီယာလောကကို သရော်ထားတဲ့ ပုံစံလေးတွေ ပါတယ်နော်
A. အဲဒါက မူရင်းက အိန္ဒိယဇာတ်ကားရဲ့ Plot တွေပါပဲ။ သပ်သပ် ဒီမှာဖြစ်နေတဲ့ ပုံစံတွေကို ထင်ဟပ်စေတဲ့ပုံစံမျိုးကို ထည့်ထားတာ မဟုတ်ပါဘူး။
Q. ကိုယ်စောင့်နတ်ဇာတ်ကားကိုလည်း ပရိသတ်တွေက သဘောကျကြတယ်နော်။
A. ကိုယ်က ဘာသာရေးနဲ့ နွယ်တဲ့ကားမျိုးတွေကို ခပ်ခြားခြား တစ်ခါရိုက်လေ့ရှိတယ်။ ဟိုးအရင်တုန်းကတော့ တူသောအကျိုး၊ ငရဲတစ်ပိသာ အဲဒီလိုကားမျိုးတွေရိုက်ခဲ့ဖူးတယ်။ နဂါးမျက်စောင်းတို့ပေါ့။ ဒီလိုဘာသာရေးအသိပါတဲ့ ကားမျိုးလေးတွေက အနုပညာရှင်တစ်ဦးအနေနဲ့ လုပ်သင့်တယ်၊ ရိုက်သင့်တယ် ထင်လို့ ရိုက်ခဲ့တာပါ။ အဲဒီလိုချည်းပဲ အမြဲတမ်း ရိုက်နေပြန်ရင်လည်း ပရိသတ်က ငြီးငွေ့မှလေ။ ဝေးဝေးတစ်ခါလောက် ဒီလို တစ်ကားမျိုးတော့ ရိုက်ဖြစ်အောင်၊ ရိုက်နိုင်အောင် ကြိုးစားထားပါတယ်။
Q. ခုနောက်ပိုင်း အောင်မြင်ပြီးသား ဇာတ်ကားတွေ ပြန်ရိုက်တာက ဇာတ်လမ်းရှားပါးမှုကြောင့်လား။
A. လိုရင်းပြောရင် မြန်မာပရိသတ်အကြိုက်ကို ဦးတည်ပြီး ရိုက်တာဖြစ်တယ်။ ကိုယ့်တို့ရဲ့ လုပ်ပိုင်ခွင့်ဘောင်က ဒီထဲမှာပဲရှိတာကိုး။ ကိုယ့်တို့မှာ မဟုတ်ဘူး။ ကိုယ်တို့ရှေ့က Generation တွေလည်း ရိုက်ပြီးသား ကားကောင်းတွေကို ပြန်ရိုက်ကြတာပါပဲ။ ဒါကိုပဲ နောက်လူတွေက ပြန်ရိုက်၊ အဲဒီ သံသရာက မဆုံးဘူး။ ကားအရေအတွက်က တအားများတာကိုး။ နိုင်ငံခြားကကားတွေလို အသစ်အဆန်းတွေချည်းစစ်ပြီး မထုတ်နိုင်ဘူး။
Q. ကိုယ်ဒါရိုက်တာ၊ ထုတ်လုပ်သူလုပ်ပြီး ရုပ်ရှင်ကားကြီးတွေ ထပ်ထုတ်ဖို့ ရှိဦးမလား။
A. ကျန်စစ်မင်းတုန်းကတော့ မျက်ကန်းတစ္ဆေ မကြောက်ဘယ်လောက်ကုန်ကုန် ဆိုပြီး ဇွတ်တိုးပြီး လုပ်တာကိုး။ ခုကျတော့ နည်းနည်းလေးသိသွားပြီဆိုတော့ အဲဒီလိုဇွတ်မိုက်ပြီးမလုပ်တော့ဘူး။ သေသေချာချာ ဘယ်သူနဲ့ တွဲလုပ်ရင် အဆင်ပြေမလဲ၊ ချိတ်ဆက်စရာတွေအများကြီးသွားတွေ့တော့ မစဖြစ်သေးဘူးဖြစ်နေတယ်။ စိတ်ထဲမှာ တချိန်လုံးတော့ အဲဒီကားကြီးမျိုါ် ထပ်လုပ်ဖို့တော့ ကြံဆနေပါတယ်။
Q. အထူးသဖြင့် ဘယ်လိုဇာတ်အိမ်မျိုးကိုရိုက်ချင်ပါလဲ။
A. အဓိက ဒါရိုက်တာအနေနဲ့က ရိုက်ဖို့ဆိုတာ ပြောရခက်တယ်။ ကိုယ့်စိတ်ထဲမှာ ရိုက်ချင်တဲ့ အကြောင်းအရာလေးတစ်ခု သေချာရှိနေပြီဆို ဘယ်သူကြိုက်ကြိုက်၊ မကြိုက်ကြိုက် မကြောက်တော့ဘူး။ ၀တ်မှုန်ရွှေရည်နဲ့ရိုက်တဲ့ PK ဆိုတဲ့ကားကို လွန်ခဲ့တဲ့နှစ် တော်တော်ကြာကြာကတည်းက ရိုက်ချင်ခဲ့တာ။ ဇာတ်ရဲ့ အပေါ်မှာ ယုံကြည်မှုအပြည့် ရှိပါတယ်။ ပရိသတ်ဝေဖန်မှာတွေ၊ ဘာတွေလုံးဝ မကြောက်ဘူး။ မြန်မာသတင်းရပ်ဝန်:မှကူးယူတင်ပြသည်
0 comments:
Post a Comment