http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

30 Mar 2012

အရှေ့အလယ်ပိုင်းတွင် အုံ့မှိုင်းနေသော တိမ်မည်းများ

လွန်ခဲ့သော သုံးနှစ်အတွင်းမှာ သမ္မတအိုဘားမားနဲ့ ဝန်ကြီးချုပ် နေ တန်ယာဟုတို့ သုံးကြိမ်တိုင် တွေ့ ဆုံဆွေးနွေးခဲ့ကြပေမယ့် သဘော ထားမတိုက်ဆိုင်ခဲ့ကြပါဘူး။ ၂ဝဝ၉ ခု မေလမှာ ပထမဆုံး တွေ့ဆုံခဲ့ကြ ရစဉ်က အိုဘားမားရဲ့ ပါလက်စ တိုင်းနိုင်ငံ ထူထောင်ခွင့်ပြုရေး အဆိုပြုချက်ကို နေတန်ယာဟု က ပယ်ချခဲ့ပါတယ်။ ၂ဝ၁ဝ ခုနှစ်ထဲမှာ ထပ်မံတွေ့ဆုံညှိနှိုင်းကြပြန်တော့ လည်း မပြေလည်ခဲ့ကြဘူး။ ၂ဝ၁၁ ခုနှစ် မေလမှာတော့၊ နေတန်ယာ ဟုက အမေရိကန် ကွန်ဂရက်လွှတ်တော် ရှေ့မှောက် မှာ သမ္မတအိုဘား မားရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို မဖြစ်နိုင်ကြောင်း ဝေဖန်အပြစ်တင်ခဲ့ ပါတယ်။ ဒါကြောင့် အိုဘားမားနဲ့ နေတန်ယာဟုတို့ရဲ့ ဆက်ဆံရေးဟာ မပြေလည်ခဲ့တဲ့အပြင် တစ်စုံ တစ်ရာ တင်းမာမှုတွေရှိ နေခဲ့တယ် လို့ ဆိုရပါလိမ့်မယ်။ ဒါပေမဲ့ ဒီနှစ် မတ်လဆန်းက တွေ့ဆုံကြရာမှာ တော့ အီရန်နိုင်ငံရဲ့ အဏုမြူအစီ အစဉ်ဟာ အရေးပါလာပြန်တဲ့ အတွက် လေသံနဲ့ သဘောထား တွေ ပြောင်းလဲသွား ကြပါပြီ။ ဒီအမေရိကန် ခရီးစဉ်အတွင်း မှာ အီရန်အဏုမြူ အစီအစဉ်ကို စစ်အင်အား သုံးပြီး ဖြေရှင်းဖို့သဘော ထားကို နေတန်ယာဟုက သတင်း စာရှင်းလင်းပွဲတွေမှာ ဗြောင်အတိ အလင်း ထုတ်ဖော်ကြေညာခဲ့ တယ်။ ဒါကြောင့်လည်း သမ္မတ အိုဘားမား က စစ်သွေးကြွနေတဲ့ နေတန်ယာဟုကို အိမ်ဖြူတော်မှာ ခေါ်ပြီး ဖျောင်းဖျနားချနေခဲ့ရပါ တယ်။ အမေရိကန်နိုင်ငံနဲ့ အစ္စရေး နိုင်ငံတို့မှာ တူညီတဲ့အကျိုး စီးပွား တွေ ထပ်တူထပ်မျှရှိနေကြတယ်။ စစ်ရေးအရ အရေးယူရမယ့် အခြေ အနေမျိုး ဆိုက်လာရင်လည်း အစ္စ ရေးနဲ့ အတူရပ်တည်မယ်ဆိုတဲ့ စကားတွေ အိုဘားမားကိုယ်တိုင် ထုတ်ပြောလာခဲ့ရတယ်။ နေတန် ယာဟုကလည်း ဒီနွေထဲမှာကို အီရန် အဏုမြူ အစီအစဉ်တွေကို လေကြောင်းအင်အားသုံး ချေမှုန်းဖို့ စဉ်းစားနေကြောင်း ဖွင့်ပြောလာခဲ့ တယ်။ အီရန်နဲ့ အစ္စရေးအကြား စစ်ဖြစ်ပွားနိုင်တဲ့ အလားအလာ နေ့စဉ်နဲ့အမျှ ကြီးထွားအရှိန်မြင့် လာနေပါပြီ။ စစ်ဖြစ်ဖို့ အလွန် လွယ်ကူတဲ့အနေအထား ရောက် နေပေ မယ့် စစ်မဖြစ်အောင်တားဆီး ဖို့ကတော့ အတော်ခက်နေပါတယ်။ ဒီနေရာမှာ ထည့်သွင်းစဉ်းစားဖို့လို တဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲသမိုင်းရဲ့ အတွေ့အကြုံဟောင်းနဲ့ သင်ခန်းစာ ကောင်းတွေကို ပြန်ပြောင်းသတိရ ကြဖို့ လိုပါလိမ့်မယ်။ ဦးစွာအားဖြင့် လူအများသေ ကျေစေနိုင်တဲ့ လက်နက် (WMD) တွေရှိနေပြီဆိုတဲ့ သံသယနဲ့ အီရတ် စစ်ပွဲဆင်နွှဲခဲ့မိကြတဲ့ အပြစ်ကို ပြန်လည် သတိရသင့်ပါတယ်။ တကယ်တော့ အီရန်နိုင်ငံမှာ အခုအချိန် အထိ အဏုမြူလက်နက်ပိုင်ဆိုင် ထားတာရယ်လို့ ဘာအထောက် အထားမှ မရှိသေးပါဘူး။အမေရိကန် ထောက်လှမ်းရေးဌာနကတောင် အီရန်နိုင်ငံဟာ အဏုမြူ လက်နက် ထုတ်လုပ်ဖို့ ဆုံးဖြတ် လိုက်တဲ့ အထောက်အထား မရှိသေး ကြောင်း ကွန်ဂရက်ကို နှစ်ကြိမ်တိုင် တင်ပြ ပြီးပါပြီ။ လန်ဒန်အခြေစိုက် မဟာဗျူဟာ လေ့လာရေး ဌာနကြီးကလည်း ဒီသဘောထား အတိုင်းပဲ ထောက်ခံပြောကြားထားဆဲ ဖြစ် တယ်။ အလားတူ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ကလည်း အီရန်နိုင်ငံမှာ အဏုမြူစွမ်း အင်ကို တခြားစစ်ရေး နည်းလမ်း တွေမှာသုံးဖို့ အစီအစဉ် ရှိကောင်း ရှိနိုင်တယ်။ ဒါပေမဲ့ အဏုမြူလက် နက်ထုတ်လုပ်ဖို့ အစီအစဉ်နဲ့ လှုပ် ရှားမှုမျိုး မတွေ့ရသေးဘူးလို့ တင်ပြ ခဲ့ပြီးဖြစ်တယ်။ အီရတ်မှာလို အာဃာတနဲ့ သံသယ ကြောင့် စစ်ထဖြစ် ရတာမျိုးထပ်မဖြစ်စေချင်ဘူး။ နောင် နှစ်အတန်ကြာပြီးချိန်မှာ အီရန်နိုင်ငံ က အဏုမြူလက်နက် ပိုင်ဆိုင်သွား တော့ရော ဘာဖြစ်လာနိုင်မှာလဲ။
မြောက်ကိုရီးယားနိုင်ငံက အဏုမြူလက်နက်ပိုင်ဆိုင်သွားပြီဆို တာနဲ့တောင် ကိုရီးယားတို့၊ ဂျပန်တို့ က အဏုမြူလက်နက်တွေ အပြိုင် အဆိုင်လိုက်ပြီး ထုတ်လုပ်ခဲ့ကြ ပါသလား။ ဖူကူရှီးမားဓာတ်ပေါင်း ဖို ပေါက်ကွဲပြီးနောက်ပိုင်းမှာ ဂျပန် နိုင်ငံက အဏုမြူစွမ်းအင် ထုတ်လုပ် မှုကိုတောင် စိတ်ပျက်လာနေကြပြီ။ နောက်ပြီး အရှေ့ အလယ်ပိုင်း  ဒေသ တစ်ခုလုံးမှာ အဏုမြူလက်နက် တွေ ထုတ်လုပ်စုဆောင်းထားတဲ့ နိုင်ငံဆိုလို့ အစ္စရေးနိုင်ငံတစ်နိုင်ငံပဲ။ ရှိတာပါ။ အစ္စရေးနိုင်ငံမှာ အဏုမြူ ဗုံး ရှိနေလို့ဆိုပြီး ဆော်ဒီအာရေဗျ တို့ လစ်ဗျားတို့လို နိုင်ငံတွေက အပြိုင်အဆိုင်လိုက်ပြီး မထုတ်လုပ် ကြပါဘူး။ အရှေ့အလယ်ပိုင်းမှာ တစ်ခုတည်းသော အဏုမြူ လက် နက်ပိုင်ရှင် နိုင်ငံကြီးဖြစ်တဲ့ အစ္စရေး က ဘာကြောင့်များ အာရပ်နိုင်ငံ တစ်နိုင်ငံ အဏုမြူလက်နက်ပိုင်ဆိုင် သွားမှာကို အကြီးအကျယ်သွေးလန့် ချောက်ချားနေရတာလဲ။ တကယ် တော့ အရှေ့အလယ်ပိုင်းမှာ အီဂျစ် နိုင်ငံဟာ အစ္စရေးနိုင်ငံနဲ့ စစ်ပွဲ သုံးပွဲတိုင် ဆင်နွှဲခဲ့တဲ့ နိုင်ငံဖြစ်ပါ တယ်။ ဒါပေမဲ့ အစ္စရေးနဲ့အပြိုင် အဏုမြူလက်နက်တွေ ထုတ်လုပ်ဖို့ မကြိုးစားခဲ့ပါဘူး။ နောက်ပြီး အီရန် နိုင်ငံဟာ အစ္စရေးနဲ့တစ်ကြိမ်မှ စစ် ဖြစ်ခဲ့ဖူးတဲ့ နိုင်ငံလည်းမဟုတ်ပါဘူး။ ဒါပေမဲ့ သမ္မတအိုဘားမား ကလည်း တကယ်လို့ အီရန်နိုင်ငံ သာ အဏုမြူလက်နက်ပိုင်ဆိုင်သွား ရင် အီရန်နဲ့ အစ္စရေးဟာ အိန္ဒိယ နဲ့ ပါကစ္စတန်လို စစ်ဖြစ်ရမယ့် အနေအထားရောက်သွားနိုင်တယ် လို့ ဟောကိန်း ထုတ်ခဲ့ဖူးပါတယ်။ တကယ်တော့ အိုဘားမားဟာ သမိုင်းကြောင်းကို ကောင်းစွာမသိ လို့ ပြောမိတာ ဖြစ်ပါလိမ့်မယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ စစ်ပွဲ သုံးပွဲ ဖြစ်ခဲ့တာ အဏုမြူလက်နက် မပိုင် ဆိုင်သေးခင် နှစ်ပေါင်း ၃ဝ အတွင်း ဖြစ်ခဲ့ကြတာပါ။ နှစ်နိုင်ငံလုံး အဏု မြူလက်နက်ပိုင်ဆိုင်ပြီးချိန်မှာတော့ အားလုံး ဘယ်သူမှ စစ်ပွဲမဖြစ်ရဲကြ တော့တာ နှစ်ပေါင်း ၄ဝ ကြာခဲ့ပါပြီ။ ဒါကြောင့် အီရန် အဏုမြူလက်နက် အစီအစဉ် ဆိုတာ ထုတ်လုပ်မှု၊ ပိုင်ဆိုင်မှု ပြဿနာ မဟုတ်ပါဘူး။ တရားမမျှတမှု ပြဿနာ ဖြစ်ပါတယ်။ အစ္စရေးနိုင်ငံက အဏုမြူလက်နက် ထုတ်လုပ်စုဆောင်းထားရှိပြီး၊ အီရန် နိုင်ငံရဲ့ အဏုမြူအစီအစဉ်ကို ဘာ ကြောင့် တားဆီးချင်တာလဲ။ ဘာ ကြောင့် တားဆီးခွင့်ရှိရမှာလဲ။ သမ္မတအိုဘားမားကတော့ တကယ်လို့ အီရန်သာ အဏုမြူ လက်နက်တွေ ပိုင်ဆိုင်သွားရင်၊ ဒီ လက်နက်တွေ အကြမ်းဖက်သမား တွေလက်ထဲ ရောက်သွားနိုင်တယ် လို့ ခြိမ်းခြောက်သတိပေးခဲ့ဖူး ပါ တယ်။ တကယ်တော့ အီရန်နိုင်ငံ က တာလီဘန်တွေ၊ အယ်လ်ကေ ဒါတွေရဲ့ ဌာနချုပ် ခြေကုပ်စခန်း မဟုတ်ပါဘူး။ ဒီတာလီဘန်တွေ၊ အယ်လ်ကေဒါတွေ စတဲ့ အကြမ်း ဖက်အင်အားစုတွေရဲ့ တကယ့် ခြေကုပ်စခန်းဟာ ပါကစ္စတန်နိုင်ငံ ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံမှာ အမေရိကန်နိုင်ငံနဲ့ နားလည်မှုရယူပြီး ထုတ်လုပ်ထားတဲ့ အဏုမြူဗုံးတွေ ရှိနေပါတယ်။ ဒါပေမဲ့ ဒီအဏု မြူတွေထဲက တစ်လုံးမှ အယ်လ် ကေဒါတွေ၊ တာလီဘန်တွေ လက်ထဲကို ပါကစ္စတန်   နိုင်ငံက လွှဲပြောင်း မပေးခဲ့ဘူး။ အဏုမြူဗုံးရဲ့ အဖျက် စွမ်းအား ဘယ်လောက်ကြီးမား ဆိုးဝါးတယ်ဆိုတာကို ဆင်ခြင်တုံ တရားရှိတဲ့ အစိုးရတိုင်းက သိရှိ နားလည် ထား ကြတယ်။ ဒါကြောင့် လည်း အဏုမြူလက်နက်လုံခြုံ ရေးဆိုတာ အစိုးရတိုင်းရဲ့ ထိပ်တန်း လျှို့ဝှက်ရေး လုပ်ငန်းအဖြစ် တာဝန် ယူကြမြဲဖြစ်ပါတယ်။ ဒါကြောင့်လည်း CNN  သတင်း ဌာနရဲ့ တွေ့ဆုံမေးမြန်းခန်း တစ်ခုမှာ ဗိုလ်ချုပ်ကြီးဒမ်ဆေး(M.Dampsay) က”အီရန်နိုင်ငံက ခေါင်းဆောင်တွေ က တကယ်တော့ ဘာသာရေးအရ အရူးအမူးဖြစ်နေကြတဲ့ လူတွေ မဟုတ်ကြပါဘူး။ ဆင်ခြင်တုံတရား ရှိတဲ့ ဘာသာရေး ခေါင်းဆောင်တွေ သာ ဖြစ်ကြပါတယ်”လို့ မှတ်ချက် ချခဲ့ခြင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အနောက်တိုင်းနှုန်း၊ စံ တန်ဖိုးတွေနဲ့ တူညီတဲ့ ဆင်ခြင်တုံတရားမျိုးတော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ သူတို့ သက်ဝင်ယုံကြည်တဲ့ ဘာသာရေး ဆိုင်ရာ နှုန်း၊ စံတန်ဖိုးတွေ ဆက် လက်ရှင်သန်အောင် ထိန်းသိမ်းရာ မှာတော့ အနောက်တိုင်းက နိုင်ငံ ရေးခေါင်းဆောင်တွေလိုပဲ အမြော် အမြင်ရှိပြီး ဆင်ခြင်တုံတရား ကြီး မားတဲ့ ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပါ တယ်။ တချို့သော အနောက်တိုင်း က ပုဂ္ဂိုလ်တွေ ပုတ်ခတ်ပြောဆို နေကြသလို၊ ရူးသွပ်နေတဲ့ ဘာသာရေး သမားတွေ မဟုတ်ကြ ပါဘူး။ ယဉ်ကျေးမှု တော်လှန် ရေးကာလ အတွင်းက ”ကွန်မြူနစ်ဝါဒ အောင်ပွဲခံရေးအတွက် တရုတ်ပြည်သူတစ် ဝက်လောက် စတေးချင် စတေးရ ပါစေ။ အဏုမြူစစ်ပွဲကို ရင်ဆိုင်ရဲတယ်”ဆိုတဲ့ မော်စီတုံးရဲ့ သဘော ထားလောက် အီရန်ဘာသာရေး ခေါင်းဆောင်တွေရဲ့ သဘောထားက တင်းမာပြင်းထန်ခြင်း မရှိသေးပါဘူး။ ဒါကြောင့်လည်း အမေရိကန်ထောက် လှမ်းရေးမှူးဟောင်း ပေါလ်ပီလာ (P.Pillar) က”တကယ်တော့ အီရန် ဘာသာရေးခေါင်းဆောင်တွေလည်း တခြားနိုင်ငံက ခေါင်းဆောင်တွေ လိုပါပဲ။ သူတို့အစိုးရနဲ့ သူတို့အာ ဏာ အဓွန့်ရှည်တည်တံ့ရေးအတွက် စိုးရိမ်စိတ်ကြီးစွာ ကာကွယ်ထိန်း သိမ်းနိုင်ဖို့ ကြိုးစားနေကြတယ်ဆို တာကို ပြီးခဲ့တဲ့ နှစ်ပေါင်း ၃ဝ သမိုင်းက သက်သေပြ ခဲ့ပါပြီ”ဟူ၍ ဝါရှင်တန် လစဉ်ထုတ် မဂ္ဂဇင်းမှာ ရေးသားခဲ့ခြင်း ဖြစ်ပါလိမ့်မယ်။ တကယ်တော့ ဒီနေ့ပြဿနာ၊ ဒီနေ့မေးရမယ့် မေးခွန်းက အီရန် ခေါင်းဆောင်တွေ ဆင်ခြင် တုံတရား ရှိသလား မရှိဘူးလား ဆိုတာ မဟုတ်ပါဘူး။ ဒီနေ့နိုင်ငံတကာ အရေးအခင်းတွေကို ဦးဆောင်ဖြေ ရှင်းနေတဲ့ အမေရိကန်နိုင်ငံရေး ခေါင်းဆောင်တွေမှာ ဆင်ခြင်တုံ တရား လက်ကိုင်ထားနိုင်ရဲ့လားဆို တာ မေးရမှာပါ။ လာမယ့် သမ္မတ ရွေးကောက်ပွဲမှာ အမေရိကန်ဂျူး တွေရဲ့ ထောက်ခံမဲရရှိရေး အတွက် နေတန်ယာဟု အစိုးရရဲ့ မိုက်ရူးရဲ ဆန်ဆန် စစ်ရေးအရ လက်ဦးမှု ရယူတိုက်ခိုက်ရေး သဘောထားကို သဘောတူလက်ခံမှာလား၊ ဒါမှ မဟုတ် အီရန် အဏုမြူလက်နက် ထုတ်လုပ်ရေး အစီအစဉ်ကို အမြော် အမြင်ကြီးစွာ၊ ဆင်ခြင်တုံတရား ကြီးစွာ ငြိမ်းချမ်းစေ့စပ်ဖြေရှင်းနိုင်ဖို့ အတွက် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အတူပူးပေါင်း ဆောင်ရွက်မှာလား ဆိုတာ မေးရပါလိမ့်မယ်။ နောက် ဆုံး အမေရိကန်အစိုးရကို သတိပေး ချင်တာက အီရန်အပေါ် စစ်ရေးအရ လက်ဦးမှု အရယူ တိုက်ခိုက်ရေး စီမံကိန်းမှာ အစ္စရေးနဲ့အတူ အမေရိ ကန်တို့ ပူးပေါင်းပါဝင်မယ်ဆိုရင် တော့ နောက်ဆက်တွဲအကျိုးဆက် တွေဟာ အီရတ်၊ အာဖဂန်စစ်ပွဲ ထက် ပိုမိုဆိုးဝါးကြီးကျယ်လာနိုင် စရာရှိတယ်ဆိုတာ သတိထားဖို့ ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အရှေ့အလယ် ပိုင်းရဲ့ ကောင်းကင်တစ်ခိုမှာတော့ စစ်ပွဲသစ်တစ်ရပ်အတွက် လှုပ်ရှား နေတဲ့ တိမ်မည်းတွေနဲ့အုံ့ဆိုင်းမှိုင်း မှုန်နေပါပြီ။
သန်းစိုးနိုင်
http://popularmyanmar.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif