ရန်ကုန် ဆင်ခြေဖုံး ဒေသ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၁၇ ရပ်ကွက်ရှိ အသုဘ နေအိမ်တစ်ခု၌ ပြုလုပ်သော ဖဲဝိုင်းတွင် ဓားထောက် ငွေလုရာမှ အသက် ၃၅ နှစ်အရွယ် ဓားထောက် ငွေလုသူ အမျိုးသား တစ်ဦး သေဆုံးခဲ့သော လူသတ်မှု တစ်ခု မတ်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း မျက်မြင် တွေ့ကြုံသူများနှင့် ဒဂုံမြို့သစ် တောင်ပိုင်းမြို့ နယ် ရဲတပ်ဖွဲ့ စခန်း၏ ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ လူသတ်မှု ဖြစ်ပွားသော နာရေးအိမ်ရှိ ဖဲဝိုင်းတွင် ဝင်ကစားနေသော အသက် ၃၅ နှစ်အရွယ် အုတ်ပွဲစား အမျိုးသား တစ်ဦး ဖဲရှုံးသောကြောင့် ဓားထောက် လုယက်၍ ချိန်းခြောက်ပြီး ငွေများ ပြန်လည်ရယူကာ ထွက်သွားစဉ် လူ ၉ ဦး ဝိုင်းဝန်း ထိုးကြိတ်ရာမှ သေဆုံးသွားရခြင်း ဖြစ်ကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့ နယ် ရဲစခန်း၏ ထုတ်ပြန်ချက်အရ သိရသည်။ http://www.thithtoolwin.com/2012/03/blog-post

Kuala Lumpur Time

0 comments:
Post a Comment