နှလုံးရောဂါကြောင့် မေ့မြောနေသည့်ဘော်လ်တန်ကွင်းလယ်လူ မြူအမ်ဘသည် သတိပြန်လည်ရရချင်း သူ၏ သားဘယ်မှာလဲဟု မေးမြန်းခဲ့ပြီးနောက်၊ အက်ဖ်အေပွဲ၏အရှုံးအနိုင်ရလဒ်ကိုဆက်လက် မေးမြန်းခဲ့ကြောင်း မြူအမ်ဘ၏သူငယ်ချင်း ဘော်လ်တန်ကွင်းလယ်လူတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။လက်ရှိတွင် လန်ဒန်ဆေးရုံကြီး၌ တက်ရောက်ကုသနေသည့် မြူအမ်ဘ၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာပြီဖြစ်သလို၊ ဘော်လ်တန်မန်နေဂျာ အိုဝင် ကိုရေးနှင့်ပင် ဆွေးနွေးပြောဆိုနိုင်ခဲ့သည်ဟု သတင်းများက ဖော်ပြကြသည်။
မြူအမ်ဘသည် သတိရလာပြီးနောက်၊ သူ၏ဖခင်ဖြစ်သူ မာကယ်လ်အား အသင်း၏ရလဒ်အကြောင်း မေးမြန်းခဲ့သည်ဟု မြူအမ်ဘ၏သူငယ်ချင်းဖြစ်သူ အေမီ အီစလိုက ထုတ်ဖော်ပြောကြားခဲ့သည်။
“ မြူအမ်ဘက ကျွန်တော်တို့အသင်း ရှုံးသွားလားလို့ သူ့အဖေကို မေးခဲ့ပါတယ်၊ သူ့အဖေက သရေရလဒ်နဲ့ ပွဲကို ဖျက်သိမ်းခဲ့တယ်လို့ပြောတော့၊ သူက ဘာလို့ဆက်မကစားတာလဲလို့ မေးခဲ့ပါတယ်၊ သူ့အဖေက မင်းကြောင့် ဆက်မကစားခဲ့တာလို့ သူ့ကိုဖြေခဲ့ပါတယ် ” ဟု အီစလိုက ပြောကြားခဲ့သည်။
သားနှင့်ဇနီးအကြောင်းအား မေးမြန်းခဲ့ပြီးနောက်ပိုင်းတွင်၊ မြူအမ်ဘ၏သူ၏ကလပ်အသင်းနှင့်ပတ်သက်ပြီး၊ တစ်ကိုယ်ကောင်းဆန်သည့်စိတ်ဓာတ်မှာ ချက်ချင်းပေါ်ထွက်လာခဲ့သည်ဟု သတင်းများက ဖော်ပြကြသည်။ http://mutdfan.com/index.php/readmore/post/41920






Kuala Lumpur Time
0 comments:
Post a Comment