လူငယ်များ လုပ်ပိုင်ခွင့်ရရှိရေးနှင့် အနိုင်ကျင့်ခံရမှုပပျောက်ရေးအတွက် ရည်ရွယ်သည့် ဖောင်ဒေးရှင်းတစ်ခုစတင်ရန် လေဒီဂါဂါသည် ဟားဗတ်တက္ကသိုလ်သို့ သွားရောက်ခဲ့သည်။
''သင့်မှာ ပြောင်းလဲနိုင်တဲ့ အစွမ်းရှိခဲ့မယ်ဆိုရင် ကမ္ဘာကို အကောင်းဆုံးနေရာတစ်ခုဖြစ်ဖို့ လုပ်ဆောင်ရမယ်။ လူသားတွေဟာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်လို့ ကျွန်မယုံကြည်တယ်''ဟု Born This Way ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့သူ ပေါ့ပ်အဆိုတော် လေဒီဂါဂါက ပြောကြားခဲ့သည်။
လေဒီဂါဂါ၏ ဖောင်ဒေးရှင်းသည် မိမိ၏ အဓိက ယုံကြည်ချက်အချို့ဖြစ်သည့် ကြင်နာမှု၊ စာနာရိုင်းပင်းမှုနှင့် အခြားသူများကို ဂရုစိုက်မှုများကို ဝေမျှပေးနိုင်သောကြောင့် အင်တိုက်အားတိုက် ပါဝင်ရခြင်းဖြစ်ကြောင်း ဟားဗတ်တက္ကသိုလ်သို့ လိုက်ပါခဲ့သော အော်ဖရာဝင်းဖရေးက ပြောကြားခဲ့သည်။
Born This Way ဖောင်ဒေးရှင်းတွင် လူငယ်များအတွက် ဘေးကင်းလုံခြုံမှု၊ ကျွမ်းကျင်မှုနှင့် အခွင့်အရေးများ မြှင့်တင်ပေးရန်ဆိုသည့် ဒေါက်တိုင်သုံးခုပါဝင်ကြောင်း လေဒီဂါဂါကပြောကြားခဲ့သည်။ အသက် ၂၅ နှစ်ရှိ လေဒီဂါဂါသည် သူမ၏ ဖောင်ဒေးရှင်းအတွက် ဒေါ်လာ ၁ ဒသမ ၂ သန်း ထည့်ဝင်ခဲ့ကြောင်း သိရသည်။
လေဒီဂါဂါသည် နာမည်ကျော် ဇာတ်လမ်းတွဲဖြစ်သည့် Men In Black 3 ဇာတ်ကား၏ ဇာတ်ဝင်ခန်းအချို့တွင် သရုပ်ဆောင်မည် ဆိုသောသတင်းများထွက်ပေါ်ခဲ့သည်။ ၎င်း၏ Twitter စာမျက်နှာတွင် မတ်လ ၅ ရက်နေ့က ပရိသတ်သန်း ၂၀ ကျော်အထိ ရှိလာခဲ့သည်။ eleven media groupမှကူးယူတင်ပြသည်






Kuala Lumpur Time

0 comments:
Post a Comment