လူတိုင်းလူတိုင်း အမှားနှင့်ကင်း တဲ့သူတော့ မရှိနိုင်ပါ။ အလုပ်များ များလုပ်တဲ့သူတွေဆိုရင် ပိုပြီးအမှား များများနဲ့ကြုံရမှာကတော့ ဓမ္မတာပါ။ တစ်ခါတစ်ရံ အမှားကျူးလွန်သူများ၊ စေတနာအမှားနဲ့ မှားသူများကိုတော့ အများက ခွင့်လွှတ်တတ် ခွင့်လွှတ်နိုင်ကြပါတယ်။ ဒါပေမယ့် မှားမှန်းသိလျက်နှင့် ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုသလို အမှားများကို ဆက်တိုက် ဆက်တိုက် ကျူးလွန်သူများကိုတော့ ဘယ်သူမှ ခွင့်မလွှတ်နိုင်သလို ဘယ်မေတ္တာရှင်ကမှ ခွင့်လွှတ်နားလည်ပေးကြမှာ မဟုတ်ပါဘူး။ ပို၍ဆိုးသည်က သမိုင်းတွင်မည့် အမှားများ မဖြစ်ကြဖို့တော့ လူတိုင်း သတိတရား လက်ကိုင်ထား ဆောင်ရွက်သွားကြရမှာပါ။ မည်သည့် နယ်ပယ် ကဏ္ဍ၌ဖြစ်စေ အမှားဘက်သို့ ဦးတည်နေပါက လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိအောင် စာရေးသူနှင့်တကွ စာဖတ်သူများပါမကျန် တာဝန်ရှိ အသိစိတ်ဖြင့် သမိုင်းတွင်မည့် အမှားကြီးမျိုး မဖြစ်ဖို့ ၀ိုင်းဝန်းတည့်မတ် ပေးကြရမှာပါ။ ဤခေတ်ကြီးသည် လူညီပါက 'ဤ' ကို 'ကျွဲ'အဖြစ် ဖန်တီး၍ ရနိုင်တော့မည့် ခေတ်မဟုတ်ကြောင်းတော့ လူတိုင်း နားလည်သဘောပေါက်ဖို့ အချိန်တန်ပါပြီ။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကာလက ကြုံတွေ့ခဲ့ရတဲ့ စာရေးသူရဲ့ ကိုယ်တွေ့ အဖြစ်အပျက်လေးတစ်ခုကို တင်ပြပါဦးမည်။ အဲဒီအချိန်တုန်းက စာရေးသူတို့ဟာ မိသားစု စားဝတ်နေရေး လုံးပန်းနေရတာက တစ်ကြောင်း၊ ရွေးကောက်ပွဲအပေါ် သိပ်ပြီး အာရုံမရှိတာက တစ်ကြောင်း ကြောင့် မဲရုံပိတ်ခါနီး ညနေ ၄နာရီ ထိုးခါနီး အချိန်ကပ်မှ ဇနီးနှင့်အတူ မဲရုံရှေ့ကို ရောက်သွားခဲ့ကြပါတယ်။ မဲရုံရှေ့မှာ မဲစာရင်းတာဝန်ရှိသူတွေက စာရေးသူတို့ အမည်စာရင်းပါ၊ မပါ ကြည့်ပေးခဲ့ကြပါတယ်။ ဒါပေမယ့် အံ့အားသင့်စွာ မဲစာရင်းမှာ စာရေးသူတို့ နှစ်ဦးစလုံးရဲ့ အမည်တွေ ပါတာ မတွေ့ရဘူး။ မဲကလည်း ပေးချင်နေတော့ နောက်ဆုံးတာဝန်ရှိသူ တွေစီစဉ်ပေးမှုနဲ့ အဲဒီတုန်းက မဲပေးခဲ့လိုက်ရပါတယ်။ ဒါအမှန်ပါပဲ၊ စာရေးသူတို့ဟာလည်း မဲဆန္ဒနယ်မြေမှာ အိမ်ထောင်စုစာရင်းနဲ့ နေထိုင်သူတွေပါ အိမ်ငှားလည်း မဟုတ်ပါဘူး။ ဘာကြောင့်များ စာရေးသူတို့ နှစ်ဦးစလုံးရဲ့ အမည်ကျန် ခဲ့တာလဲ၊ စာရေးသူတို့ နှစ်ဦး မဲပေးဖို့ ဘယ်လိုအကြောင်းမျိုးလည်းဆိုပြီး စာရေးသူအမျိုးမျိုး စဉ်းစားနေမိပါတယ်။
ယခုလည်း ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မဲစာရင်းဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတဲ့အပေါ် သက်ဆိုင်ရာ ပါတီအသီးသီးက တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကဏ္ဍနယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ထုတ် ဖော်ပြောဆိုနေကြတာကို စာဖတ်သူ မြင်တွေ့ ကြားသိနေရပါတယ်။
ယခု ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် မိမိတို့ရဲ့ မဲစာရင်း ပါ၊ မပါကိုတော့ စာရေးသူတို့ မိသားစု အပါအ၀င် လာရောက် စုံစမ်းမေးမြန်းသူတွေဟာဖြင့် ဘယ်သူတိုက်တွန်းမှုပါဘဲ မိမိတို့ရဲ့ မဲစာရင်း ကျန်ရစ်လေမလား စိုးရိမ်စိတ်နဲ့ အပြေး အလွှား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်လာတာ တွေ့မြင်နေရပါတယ်။ ပြည်သူအများစုက သူတို့ရဲ့ ဆန္ဒအစစ်အမှန်ကို ဖော်ထုတ်တင်ပြဖို့ ဆန္ဒတွေ ပြင်းပြနေကြတာကိုတော့ မည်သူမှ မငြင်းနိုင်ပါဘူး။ ဒါအမှန်ပါပဲ။
ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းတွေနဲ့ ပတ်သက်ပြီး စာရေးသူရဲ့ ထင်မြင်ချက်ကို ဖော်ပြရရင်တော့ မဲဆန္ဒရှင်စာရင်းများ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ဖြုတ်ပယ်ခင်း၊ ပြောင်းရွှေ့ခြင်း ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်က အထက်နှင့်အောက်အပြန် အ လှန် ညွှန်ကြားချက်များပေးပြီး ဆောင်ရွက်နေကြပေမယ့် တကယ်တမ်း လက်တွေ့ကျကျ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ အောက်ခြေ အဖွဲ့အစည်း များ၏ ရိုးသားမှန်ကန်မှုက အဓိကပါ။ စနစ်တကျနှင့် သေသေချာချာ ပြုစုပေးရင်း မဲစာရင်းတွေ မှားနိုင်စရာ အကြောင်းမရှိပါဘူး။ တစ်ခုတော့ ရှိပါတယ်။ အောက်ခြေအဖွဲ့အစည်းရဲ့ ရိုးသားစွာ ဆောင်ရွက်နေမှု များ အပေါ် အုပ်ချုပ်ရေး အဖွဲ့အစည်းများရဲ့ဖိအားပေး လွှမ်းမိုးမှုတွေ မခံရဖို့တော့ အရေးကြီးပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ကတော့ မဲစာရင်းတွေ မှန်ကန်မှုက အရေးကြီးဆုံးပါပဲ။ ကဏ္ဍအသီးသီး၊ နယ်ပယ်အသီးသီးက ဝေဖန်ပိုင်းခြားနိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ သတင်းမီဒီယာတွေနဲ့ နိုင်ငံတကာကလည်း ပိုပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်လာနေပြီဆိုတော့ တရားမျှတမှုနဲ့ တိကျမှုများရှိအောင် တာဝန်ရှိသူများက ဆောင်ရွက်ပေးရမှာပါ။ အဓိက ကတော့ မဲစာရင်းတွေကို အချိန်မီ စိစစ်ပေးပြီး ရွေးကောက်ပွဲကော်မရှင်ကလည်း မဲစာရင်းတွေကို စောစောစီးစီး ထုတ်ပြန်ပေးလိုက်မယ်ဆိုရင်တော့ မဲဆန္ဒရှင် ပြည်သူလူထုတွေ သံသယ၀င်စာရာ အကြောင်းမရှိပါဘူး။ သံသယ၀င်ရင်လည်း တိုက်ဆိုင်စစ်ဆေးနိုင်ကြမှာပါ။
မည်သည့် လုပ်ငန်းခွင်၌မဆို မမှန်မကန် မရိုးမသား လုပ်သူများဟာ ရေရှည် မတည်မြဲကြပါဘူး။ အလုပ်ပြုတ်၊ အလုပ်ဖြုတ်ခြင်း ခံကြရစမြဲပါ။ နိုင်ငံတကာမှာလည်း ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ သမ္မတဖြစ်စေ၊ ၀န်ကြီးချုပ်ဖြစ်စေ သူတို့ရဲ့ ပိုင်ဆိုင်မှုကို မှန်မှန်ကန်ကန်နဲ့ အများပြည်သူတွေ သိရှိအောင် ထုတ်ဖော် ကြေညာလေ့ရှိပါတယ်။ အဲဒီအတွက် အများပြည်သူတွေရဲ့ ယုံကြည်ကိုယ်စားမှုကို ခံနေကြရတာပါ။ လူတိုင်းလူတိုင်းကတော့ မှန်တာပြောတာကို မကြိုက်ကြပါဘူး။ အရပ်ပုတဲ့သူကို ငပု၊ သွားခေါနေတဲ့ အမျိုးသမီးကို သွားခေါမဆိုပြီး အမှန်အ တိုင်းခေါ်ရင် မကြိုက်ကြပါဘူး။ ဒါဟာ လူရဲ့ သဘာဝတရားပါပဲ၊ မှားနေတာတွေကို အမှားလို့ မြင်နိုင်အောင် ကြိုးစားကြရမှာဖြစ်သလို အမှန်ကိုလည်း အမှန်လို့ မြင်နိုင်အောင် ရှုမြင်ပေးကြရမှာပါ။ အမှားနဲ့အမှန်ကို ဝေဖန်ပိုင်းခြားပေးတတ်ဖို့တော့ လိုမယ်ထင်ပါတယ်။ အမှန်တရားကို လက်ကိုင်ထားပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စီမံခန့်ခွဲမှု၊ အဆင့်ဆင့် တာဝန်ခံမှု၊ တာဝန်ယူမှုများဖြင့်သာ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို ရရှိကြမှာပါ။ မမှန်မကန် မရိုးမသားနဲ့ ဆောင်ရွက်နေကြဦးမယ်ဆိုရင်တော့ ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ ဝေးနေကြဦးမှာပါ။
ကတိသစ္စာ တည်သောအခါ သြဇာလေးနက်၊ ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏ဆိုတဲ့ ရှေးပညာရှိများက မှန်သောစကား ဂုဏ်ရည်ကို ဖော်ထုတ်ခဲ့ကြပါတယ်။ မှန်သော သစ္စာစကားကြောင့် သုဝဏ္ဏသာမ မင်းသားမြားဒဏ်ရာ ပျောက်ကင်းပြီး သားရွှေအိုးထမ်းလာတဲ့ မြင်ကွင်းကို မိဘနှစ်ပါး မြင်တွေ့ခွင့်ရခဲ့ကြတာပါ။ မှန်မှန်ကန်ကန် ပြောဆိုလုပ်ကိုင်ဆောင်ရွက်နေသူများအဖို့ ရွှေအိုးထမ်းလာတဲ့ အဖြစ်မျိုးနဲ့ ဆုံတွေ့ကြမှာပါ။
မည်သို့ဖြစ်စေ ကြားဖြတ်ရွေးကောက်ပွဲကြီး နီးကပ်လာသည်နှင့် အမျှ တရားမျတလွတ်လပ်ခြင်းများနှင့် အတူပြည်သူလူထုနှင့် နိုင်ငံတကာမှ မှတ်ကျောက်တင်ခံနိုင်မယ့် မှန်ကန်တိကျသော ကြားဖြတ်ရွေးကောက်ပွဲကြီးကို မဖြစ်မနေ ကျင်းပပေးရတော့မှာပါ။ နိုင်ငံတော်နှင့် နိုင်ငံသား များအားလုံး၏ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ပန်ဆင် ဆောင်ရွက်နေသော နိုင်ငံတော်အစိုးရအဖို့ သန့်ရှင်းသော အစိုးရ၊ မှန်ကန်သော အစိုးရအဖြစ် ကမ္ဘာ့အလယ် ကမ္ပည်းမော်ကွန်းအထိုးခံနိုင်ဖို့ အမှားများကို အတတ်နိုင်ဆုံး ကင်းစင်အောင် ဆောင်ရွက်ပေးပြီး သမာသမတ်ကျတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးနိုင်ခြင်းဖြင့် သက်သေပြရန်သာ ရှိပါတော့သည်။
အမှန်တရားသည်သာ အနာဂတ်ကို အဆုံးအဖြတ် ပေးသွားပါလိမ့်မည်။ ပြည်သူပြည်သားအားလုံး အမှန်တရားကို မြတ်နိုးသူများ ဖြစ်နိုင်ကြပါစေ။ http://www.weeklyeleven.com
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကာလက ကြုံတွေ့ခဲ့ရတဲ့ စာရေးသူရဲ့ ကိုယ်တွေ့ အဖြစ်အပျက်လေးတစ်ခုကို တင်ပြပါဦးမည်။ အဲဒီအချိန်တုန်းက စာရေးသူတို့ဟာ မိသားစု စားဝတ်နေရေး လုံးပန်းနေရတာက တစ်ကြောင်း၊ ရွေးကောက်ပွဲအပေါ် သိပ်ပြီး အာရုံမရှိတာက တစ်ကြောင်း ကြောင့် မဲရုံပိတ်ခါနီး ညနေ ၄နာရီ ထိုးခါနီး အချိန်ကပ်မှ ဇနီးနှင့်အတူ မဲရုံရှေ့ကို ရောက်သွားခဲ့ကြပါတယ်။ မဲရုံရှေ့မှာ မဲစာရင်းတာဝန်ရှိသူတွေက စာရေးသူတို့ အမည်စာရင်းပါ၊ မပါ ကြည့်ပေးခဲ့ကြပါတယ်။ ဒါပေမယ့် အံ့အားသင့်စွာ မဲစာရင်းမှာ စာရေးသူတို့ နှစ်ဦးစလုံးရဲ့ အမည်တွေ ပါတာ မတွေ့ရဘူး။ မဲကလည်း ပေးချင်နေတော့ နောက်ဆုံးတာဝန်ရှိသူ တွေစီစဉ်ပေးမှုနဲ့ အဲဒီတုန်းက မဲပေးခဲ့လိုက်ရပါတယ်။ ဒါအမှန်ပါပဲ၊ စာရေးသူတို့ဟာလည်း မဲဆန္ဒနယ်မြေမှာ အိမ်ထောင်စုစာရင်းနဲ့ နေထိုင်သူတွေပါ အိမ်ငှားလည်း မဟုတ်ပါဘူး။ ဘာကြောင့်များ စာရေးသူတို့ နှစ်ဦးစလုံးရဲ့ အမည်ကျန် ခဲ့တာလဲ၊ စာရေးသူတို့ နှစ်ဦး မဲပေးဖို့ ဘယ်လိုအကြောင်းမျိုးလည်းဆိုပြီး စာရေးသူအမျိုးမျိုး စဉ်းစားနေမိပါတယ်။
ယခုလည်း ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မဲစာရင်းဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတဲ့အပေါ် သက်ဆိုင်ရာ ပါတီအသီးသီးက တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကဏ္ဍနယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ထုတ် ဖော်ပြောဆိုနေကြတာကို စာဖတ်သူ မြင်တွေ့ ကြားသိနေရပါတယ်။
ယခု ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် မိမိတို့ရဲ့ မဲစာရင်း ပါ၊ မပါကိုတော့ စာရေးသူတို့ မိသားစု အပါအ၀င် လာရောက် စုံစမ်းမေးမြန်းသူတွေဟာဖြင့် ဘယ်သူတိုက်တွန်းမှုပါဘဲ မိမိတို့ရဲ့ မဲစာရင်း ကျန်ရစ်လေမလား စိုးရိမ်စိတ်နဲ့ အပြေး အလွှား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်လာတာ တွေ့မြင်နေရပါတယ်။ ပြည်သူအများစုက သူတို့ရဲ့ ဆန္ဒအစစ်အမှန်ကို ဖော်ထုတ်တင်ပြဖို့ ဆန္ဒတွေ ပြင်းပြနေကြတာကိုတော့ မည်သူမှ မငြင်းနိုင်ပါဘူး။ ဒါအမှန်ပါပဲ။
ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းတွေနဲ့ ပတ်သက်ပြီး စာရေးသူရဲ့ ထင်မြင်ချက်ကို ဖော်ပြရရင်တော့ မဲဆန္ဒရှင်စာရင်းများ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ဖြုတ်ပယ်ခင်း၊ ပြောင်းရွှေ့ခြင်း ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်က အထက်နှင့်အောက်အပြန် အ လှန် ညွှန်ကြားချက်များပေးပြီး ဆောင်ရွက်နေကြပေမယ့် တကယ်တမ်း လက်တွေ့ကျကျ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ အောက်ခြေ အဖွဲ့အစည်း များ၏ ရိုးသားမှန်ကန်မှုက အဓိကပါ။ စနစ်တကျနှင့် သေသေချာချာ ပြုစုပေးရင်း မဲစာရင်းတွေ မှားနိုင်စရာ အကြောင်းမရှိပါဘူး။ တစ်ခုတော့ ရှိပါတယ်။ အောက်ခြေအဖွဲ့အစည်းရဲ့ ရိုးသားစွာ ဆောင်ရွက်နေမှု များ အပေါ် အုပ်ချုပ်ရေး အဖွဲ့အစည်းများရဲ့ဖိအားပေး လွှမ်းမိုးမှုတွေ မခံရဖို့တော့ အရေးကြီးပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ကတော့ မဲစာရင်းတွေ မှန်ကန်မှုက အရေးကြီးဆုံးပါပဲ။ ကဏ္ဍအသီးသီး၊ နယ်ပယ်အသီးသီးက ဝေဖန်ပိုင်းခြားနိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ သတင်းမီဒီယာတွေနဲ့ နိုင်ငံတကာကလည်း ပိုပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်လာနေပြီဆိုတော့ တရားမျှတမှုနဲ့ တိကျမှုများရှိအောင် တာဝန်ရှိသူများက ဆောင်ရွက်ပေးရမှာပါ။ အဓိက ကတော့ မဲစာရင်းတွေကို အချိန်မီ စိစစ်ပေးပြီး ရွေးကောက်ပွဲကော်မရှင်ကလည်း မဲစာရင်းတွေကို စောစောစီးစီး ထုတ်ပြန်ပေးလိုက်မယ်ဆိုရင်တော့ မဲဆန္ဒရှင် ပြည်သူလူထုတွေ သံသယ၀င်စာရာ အကြောင်းမရှိပါဘူး။ သံသယ၀င်ရင်လည်း တိုက်ဆိုင်စစ်ဆေးနိုင်ကြမှာပါ။
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ကတော့ မဲစာရင်းတွေ မှန်ကန်မှုက အရေးကြီးဆုံးပါပဲ။ ကဏ္ဍအသီးသီး၊ နယ်ပယ် အသီးသီးက ဝေဖန်ပိုင်းခြားနိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ သတင်းမီဒီယာတွေနဲ့ နိုင်ငံတကာကလည်း ပိုပြီး အနီးကပ် ပူးပေါင်း ဆောင်ရွက်လာနေပြီဆိုတော့ ... |
ကတိသစ္စာ တည်သောအခါ သြဇာလေးနက်၊ ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏ဆိုတဲ့ ရှေးပညာရှိများက မှန်သောစကား ဂုဏ်ရည်ကို ဖော်ထုတ်ခဲ့ကြပါတယ်။ မှန်သော သစ္စာစကားကြောင့် သုဝဏ္ဏသာမ မင်းသားမြားဒဏ်ရာ ပျောက်ကင်းပြီး သားရွှေအိုးထမ်းလာတဲ့ မြင်ကွင်းကို မိဘနှစ်ပါး မြင်တွေ့ခွင့်ရခဲ့ကြတာပါ။ မှန်မှန်ကန်ကန် ပြောဆိုလုပ်ကိုင်ဆောင်ရွက်နေသူများအဖို့ ရွှေအိုးထမ်းလာတဲ့ အဖြစ်မျိုးနဲ့ ဆုံတွေ့ကြမှာပါ။
မည်သို့ဖြစ်စေ ကြားဖြတ်ရွေးကောက်ပွဲကြီး နီးကပ်လာသည်နှင့် အမျှ တရားမျတလွတ်လပ်ခြင်းများနှင့် အတူပြည်သူလူထုနှင့် နိုင်ငံတကာမှ မှတ်ကျောက်တင်ခံနိုင်မယ့် မှန်ကန်တိကျသော ကြားဖြတ်ရွေးကောက်ပွဲကြီးကို မဖြစ်မနေ ကျင်းပပေးရတော့မှာပါ။ နိုင်ငံတော်နှင့် နိုင်ငံသား များအားလုံး၏ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ပန်ဆင် ဆောင်ရွက်နေသော နိုင်ငံတော်အစိုးရအဖို့ သန့်ရှင်းသော အစိုးရ၊ မှန်ကန်သော အစိုးရအဖြစ် ကမ္ဘာ့အလယ် ကမ္ပည်းမော်ကွန်းအထိုးခံနိုင်ဖို့ အမှားများကို အတတ်နိုင်ဆုံး ကင်းစင်အောင် ဆောင်ရွက်ပေးပြီး သမာသမတ်ကျတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးနိုင်ခြင်းဖြင့် သက်သေပြရန်သာ ရှိပါတော့သည်။
အမှန်တရားသည်သာ အနာဂတ်ကို အဆုံးအဖြတ် ပေးသွားပါလိမ့်မည်။ ပြည်သူပြည်သားအားလုံး အမှန်တရားကို မြတ်နိုးသူများ ဖြစ်နိုင်ကြပါစေ။ http://www.weeklyeleven.com
0 comments:
Post a Comment