မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပြိုင်ပွဲတွေ ကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတစ်ကြောမှာ အလုံးအရင်းနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပကြသလို မြန်မာနိုင်ငံရဲ့ မြေပြန့် ဒေသ မြို့ကြီးပြကြီးတွေမှာလည်း အထိမ်းအမှတ်ပုံသဏ္ဍာန်၊ ရန်ပုံငွေပွဲပုံစံ တွေနဲ့ စီစဉ်တင်ဆက်နေကြပါတယ်။ အခုလည်း လာပြန်ပါပြီ။
၂၀၁၂ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့နဲ့ ၂၇ ရက်တွေမှာ ပြည်ခရိုင် အား/ကာ ရန်ပုံငွေပွဲအဖြစ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပြိုင်ပွဲတစ်ရပ် ကို ကျင်းပဖို့ ရှိနေပါတယ်။
ဒီပွဲစဉ်က တော့ အားကစားဝန်ကြီးဌာန၊ မြန်မာ နိုင်ငံရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်ကနေ ကြီးမှူးပြီး မြန်မာမီဒီယာဂရု(ပ်)ကနေ စီစဉ်တဲ့ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ လည်းဖြစ်ပါတယ်။
ဘယ်သူတွေထိုးသတ်ကြမှာလဲ ပြည်ခရိုင်၊ ပြည်မြို့နယ်မှာ ကျင်းပ ပြုလုပ်မယ့် ဒီမြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပြိုင်ပွဲကြီးကိုတော့ အဓိက နာမည်ကျော်လက်ဝှေ့သမားတွေ ပါဝင် တဲ့ တွဲဆိုင်းလေးဆိုင်းနဲ့ ထိုးသတ်ကြမှာ ဖြစ်ပါတယ်။
အဲဒီတွဲဆိုင်းတွေကတော့
၁။ မြန်မာပြည်အလွတ်တန်းချန်ပီယံ လုံးချော(ညောင်တုန်း) နှင့် ထပ်ဆင့် ရွှေခါးပတ်ချန်ပီယံ ကြယ်လင်း(တောင် ကလေး)
၂။ ရွှေခါးပတ်ချန်ပီယံ စောအုန်းမြင့် (မြို့တော်စည်ပင်)နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ရွှေတံဆိပ်ဆုရှင် သပြေညို(ဘိလပ်မြေစက်ရုံ)
၃။ လေးညှို့ရှင်(သာစည်) နှင့် ရဲတံခွန်(အလင်းရောင်)
၎။ သပြေအောင် (ဘိလပ်မြေစက်ရုံ) နှင့် အောင်ဂဲစော(တောင်ကလေး)
အတွဲတွေပဲဖြစ်ကြပါတယ်။
ဒီနေရာမှာ လက်ဝှေ့ချစ်ပရိသတ်ကြီးအနေနဲ့ ကြိုတင်ခံစားလို့ရနိုင်ဖို့အတွက် တွဲဆိုင်း ထိုးသတ်ကြမယ့် သူတွေရဲ့ အခင်းအကျင်း၊ အနေအထား၊ သမိုင်းနောက်ခံတွေကို စုစည်းတင်ပြပေးလိုက်ရပါတယ်။
လုံးချောနှင့် ကြယ်လင်းအောင် လုံးချော(ညောင်တုန်း)ဟာ ရွှေ ခါးပတ်ချန်ပီယံ၊ ပြည်နယ်နှင့်တိုင်းဒေသ ကြီး ရွှေတံဆိပ်ဆုရှင် တစ်ဦးဖြစ်ခဲ့သလို ဂျပန်ပြည်တော်ပြန် လက်ဝှေ့သမား တစ်ဦးလည်းဖြစ်ပါတယ်။ ဂျပန်မှာ နေထိုင်စဉ်ကာလမှာလည်း မြန်မာ့ လက်ဝှေ့ဂုဏ်ဆောင်ခဲ့တဲ့မောင်တစ်ဦး ပါ။
သူဘက်ကကြည့်ရင် တစ်လကို အနိမ့်ဆုံးတစ်ကြိမ်တော့ လက်ဝှေ့ထိုး သတ်နေတဲ့ သဘောရှိပါတယ်။
၂၀၁၂ ဆန်းစ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲ တောင်ငူမှာ လက်ဝှေ့ထိုးသတ်ခဲ့ သလို ပြည်ထောင်စုနေ့မှာလည်း ဒဂုံ ရွှေအောင်လံ ဒုတိယဆုရှင် ရန်နိုင် အောင်(တောင်ကလေး)နဲ့ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်ပါတယ်။
လုံးချော အနေနဲ့ သူ့ထက်အရပ်နိမ့်တဲ့သူတွေ ဆိုရင် ထိုးရတာ ခက်မယ်လို့ထင်မိပါ တယ်။
ဘာဖြစ်လို့လဲဆိုတော့ အခု ယှဉ်ပြိုင်ထိုးသတ်မယ့် ကြယ်လင်း အောင်(တောင်ကလေး)ကို ရန်ကုန်၊ သုဝဏ္ဏကွင်းမှာ ထိုးသတ်ခဲ့ဖူးပြီး သရေ ကျထားလို့ပါ။
ဒါ့ပြင် သူဟာ ၀င်းထွန်း ကိုလည်း ရှုံးနိမ့်ခဲ့ဖူးပါတယ်။ သုံးသပ် ကြည့်ရင် နိမ့်တဲ့သူကို ထိုးရခက်တဲ့ သဘောတော့ရှိနေပါတယ်။
ဒီနေရာမှာ လုံးချောကြီးနဲ့ ယှဉ်ပြိုင် ရင်ဆိုင်မယ့် ကြယ်လင်းအောင်(တောင် ကလေး)အကြောင်းကလည်း စိတ်ဝင် စားစရာ ကောင်းနေပြန်ပါတယ်။
ကြယ် လင်းအောင်ဟာ ကလေးဘ၀ကတည်း က လက်ဝှေ့ထိုးခဲ့ပြီး ပထမတန်းကို မရောက်ခင် ကြားပွဲအဆင့်တွေမှာပဲ တွေ့မရှောင်နဲ့ မွန်ပြည်နယ်မှာ ဆုံခဲ့ပါ တယ်။
အဲဒီတုန်းက ကြယ်လင်းအောင် အနေနဲ့ အနိုင်ထိုးခဲ့သလို စောအုန်းမြင့် ကို သရေ၊ ဒေါဂျစ်ကို သရေနဲ့ လုံးချော ကိုလည်း သရေထိုးနိုင်ခဲ့တဲ့ မောင်ပါပဲ။
တကယ်ဆိုရင် သူ သရေထိုးသတ်ခဲ့သူ တွေက 'တကယ့်အမာ'စားတွေကို ထိပ်တိုက်ထိုးခဲ့တာဖြစ်ပါတယ်။
လက်ဝှေ့သမား တော်တော်များများ နဲ့ မစိမ်းခဲ့တဲ့ ကြယ်လင်းအောင်ဟာ လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်က ဒဂုံ ရွှေအောင်လံဆုရဖို့ အတော်ကြီးနီးစပ် နေတဲ့ အနေအထားမှာ မော်တော် ဆိုင်ကယ် အက်ဆီးဒင့်ဖြစ်တဲ့အတွက် တစ်နှစ်လောက်နားနေရာကနေ အခုမှ ပြန်ထိုးဖြစ်တာဖြစ်ပါတယ်။
အဲဒီလို ပြန်ထိုးချိန်မှာ မွန်ပြည်နယ် ၀င်းထွန်းနဲ့ ပွဲမှာ ပထမအချီ နှစ်မိနစ်မှာကတည်းက ၀င်းထွန်း အနားတောင်းရလောက် အောင် လက်သီးနဲ့ကျစေခဲ့ပြီးနောက် စက္ကန့်အနည်းငယ်လောက်မှာပဲ သူ့ရဲ့ ဂလန့်ဒူးနဲ့ ၀င်းထွန်းရှုံးခဲ့ရတာပါ။
အဲဒီ ပွဲအပြီး ရက်ပိုင်းအတွင်း မန္တလေးမှာ တွေ့မရှောင်နဲ့ ထိုးသတ်ခဲ့တဲ့အခါမှာ လည်း မန္တလေးပရိသတ်အကြိုက်ဆုံးပွဲ ဖြစ်ရ လောက်အောင် အလူးအလဲနဲ့ ပူးတွဲသရေဖြစ်ခဲ့ရပါတယ်။
ဒါကြောင့် အခု ပြည်မြို့ပွဲမှာတော့ လုံးချောနဲ့ ကြယ်လင်းအောင်၊ ကြယ်လင်းအောင်နဲ့ လုံးချောတို့ ဘယ်လိုအဖြေထွက်မလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။
စောအုန်းမြင့်နဲ့ သပြေညို ဒီနေရာမှာ သပြေညို(ဘိလပ်မြေ စက်ရုံ)ရဲ့ အကြောင်းကိုပြောရရင် သူဟာ မြိုင်ကလေးမှာရှိတဲ့ အမှတ်(၁)တပ်မတော် ဘိလပ်မြေစက်ရုံကနေ ထွက်ပေါ် လာတဲ့ လက်ဝှေ့သမားကောင်းတစ်ဦး ဖြစ်ပါတယ်။
သူအနေနဲ့ ဒဂုံရွှေအောင်လံ ဒုတိယတန်းမှာ နှစ်စဉ်အသည်းအမည်း ဇွဲနပဲကြီးစွာနဲ့ ထိုးသတ်ခဲ့သူတစ်ဦးဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးရွှေတံဆိပ် ဆုရှင်တစ်ဦးလည်းဖြစ်ပါတယ်။
ဒါ့ပြင် အနောက်တိုင်းလက်ဝှေ့မှာလည်း ရွှေ တံဆိပ်ဆွတ်ခူးခဲ့တဲ့ မောင်တစ်ဦးလည်း ဖြစ်နေပြန်ပါတယ်။
သပြေညိုဟာ ပြီးခဲ့တဲ့ ၂၀၁၂ ဒဂုံ ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲကြီးမှာ ဆီမီးဖိုင်နယ်အဆင့် သားသား(T&T) နဲ့ ထိုး သတ်ခဲ့ဖူးသလို ပြည်နယ်နဲ့တိုင်းဒေသကြီး ရွှေတံဆိပ် ဆုရှင်တစ်ဦးဖြစ်တဲ့ ဒေါင်းသည်းခြေ (၀ါဆို)နဲ့လည်း ယှဉ်ပြိုင်ခဲ့ဖူးသူပါ။
သူဟာ နောက်ဆုံးဗိုလ်လုပွဲအဆင့် ရွှေသိန်း အောင်(တောင်ကလေး)နဲ့ ထိုးသတ်ရာ မှာတော့ အမှတ်နဲ့ ရှုံးနိမ့်ခဲ့လို ဒဂုံရွှေ အောင်လံ ဆိုကို သီသီကလေးကပ်လွဲ သွားခဲ့သူတစ်ဦးဖြစ်ခဲ့ရပါတယ်။
ရွှေခါးပတ်ချန်ပီယံတစ်ဦးဖြစ်ပြီး တနင်္သာရီတိုင်းကို ကိုယ်စားပြုကာ ရွှေတံဆိပ်ဆုရှင်တစ်ဦးဖြစ်တဲ့ စောအုန်း မြင့်(မြို့တော် စည်ပင်)ဟာဆိုရင်လည်း ၂၀၁၂ ဒဂုံရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးမှာ ရွှေသိန်းအောင် (တောင်ကလေး)နဲ့ ထိုးသတ် ခဲ့ဖူးသလို အခု ပထမတန်းထိုးနေတဲ့ ရန်ကြီးအောင် နောက်ပြီး ကြယ်လင်းအောင်တို့နဲ့ပါ ထိုးသတ်ခဲ့ဖူးသူတစ်ဦးလည်းဖြစ်ပါ တယ်။
သူဟာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ က ကျင်းပပြုလုပ်သွားတဲ့ မွန်ပြည်နယ် ကွန်ဝှမ်ကျေးရွာလက်ဝှေ့ပွဲမှာ သားသား (T&T) နဲ့ ရင်ဆိုင်ယှဉ်ပြိုင်ပြီး သရေကျ ထားတာမို့ ပွဲဆက်များနေသူတစ်ဦး လည်းဖြစ်ပါတယ်။
မြန်မာ့လက်ဝှေ့ လောကကို မှန်မှန်လေးနဲ့ သက်တမ်း ရှည်ရှည်ရင်ဆိုင်ယှဉ်ပြိုင်နေတဲ့မောင် တစ်ဦးဆိုရင်လည်း မမှားပါဘူး။
တကယ်တော့ ပြည်မြို့ဆိုတာ ၁၉၉၀ ပြည့်နှစ်လွန်နှစ်များဆီက မြန်မာ့ရိုးရာ လက်ဝှေ့သမိုင်းမှာရော၊ လက်ဝှေ့ ကြိုးဝိုင်းတွေရဲ့ ဒိုင်တစ်ဦးအဖြစ်နဲ့ပါ နာမည်ကျော်ကြားထင်ရှားခဲ့တဲ့ 'ပွဲကျောင်းသား'ဆိုတဲ့ လက်ဝှေ့သမား ကြီးရဲ့ ရေခံမြေခံဒေသတစ်ဦးဖြစ်ပါ တယ်။
ဒါကြောင့် အခုလာမယ့် တနင်္လာ၊ အင်္ဂါနေ့တွေမှာ ကျင်းပမယ့် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးမှာတော့ ဘယ်သူတွေ က ဘယ်လို ဘယ်ပုံ ထိုးသတ်ပြီး ပရိသတ် ရဲ့ ဩဘာလက်ခုပ်သံတွေကို ဘယ်သူ တွေ ရရှိမလဲဆိုတာကတော့ အင်မတန် စိတ်ဝင်စားစရာကောင်း နေပါတယ်။ http://myanmar.mmtimes.com/2012

0 comments:
Post a Comment