ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓု ပရိယတ္တိ စာသင်တိုက်၏ ကျောင်းထိုင်နာယက ရွှေညဝါဆရာတော် အရှင်ပညာသီဟ။
ဆရာတော်ဟာ အမေရိကန်နိုင်ငံရောက် မြန်မာကွန်ယက်အဖွဲ့ အစည်းရဲ့ စီစဉ်မှုနဲ့  အာရှ နဲ့ ဥရောပက ဒိန်းမတ်၊ နယ်သာလင်၊ ဖင်လန်၊ နော်ဝေး၊ အင်္ဂလန် နဲ့ အမေရိကန် နိုင်ငံတွေကို ကြွမှာ ဖြစ်ပါတယ်။ရှေ့လ ၁၀ ရက်နေ့မှာ ထိုင်းသာသနာပြုခရီး စတင်မှာ ဖြစ်ပြီး ခရီးစဉ်နဲ့ ပတ်သက်ပြီး ဆရာတော်က အခုလို မိန့်ပါတယ်။"အမေရိကန်မှာ ရောက်နေတဲ့ တကာတွေက သာသနာပြုလုပ်ငန်းတွေအတွက် ကျောင်းဆောင်တွေ တည်ဆောက်နိုင်ဖို့အတွက် တရားပွဲတွေ ဥရောပနိုင်ငံ အသီးသီးမှာ ပြင်ဆင်ကျင်းပပေးမယ်၊ ဆရာတော် ကြွနိုင်မလားဆိုလို့ ကြွမယ်လို့ ပြောလိုက်တာလေ။ သူတို့ လှူတဲ့ န၀ကမ္မတွေကို ဗမာပြည်မှာ ဘုန်းကြီးလိုအပ်နေတဲ့ ကျောင်းအဆောက်အဦးတွေ ဆောက်ပြီးတော့ ဗုဒ္ဓတက္ကသိုလ်ကြီး ပြန်ဖွင့်ပြီး သံဃာတွေကို တထောင်လောက်ပြန်မွေးပြီးတော့ သာသနာပြုလုပ်ငန်းတွေကို ပြန်လည် ထူထောင်မယ်။"ရွှေည၀ါဆရာတော်ဟာ မန္တလေးတိုင်းဒေသကြီး ၊ မဟာအောင်မြေရပ်က NLD ရုံးမှာ တရားဟောခဲ့တဲ့ အတွက် ဆရာတော်သီတင်းသုံးတဲ့ သာဓုပရိယတ္တိ စာသင်တိုက်ကနေ ဖယ်ရှားဖို့  နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ http://www.rfa.org/burmese/news
0 comments:
Post a Comment