http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

8 Mar 2012

မူဆယ်မြို့တွင် အထူးစီးပွားရေးဇုန် တည်ဆောက်ရန် စီစဉ်နေ

တရုတ်-မြန်မာ နယ်စပ်မူဆယ်မြို့တွင် အထူးစီးပွားရေးဇုန် Special Economic Zone တည်ဆောက်ရန် စီစဉ်နေကြောင်းနှင့် ယင်း အကြောင်းအရာများနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ စိုင်းမောက်ခမ်းက လားရှိုးခရီးစဉ်အတွင်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
“မူဆယ်မှာ အထူးစီးပွားရေးဇုန် တည်ဆောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဒုတိယသမ္မတရဲ့ လားရှိုးခရီးစဉ် အတွင်းမှာ ထည့်သွင်း ဆွေးနွေးခဲ့ကြတယ်။ အထူးသဖြင့်က ဒီဆင်းရဲမွဲတေမှုကို လျော့ချဖို့အတွက် စပြီးလုပ်တဲ့ သဘောပါ။ စီးပွားရေးဇုန်နဲ့အတူ အများပိုင်ကုမ္ပဏီတွေလည်း ဖွဲ့စည်းခွင့်ပေးမယ်လို့ ပြောတယ်။ အများပိုင် ကုမ္ပဏီတွေရှိခြင်း အားဖြင့် အစုရှယ်ယာရောင်းလို့ ရတယ်။ဘာပဲဖြစ်ဖြစ် ဘဏ်တိုးနှုန်းတွေ ထက်မြင့်အောင်တော့ ပေးမယ်ဆိုရင် ရှယ်ယာတွေရောင်းလို့ ရပါတယ်။  ၂၀၁၅ AFTA အမီလုပ်သွားဖို့ စီစဉ်နေတာပါ။ ၂၀၁၅  ခုနှစ် မှာ Asean Economic Community နဲ့ Asean Free trade Area အကောင်အထည်ပေါ်လာရင် ကျွန်တော်တို့ အခုလို တရုတ်ကို ကုန်ကြမ်းရောင်းနေရုံနဲ့တော့ မရတော့ပါဘူး။ ဒီအတွက် ပြင်ဆင်တာပါ” ဟု မူဆယ် နမ့်ခမ်းအသင်းမှ တာဝန်ရှိသူတစ်ဦး က ပြောပြခဲ့သည်။
လက်ရှိ အခြေအနေတွင်မူ တရုတ်-မြန်မာနယ်စပ် ကြယ်ခေါင် ဒေသ၌ နေထိုင်သူများတွင် မြန်မာလူမျိုး ၅၀ ရာခိုင်နှုန်း ၀န်းကျင်ရှိကြောင်းနှင့် ရွှေလီမြို့တွင် ၂၅ ရာခိုင်နှုန်း ရှိနေကြောင်းနှင့် ထိုသူများ မူဆယ်နယ်စပ်သို့ ပြန်လာနိုင်ရန် အလုပ်အကိုင် အခွင့်အလမ်း ဖွင့်ပေးရန် ဦးစွာလိုအပ်နေကြောင်း သုံးသပ်မှုများလည်း ရှိသည်။
“အခု SEZ နဲ့ ပတ်သက်ပြီး အဆိုတင်သွင်းကြတယ်။ အခုဆိုရင် ကုန်သည်တွေက သူတို့ရဲ့ကုန်ပစ္စည်းတွေကို မူဆယ်မှာ မထားနိုင်တော့ ကြယ်ခေါင်မှာ သွားထားရတယ်။ အဲဒီမှာ ရဲက အမျိုးမျိုးညစ်တာလည်း ရှိတယ်။ ဖြစ်နေတာက မူဆယ်မှာက လိုင်စင်လျှောက်ပြီး ပစ္စည်းတွေပဲထားခွင့်ရှိတယ်။ ဒီတော့ ဟိုဘက်မှာရှိနေတဲ့ ထမင်းဆိုင်တွေကအစ အလုပ်သမားတွေ၊ ကုန်လှောင်ရုံတွေ ဒီဘက်ကို အရင်ပြန်ရောက်ဖို့ လိုတယ်။ ဒါတွေကို အရင်စနစ်တကျ ပြန်စိစစ်သင့်တယ် ထင်တယ်။ လောလောဆယ်မှာ မြန်မာဘက်က ရောင်းတဲ့ပစ္စည်းတွေကို တရုတ်ဘက်က အချိုအချောင်နဲ့ရနေတဲ့ အနေအထားမျိုးကြောင့် ယူတာပါ။ အခုဆို ဆန်တင်ပို့ခွင့်ရတယ်။ ပြောင်းတင်ပို့ခွင့် ရတယ်။ ဒါပေမဲ့ သူတို့ဘက်က ခွင့်မပြုတော့ မှောင်ခိုလမ်းကြောင်း က တင်ပို့ရတယ်။ ဈေးနှိမ်ခံရတယ်။ တကယ်လို့များ VALUE ADDED လုပ် ရောင်းမယ်ဆိုရင်သူတို့ယူပါဦးမလား  စိုးရိမ်စရာရှိတယ်”ဟု နယ်စပ် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ လက်ရှိအနေအထားတွင် တရုတ်ဘက်သို့ ကုန်ကြမ်းပစ္စည်း သာတင်ပို့ရောင်းချနေရသောအနေ အထားမှ Value Added တန်ဖိုးမြင့် ထုတ်ကုန်ထုတ်လုပ်၍ ရောင်းချရန် စီစဉ်နေမှုအပေါ် တခြားတစ်ဘက် မှလည်း အဆင်ပြေနိုင်ကြောင်း သုံးသပ်သည်။ “တရုတ်ဘက်က၀ယ်၊ မ၀ယ်တွေးပြီး ဘာမှမလုပ်ဘဲနေလို့ မရဘူး။ အခုအချိန်မှာ ကျွန်တော် တို့ ဆီကပဲ နှမ်းတွေဝယ်။ ဂိုထောင်ထဲပြန်ထည့်ပြီး Value Added လုပ်ပြီး သူတို့ကပြန်ထုတ်နေတာပဲ။ ကျွန်တော်တို့မှာ နည်းပညာနဲ့ အရင်းအနှီးပဲလိုတယ်။ သူဝယ်ပါ့မလား ဆိုပြီး စိုးရိမ်စရာတော့ မလိုပါဘူး” ဟု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
eleven media groupမှကူးယူတင်ပြသည်

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif