http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

28 Apr 2012

အကြွေးပြန်ဆပ်ရင် အာရှဖွံဖြိုးရေးဘဏ်က မြန်မာကိုကူမည်

မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ထွန်းလာတဲ့ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေးကို အကူအညီပေးဖို့ အဆင့်သင့်ရှိကြောင်း အာရှဖွံဖြိုးရေးဘဏ် ADB ဥက္ကဋ္ဌ Haruhiko Kuroda က မနေ့က ပြောကြားလိုက်ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံက ADB အပေါ် အကြွေးတင်နေတဲ့ အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါးကို လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရအနေနဲ့ မဖြစ်မနေ ပြန်ဆပ်မှသာ နောက်ထပ် ငွေကြေးဆိုင်ရာ အကူအညီအသစ်တွေကို ပေးနိုင်မှာဖြစ်တယ်လို့ သူကဆိုပါတယ်။
ဒီလိုအကြွေးပေးဆပ်နိုင်ဖို့ အတွက်လည်း ADB ဟာ မြန်မာအစိုးရနဲ့ အပြုသဘောဆောင် ဆက်ဆံသွားမယ်လို့ Mr. Kuroda က ပြောပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အထောက်အကူ ဖြစ်စေဖို့အတွက် ရည်ရွယ်တယ်လို့လည်း သူကဆိုပါတယ်။
အရှေ့တောင်အာရှရဲ့လူဦးရေ စာရင်းအရဆိုရင် မြန်မာပြည်ဟာ အဆင့်လေးမှာရှိနေပြီး အလုပ်သမားဦးရေ အများအပြားရှိနေတာကြောင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအတွက် အခွင့်အလမ်းကောင်းတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် သဘာဝ သယံဇာတ ပေါကြွယ်ဝပြီး သဘာဝရေနံနဲ့ ဓာတ်ငွေ့တွေ ထွက်ရှိတဲ့နိုင်ငံ ဖြစ်တဲ့အကြောင်း ADB ဥက္ကဋ္ဌ က ပြောသွားပါတယ်။
www.rfa.org/burmese/news

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif