Q. ဒီနှစ်Show ကို မန္တလေး မှာ ဘာကြောင့်လုပ်ဖြစ်တာလဲ။
A. ကျွန်တော့်ဘဝမှာ မွေးနေ့ ရှိုးတွေ (၇)နှစ်ဆက်တိုက်လုပ်ပြီး သွားပါပြီ။ (၇)နှစ်လုံးက ရန်ကုန် မှာချည်းပါပဲ။ ဒီနှစ် ကျွန်တော် အ ပြောင်းအလဲ တစ်ခုဖြစ် သွားအောင် မန္တလေးပရိသတ်နဲ့လည်း ဘယ်လို အဖြေထွက်လာမလဲဆိုတာကိုကျွန် တော့်အတွက်လည်း စိန်ခေါ်မှုအ သစ်တစ် ရပ်လည်းဖြစ် တဲ့အတွက် မန္တလေးကိုသွားလုပ်မယ်ဆိုပြီး ရွေး ချယ်ခဲ့တာပါ။ အဲဒီအတွက် ရန်ကုန် ပရိသတ်ကြီးကို ကျွန်တော်တောင်း ပန်ပါတယ်။ နောက်နှစ် ကျရင် ရန် ကုန်ပရိသတ်နဲ့ ကျွန်တော် ပြန်တွေ့ ပါမယ်။
Q. စိန်ခေါ်မှုတွေကိုကြိုက် တတ်သူလား။ ဘဝမှာ စိန်ခေါ်မှု တွေ ဘယ်လောက်ရင်ဆိုင်ခဲ့ရလဲ။
A. ကျွန်တော့်ရဲ့ငယ်ဘဝမှာ ဖြစ်ချင်ခဲ့တဲ့ အိပ်မက်တွေ၊ ရည်မှန်း ချက်တွေ၊ ကျွန်တော်ဝါသနာပါတဲ့ ဂီတ၊ ရုပ်ရှင် ဒီအလုပ်တွေက ကျွန် တော့်အတွက် အမြဲတမ်း၊ လက်တစ် ကမ်းအကွာမှာ ရှိနေခဲ့တာမဟုတ် ပါဘူး။ အမြဲတမ်း မိုးမြင့်တမျှဝေး ကွာလွန်းပါတယ်။ အဲဒါကို အမီ လိုက်နေရင်းကပဲ ကျွန်တော်ဟာ စိန်ခေါ်မှုတွေကို စွဲလမ်းခုံမင်သူ ဖြစ်လာပါတယ်။ ရှေ့ဆက်ပြီးတော လည်း ကျွန်တော် စိန်ခေါ်မှုတွေနဲ့ ရှိနေဦးမှာပါ။
Q. အသက်ကြီးလာတာနဲ့ သင်္ကြန်ပေါ်မှာ ခံစားမှုကရော..A. အရင်ဆုံးပြောချင်တာက အစ်မပြောတဲ့ အသက်ကြီးလာပေ မယ့်ဆိုတဲ့စကားကို ကန့်ကွက်ပါ တယ်။ ထပ်ပြောချင်တာက သင်္ကြန် ကို ကျွန်တော် သိပ်ချစ်တယ်၊ ကြိုက် တယ်။
Q. ကိုယ့်ကိုယ်ကိုယ် အသက် ကြီးလာပြီလို့ ခုထိမတွေးသေးဘူး ပေါ့။A. ဟင့်အင်း ကျွန်တော်က အမြဲတမ်း ၁၈ နှစ်ပါ။ ပြက္ခဒိန်တွေ ကြာလာတာနဲ့အမျှ အတွေ့အကြုံ ဆိုတဲ့အရာတွေကများလာတာပေါ့။ အတွေ့ အကြုံပေါ် မှာမူတည်ပြီး ပြောင်းလဲတာတွေလည်း ရှိမှာပါ။ သေချာတာက ကျွန်တော်တို့ ရုပ် ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ၊ အိုမင်း ရင့်ရော်လာတာတွေရှိနိုင်တာပေါ့။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲရင်ထဲမှာ ကျွန်တော်လုပ်ချင်တဲ့အလုပ်တွေကို တော့ ၁၈ နှစ်အရွယ်လူငယ်တစ် ယောက်ရဲ့ ရဲရင့်မှု၊ တက်ြွကမှု၊ ကောင်းကင်ပေါ် မှာဝဲပျံလိုက်မယ် ကွဆိုတဲ့ မာန်ဟုန်မျိုးနဲ့ ကျွန်တော် အလုပ်လုပ်ပါတယ်။
Q. ဒီနှစ်သင်္ကြန် ဘယ်လိုဖြတ် သန်းဖို့အစီအစဉ်ရှိလဲ။A. ကျွန်တော် ရန်ကုန်မှာပဲ ဖြတ်သန်းဖြစ်မှာပါ။ သူငယ်ချင်း တွေ၊ ပရိသတ်တွေနဲ့ပေါ့။
Q. သင်္ကြန်နဲ့ပတ်သက်ပြီး ပ ရိသတ်ကို အမှတ် တရ စကားပြော ပေးပါဦး။
A. သင်္ကြန်ဆိုတာ ကျွန်တော် တို့မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်ပါ တယ်။ မြန်မာပြက္ခဒိန်ရဲ့ နှစ်သစ် ကူးပွဲတော်ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ နှစ်သစ်ကို အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းကြပါ မယ်။ ပြီးတော့ လာမယ့် မြန်မာနှစ် သစ်မှာ လူတိုင်း၊ အရာတိုင်း အရာ တိုင်းက နှစ်ဟောင်းထက်ပျော်ရွှင် စရာကောင်း တဲ့ နှစ်သစ်ကို ပိုင်ဆိုင် နိုင်ပါစေလို့။
Q. သင်္ကြန်ဆိုတာ ရေချိုတွေ ဖြုန်းတီးပစ်နေတယ်လို့ မထင်ဘူး လား။A. သင်္ကြန်ဆိုတာ ရေချိုတွေ ဖြုန်းတီးပစ်နေတယ်ဆိုတဲ့စကား ကျွန်တော် ခုမှကြားဖူးတာပါ။ အဲဒီ အတွက် ကျွန်တော် အဲဒီစကား မှန် တယ်မှားတယ်လို့ မသုံး သပ် တတ်ပါ ဘူး။ ဒါပေမဲ့ ကျွန်တော်က သင်္ကြန် မှာမွေးတဲ့ချာတိတ်တစ်ယောက်အ နေနဲ့ မွေးကတည်းက သင်္ကြန်ကျဖူး လာတဲ့ လူတစ်ယောက် အနေနဲ့က တော့ သင်္ကြန်မှာရေ ပက်မှာပါပဲ။
http://www.yoyarlay.com
0 comments:
Post a Comment