ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်တွင်တွေ့ဆုံမည့် ဘာစီလိုနာအသင်းအား အနိုင် ကစားနိုင်သည်ဟု ချယ်လ်ဆီး ကွင်းလယ် ကစားသမား လမ်းပတ်မှ ယုံကြည်နေကြောင်း သိရသည်။ဘင်ဖီကာ အသင်းအားနှစ်ကျော့ပေါင်း (၃-၁)ဖြင့် အနိုင်ရရှိပြီးနောက် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင် ခဲ့သည့် ချယ်လ်ဆီးကွင်းလယ် ကစားသမား လမ်းပတ်မှ သူ၏ စိတ်များမှာ (၂၀၀၉)ခုနှစ်က ဘာစီလို နာနှင့်တွေ့ဆုံ ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ် ဆီမီဖိုင်နယ် သို့ပြန် လည် ရောက် ရှိသွားကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။ “ သူတို့ အသင်းနဲ့ ပတ်သက်ပြီး ဘယ်သူမှ အစာမကြေသေး ပါဘူး။
အဲဒီပွဲက ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ ရှိနေဆဲပါ ဒါပေမယ့် ခုလက်ရှိ အချိန်နဲ့ အများကြီး ကွာသွားပါပြီ ဒါကြောင့် ကျွန်တော်တို့ သူတို့ကို အနိုင်ယူဖို့ ကြိုးစားရပါမယ်”ဟုလမ်းပတ်မှ ပြောဆိုခဲ့သည်။ ယခုလို ဆီမီးဖိုင်နယ် အဆင့်တွင် ဘာစီလိုနာ အသင်းနှင့် ပြန်လည် တွေ့ဆုံခြင်းမှာ (၂၀၀၉) ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ဘာစီလိုနာ အသင်းမှ အကောင်းဆုံးခြေစွမ်းပြသ နေနိုင်သော်လည်း လမ်းပတ်မှ သူတို့ အသင်းကျော်ဖြတ်နိုင်မည်ဟု ယုံ ကြည်နေကြောင်း သိရသည်။
http://www.yoyarlay.com






Kuala Lumpur Time
0 comments:
Post a Comment