ဒေါ်အောင်ဆန်းစုကြည်သည် ၃ မိနစ်ခန့်မဲရုံတွင် ကြည့်ရှုခဲ့ပြီးနံနက် ၇ နာရီ ၅ မိနစ်တွင် ပြန်လည်ထွက်ခွာသွားပြီး၊ ငှက်အော်စမ်းမှတစ်ဆင့် ကော့မှူးမြို့နယ်ဘက်သို့ ဆက်လက်ထွက်ခွာသွားသည်။
ဝါးသင်္ခကျေးရွာ မဲရုံအမှတ် (၁)တွင် ရွာ၏ အသက်ကြီးဆုံးအဘွားဖြစ်သူ အသက် (၉၅) နှစ်အရွယ်ရှိ ဒေါ်အေး မဲလာရောက်ပေးလျက်ရှိသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မဲဆန္ဒနယ်အမှတ် (၃)အမျိုးသားလွှတ်တော်အတွက် လားရှိုးမြို့နယ် မြို့ပေါ်ရှိ မဲရုံများတွင် ယခု ၇ နာရီ ၁၅ မိနစ်အထိ မဲလာရောက်ပေးသူ ၄၀ ဦး ရှိသည်။
တန့်ယန်းမြို့နယ် အထက(၁) မဲရုံတွင် တရုတ်လူမျိုး၊ မွတ်ဆလင်လူမျိုးများအပါအ၀င် တိုင်းရင်းသားများ အယောက် ၂၀၀ ကျော် မဲပေးလာပေးသွားပြီဖြစ်ကြောင်း မဲရုံကိုယ်စားလှယ်တစ်ဦးကပြောသည
်။
သိန္တွီမြို့နယ် အမက တောင်ညွန့်တွင် အယောက် ၁၀၀ နီးပါး မဲလာပေးသွားပြီဖြစ်သည်။ ယင်းမြို့သည် နံနက် ၆ နာရီမထိုးခင်ကတည်းက မဲပေးမည့် သူများ လာရောက်စောင့်ဆိုင်းနေသည်ဟုသိရသ ည်။
"NLD ကို မဲထည့်မယ့်သူတွေများမယ်လို့ ယုံကြည်တယ်။ မဲပေးရတာတော့ သိပ်မထူးခြားပါဘူး။ ၂၀၁၀ တုန်းက NLD မရှိလို့ ကြားဖြူကိုထည့်တယ်။ အခု NLD ရှိပြီ" ဟု လားရှိုးမြို့ အထက (၄)တွင် လာရောက်မဲပေးသွားသည့် အသက် ၄၀ ခန့်ရှိ အမျိုးသမီးညီအစ်မနှစ်ဦးကပြောသည်။
တောင်ငူမြို့၊ ၁၈ ရပ်ကွက် ကြာနီကန်အနောက်ခြမ်းမဲရုံအမှတ်(
၁)တွင် မဲဆန္ဒရှင်တစ်ဦးအား NLD အင်္ကျီဝတ်ဆင်လာ၍ အင်္ကျီပြန်လဲခိုင်းကြောင်းသိရသည်။ ထို့အပြင် အဆိုပါ မဲရုံတွင် မဲပေးမည့်သူများစုပြုံရောက်ရှိလာ၍ မဲစလစ်ပြားနှင့် မှတ်ပုံတင် ထပ်ထားရန် မဲရုံမှူးကပြောကြားနေသည်ကိုတွေ့ ရသည်။
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ်တွင် ကြိုတင်မဲပေးမှုအနေအထားမှာ ယခုနှစ်တွင် ၂၈၃ မဲရှိပြီး၊
ယခင်ရွေးကောက်ပွဲကာလက ကြိုတင်မဲပေးမှုမှုမှာ ၁၈၀၀ ၀န်းကျင်ရှိခဲ့သဖြင့်များစွာလျေ
ာ့နည်းသွားကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ဝါးသင်္ခကျေးရွာ မဲရုံအမှတ် (၁)တွင် ရွာ၏ အသက်ကြီးဆုံးအဘွားဖြစ်သူ အသက် (၉၅) နှစ်အရွယ်ရှိ ဒေါ်အေး မဲလာရောက်ပေးလျက်ရှိသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မဲဆန္ဒနယ်အမှတ် (၃)အမျိုးသားလွှတ်တော်အတွက် လားရှိုးမြို့နယ် မြို့ပေါ်ရှိ မဲရုံများတွင် ယခု ၇ နာရီ ၁၅ မိနစ်အထိ မဲလာရောက်ပေးသူ ၄၀ ဦး ရှိသည်။
တန့်ယန်းမြို့နယ် အထက(၁) မဲရုံတွင် တရုတ်လူမျိုး၊ မွတ်ဆလင်လူမျိုးများအပါအ၀င် တိုင်းရင်းသားများ အယောက် ၂၀၀ ကျော် မဲပေးလာပေးသွားပြီဖြစ်ကြောင်း မဲရုံကိုယ်စားလှယ်တစ်ဦးကပြောသည
မိုင်းရယ်မြို့နယ်တွင် ဒေသအနေအထားအရ နံနက်စောစော ဘုရားဝတ်ပြုခြင်း၊ နံနက်စာချက်ပြုတ်ခြင်းများရှိသောကြောင့် မဲလာပေးသူနည်းပါးနေပြီး ၉ နာရီ ၁၀ နာရီခန့်မှ လူစည်ကားမည်ဖြစ်ကြောင်း မိုင်းရယ် NLD မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
"NLD ကို မဲထည့်မယ့်သူတွေများမယ်လို့ ယုံကြည်တယ်။ မဲပေးရတာတော့ သိပ်မထူးခြားပါဘူး။ ၂၀၁၀ တုန်းက NLD မရှိလို့ ကြားဖြူကိုထည့်တယ်။ အခု NLD ရှိပြီ" ဟု လားရှိုးမြို့ အထက (၄)တွင် လာရောက်မဲပေးသွားသည့် အသက် ၄၀ ခန့်ရှိ အမျိုးသမီးညီအစ်မနှစ်ဦးကပြောသည
တောင်ငူမြို့၊ ၁၈ ရပ်ကွက် ကြာနီကန်အနောက်ခြမ်းမဲရုံအမှတ်(
တောင်ငူမြို့နယ်တွင် ၁၈ ရပ်ကွက်ရှိပြီး မဲပေးနေကြပြီဖြစ်သည်။ မဲရုံအမှတ် (၁) တွင် လာရောက်မဲပေးသူတစ်ဦး၏ ပြောဆိုချက်အရ ယခုကြားဖြတ်ရွေးကောက်ပွဲသည် ပိုမိုလွတ်လပ်မှုရှိကြောင်းသိရသည်။
မဲပေးသူတစ်ဦးက "အရင်အခေါက်ထက် ပိုလွတ်လပ်တယ်။ ဘာအနှောင့်အယှက်မှ မရှိဘူး။ NLD ကိုမဲပေးခဲ့တယ်။ အဓိကကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရပ်တည်ချက်အတိုင်း ဖြစ်လို့ပဲ" ဟု ပြောကြားခဲ့သည်။
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ်တွင် ကြိုတင်မဲပေးမှုအနေအထားမှာ ယခုနှစ်တွင် ၂၈၃ မဲရှိပြီး၊
ယခင်ရွေးကောက်ပွဲကာလက ကြိုတင်မဲပေးမှုမှုမှာ ၁၈၀၀ ၀န်းကျင်ရှိခဲ့သဖြင့်များစွာလျေ
မဲပေးချိန် ၁ နာရီခန့်ရှိပြီဖြစ်သော်လည်း မဲပေးသူအရေအတွက်နည်းနေသေးပြီး အချို့သော မဲရုံများတွက် လျှပ်စစ်မီးပြတ်တောက်နေမှုမျာြးေ ကာင့် မီးစက်များနှိုးကာ
ဆောင်ရွက်နေကြသည်။ မိတ္ထီလာမြို့နယ်ရှိ မဲရုံများတွင် မဲပေးကြရာ၌ မဲစာရင်းမပါသူ များပြားနေကြောင်း၊ ၂၀၁၀ မဲပေးစဉ်ကပေးခဲ့သော်လည်း ယခုမပါရှိကြောင်း ယမန်နေ့က ရပ်ကွက်ရုံးသို့ အသိပေးပြောခဲ့ကြောင်း မဲပေးသူများထံမှသိရသည်။ http://www.thithtoolwin.com/2012/04/blog-post_4036.html






Kuala Lumpur Time

0 comments:
Post a Comment