http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

8 Apr 2012

ကြားဖြတ်ရွေးကောက်ပွဲမှာ ဥပဒေချိုးဖောက်တဲ့ လုပ်ရပ်တွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တိုင်ကြားမယ်

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဥပဒေချိုးဖောက်တဲ့ လုပ်ရပ်တွေ ရှိခဲ့တာကိုတွေ့ရလို့ ဒီကိစ္စတွေကို တိုင်ကြားမယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒီနေ့ ကြေညာလိုက်ပါတယ်။
RFA
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒေါက်တာစိုးမင်းဖြစ်ပါသည်။
ဥပဒေက သတ်မှတ်ထားတဲ့ အတိုင်းအတာထက်ကျော်ပြီး မဲရုံပတ်ဝန်းကျင်တွေမှာ အနီးကပ်မဲဆွယ်ခဲ့တဲ့ လုပ်ရပ်မျိုးတွေအပါအဝင် အခြားဖြစ်ရပ်တွေ တွေ့ရှိထားတယ်လို့လည်း ဆိုပါတယ်။
ဒီဖြစ်ရပ်တွေကို ရန်ကုန်မြို့တွင်းက အဓိကကျတဲ့ နေရာတချို့မှာရော ဒေါ်အောင်ဆန်းစုကြည် အနိုင်ရခဲ့တဲ့ ကော့မှူးမြို့နယ်က တချို့နေရာတွေမှာ တွေ့ရှိထားတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဆိုပါတယ်။
ဒါပေမယ့် အခုလို တိုင်ကြားမယ့် ကိစ္စဟာ အတိုက်အခံပါတီတစ်ခုကို ရည်ရွယ်တာမဟုတ်ပဲ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို လက်မခံတာလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တစ်ယောက်ဖြစ်သူ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက သတင်းထောက်တွေကို ပြောတယ်လို့ သိရပါ တယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာစိုးမင်းကလည်း ရွေးကောက်ပွဲနေ့က သူ့ရုံးခန်း အရှေ့မှာ လူတစ်စုက NLD အလံတွေဝှေ့ရမ်းခဲ့တယ်။ ဒါပေမယ့် အဲဒီလူတွေက NLD ပါတီဝင်တွေ ဟုတ် မဟုတ် ဆိုတာတော့ သူ့အနေနဲ့ အတိအကျမပြောနိုင်ဘူး လို့ဆိုပါတယ်။
ဒါ့အပြင် မဲဆန္ဒရှင်ကိုယ်စား မဲရုံမှူးတွေက မဲစာရွက်မှာ ခြစ်ပေးတဲ့ သက်သေနှစ်ခုလည်း အခိုင်အမာ ရထားတယ်လို့ ဒေါက်တာစိုးမင်းကပြောပါတယ်။ 
rfa news.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif