လူတိုင်းမှာ ပထမဆုံး ဆိုတာ တွေတော့ ရှိတယ်လို့ ထင်မိ ပါတယ်။ အဲဒီလိုပဲ အခုလက်ရှိ ပရိသတ် စိတ်ဝင်စားခြင်း ခံနေရတဲ့ အနုပညာ ရှင်တွေ ကလည်း ငယ်စဉ် ဘဝမှာ ပထမဆုံး စိတ်ဝင်စားပြီး လှုပ်ရှားခဲ့တဲ့ အနုပညာ လုပ်ငန်းတွေလည်း ရှိတယ် ထင်မိပါတယ်။
အဲဒီအတွက်ကြောင့် 8 DAYS ပရိသတ်ကြီးအတွက် ဒီတစ်ပတ်မှာတော့ သရုပ်ဆောင်လုပ်ငန်းတွေနဲ့ နာမည်ရလာတဲ့ မြင့်မြတ်ရဲ့ ပထမဆုံး အနုပညာလုပ်ငန်းက ဘာတွေများ ဖြစ်မလဲဆိုတာကို တင်ဆက်လိုက်ပါတယ်။အနုပညာအလုပ်ကို စလုပ်ဖြစ်တာ ဆိုရင် ကျွန်တော် ၂၀၀၃ လောက်ဖြစ်မယ် ထင်တယ်။ အဲဒီတုန်းက စတာပေါ့။ အဲဒီစလုပ်တုန်းက သရုပ်ဆောင် အလုပ် မဟုတ်ဘူး။ Star & Models မှာ မော်ဒယ် လုပ်တယ်။
အဲဒါလည်း အနုပညာထဲမှာ ပါတယ်လေ။ သရုပ်ဆောင် ဖြစ်လာဖို့ အတွက် ပထမခြေလှမ်းလို့လည်း ပြောရင်ရတယ်။ ငယ်ငယ် လေးတန်း လောက်တုန်း ကတော့ ကျောင်းကပွဲမှာ ကခဲ့ဖူးသေးတယ်။အဲဒီတုန်းက ခေတ်စား နေတာတော့ ထုံချိုင်းတို့၊ အဆိုတော် နောင်တို့ပေါ့နော်။ အဲဒီအကတွေပဲ ကခဲ့တာပေါ့။ ဆရာမတွေကလည်း သင်ပေးတယ်။ ကြီးလာ တော့ မော်ဒယ်အနေနဲ့ စလုပ်တယ်။ နောက်ပြီး တကယ်လည်းကျရော Dancer လုပ်တယ်။ အကကိုလည်း အရမ်းဝါသနာပါတယ်။
Dancer ကို နှစ်နှစ်ကျော်ကျော်လောက်အထိ လုပ်ခဲ့တယ်။ ဖိဖိစီးစီးကို လုပ်ခဲ့တာပါ။ အခု သရုပ်ဆောင်ဖြစ်ပြီးတော့ အားတဲ့အချိန်တွေမှာတော့ အရမ်းကချင်တယ်။ ကတာကို အရမ်းသဘောကျတယ်။
ကကွက်တွေ ထွင်ချင်တာထက်ကို သင်ချင်တာက များပါတယ်။ နိုင်ငံတကာမှာ ခေတ်စားနေတဲ့ အကပုံစံတွေကိုလည်း လေ့လာဖြစ်တယ်။ ဇာတ်လမ်းတွေ ဆိုရင်လည်း အကပါတဲ့ ဇာတ်လမ်းတွေကို ပိုပြီး ရွေးကြည့်တတ်တယ်။ အရမ်းလည်းကြိုက်တယ်။ အခု သရုပ်ဆောင်လုပ်တော့လည်း ဇာတ်လမ်းအစုံကိုတော့ လေ့လာတဲ့ အနေနဲ့ ကြည့်ဖြစ်ပါတယ်။
www.yoyarlay.com/
0 comments:
Post a Comment