အသင်း၏ ကျဆင်းနေသည့် ခြေစွမ်းများ ပြန်လည် ကောင်းမွန်လာချိန်ထိ စိတ်ရှည်ရှည်ထား၍ စောင့်ပေးရန် လီဗားပူးလ် အသင်း ခေါင်းဆောင် ဂျာရတ်မှ အသင်း ပရိသတ်များအား တောင်းဆိုခဲ့သည်။ လီဗာပူးလ် အသင်းမှာ လက်ရှိ အချိန်တွင် ခြေစွမ်းပိုင်း လွန်စွာ ကျဆင်းနေပြီး နှစ် (၅၀) အတွင်း အဆိုးဝါးဆုံး ရလဒ်အဖြစ် နောက်ဆုံး ကစားခဲ့သည့် (၇)ပွဲတွင် (၆) ပွဲထိ ရှုံးနိမ့်ထားသည့် အသင်း ဖြစ်သည်။ ယခုလို ရလဒ်များ ဆိုးဝါးနေခြင်းကြောင့် မြို့ခံပြိုင်ဘက် အဲဗာတန် အသင်း၏ အောက်အဆင့် (၈) နေရာသို့ ကျဆင်းနေသည့် လီဗာပူးလ် အသင်းမှာ ပရိသတ်များ၏ ဝေဖန်မှုကို ခံယူနေရသော်လည်း ဂျာရတ်မှ ယခုအချိန်မှာ အသင်း၏ ရည်မှန်းချက်နှင့် များစွာခြားနားနေ သော်လည်း ရလဒ်ဆိုးများမှ အသင်းသစ် တစ်သင်း အဖြစ် ရုန်းထွက်လာပြီး ရေရှည်တွင် အကောင်းဆုံး အသင်း အဖြစ် ရပ်တည်နိုင်မည်ဟု ယုံကြည်နေ ပြောဆိုခဲ့သည်။ “ဒီရာသီမှာ စိန်ခေါ်မှုတွေ အများကြီးနဲ့ တွေ့နေရပါတယ်။ ကျွန်တော် ပရိသတ်တွေကို စိတ်ရှည်ပေးပါလို့ တောင်းဆိုချင် ပါတယ်။ ကျွန်တော် နေရာမှန်ကို ပြန်ရောက်မှာပါ”ဟု အသင်း၏ ၀က်ဘ်ဆိုက်တွင် ဂျာရတ်မှ ပြောဆိုခဲ့သည်။
http://www.yoyarlay.com






Kuala Lumpur Time

0 comments:
Post a Comment