တစ်ကိုယ် တော် ခွေ ထွက်ဖို့ ပြင်ဆင်နေတဲ့ မြန်မာ တေးသံရှင် မလေး ပန်းအိဖြူ နဲ့ တွေ့မေး ခဲ့သမျှ....
ညီမရဲ့ တစ်ကိုယ်တော် ခွေလေး အကြောင်း မြန်မာသံ ပရိသတ် တွေ အတွက် ပြောပေး ပါဦး။
ညီမရဲ့ပိုင်စိုး လှညည့်ပါ ဆိုတဲ့ တစ်ကိုယ်တော် Live show ခွေကို မေလမှာထွက်ဖို့ လုပ်ထား တယ်။ ရိုက်ပြီးတာတော့ ၅လ လောက်ရှိပြီ။ ပွင့်လင်း ရာသီမင်္ဂ လာဆောင် နယ်ပွဲတွေများတဲ့အခါ ကျတော့ အခွေ ထွက်ဖို့ ဘက်ကို မလှည့် အားသေးတော့ ခဏနားထား ရတယ်။ မေလမှာတော့ ထွက်နိုင် အောင် ကြိုးစားမယ်။
တေးရေးနဲ့ ဘယ်သူရဲ့ သီချင်းတွေဆို မှာလဲ။ သီချင်း အသစ် တွေလား။
ဂီတစာဆို ဆရာဦးကြေးမုံ ရဲ့ သီချင်းတွေ နှစ် ၅၀ ပြည့်ရွှေရတု အမှတ်တရ ပေါ့။ ဘဘရေးထားတဲ့ သီချင်းတွေပါပဲ။
ခေတ်ဘက်နည်းနည်းရောက်တဲ့ လိုင်း မျိုးကူးဖို့ စိတ်ကူးရှိလား လူငယ်ဆို တော့လေ။ စိတ်ကူး လေးတော့ ရှိတယ်။ ဒါပေမယ့် ကိုယ်က ထိပ်ဆုံး ရောက်နေတဲ့ အနုပညာရှင် မဟုတ်သေးဘူး။ အခုမှ ပရိသတ်ရဲ့ ရင်ထဲကိုတိုးဝင်နေတဲ့ အနု ပညာသမားဆိုတော့ ပန်းအိဖြူလေး ကလိုင်းတစ်လိုင်းကိုဘယ်လိုမျိုးအခိုင် အမာ ဆိုနိုင်တယ်ဆိုတာကို ပရိသတ် အခိုင်အမာသိသွားပြီးဆိုမှ ကိုယ်ချပြ ချင်တာလေးကို ချပြပေးသွားမှာပါ။ ဒီအတိုင်းကြီး ပြောင်းသွားတာတော့ မဟုတ်ဘူး။ ခေတ်ဘက်နည်းနည်း ရောက်တာလေးပေါ့။ ခုလည်းကလေး တွေကြိုက်မယ့် လွယ်လွယ်ပေါ့ပေါ့ လေးနှစ်ပုဒ်သုံးပုဒ်ထည့်ပေးထားတယ်။ လူကြီးလူလတ် လူငယ်အဆင်ပြေ အောင်ပေါ့။
သီချင်းဟောင်းတွေ ပြန်ဆိုရတော့ ဘယ်လိုပုံစံမျိုးနဲ့ ဆိုလဲ။ သီချင်းဟောင်းကျတော့ ကိုယ့်ရှေ့က ပညာရှင်တွေ ဆိုခဲ့တာတွေ ဆိုတော့ သူတို့ကို မမီနိုင်ရင်တောင် ကိုယ်ဆိုလိုက်မှ သီချင်းပျက်မသွား အောင် ကြိုးစား ဆိုပေးရတော့ တာဝန် ကြီးတာပေါ့။ ကိုယ်ဆိုလိုက်မှ အရင် ပေါက်ခဲ့တဲ့ အောင်မြင်ခဲ့တဲ့ သီချင်း အရသာတစ်မျိုးဖြစ်သွားတယ်ဆိုရင်တော့ မကောင်းဘူးပေါ့။ သီချင်းအသစ်ကြ တော့ ကိုယ့်ဟာလေးနဲ့ကိုယ် ဘယ်လို စိတ်ကူးနဲ့ လိုက်ဆိုလိုက် အဆင်ပြေ တယ်။သီချင်းအသစ်ကျတော့တေးရေး တေးဆို အတီးသမားအားလုံးကံစပ်မှ ပေါက်တာဆိုတော့ သီချင်းသစ်ပေါက် ဖို့က လွယ်တော့မလွယ်ပါဘူး။ ကံ ကောင်းမှပေါ့။ ပန်းအိလည်း ကိုယ်ပိုင် သီချင်းနဲ့ ရပ်တည်ချင်ပါတယ်။ အဲလို ဖြစ်အောင်လည်း ကြိုးစားသွားမှာပါ။
သင်္ကြန်အပေါ် လူငယ်တစ်ယောက်ရဲ့ ခံစားမှုလေးနဲ့ သင်္ကြန်မှာ ပန်းအိ ဘာ တွေလုပ်မလဲ။ သင်္ကြန်ရောက်ရင် ပျော် စရာကောင်းတာပေါ့။ မြန်မာလူမျိုး တွေရဲ့နှစ်ကူးပွဲလေ။ ပန်းအိက သင်္ကြန် မှာ နှစ်တိုင်းသီချင်းတော့ သိပ်မဆို ဖြစ်ဘူး။ ရိပ်သာ ဝင်တာပဲ ရှိတယ်။ ဒီနှစ်တော့ ရိပ်သာဝင်ဖြစ်မလား ဆို တာတော့ အခြေအနေအရပဲ။ ဝင်ဖြစ် ရင် မိုးညှင်းဝိပဿနာရိပ်သာမှာ ဝင် မယ်လို့ပြောသွားတဲ့ တေးသံရှင်ပန်း အိဖြူက သင်္ကြန်မှာ လည်ပတ်ကြမယ့် သူတွေ အေးအေးချမ်းချမ်းနဲ့ လည် နိုင်ကြပါစေ။ ရေကစားရင်လည်း ကိုယ်ချင်းစာစိတ်နဲ့ သိမ်သိမ်မွေ့မွေ့ ဖြစ်စေ ချင်တယ်။ နှစ်သစ်မှာ ပန်းအိ ချစ်တဲ့ ပရိသတ်ကျန်းမာပြီးရည်မှန်း ချက်ပန်းတိုင်ကို အမြင့်ဆုံးရောက်ပါ စေ။ပန်းအိတို့ရဲ့မြန်မာသံစဉ်သီချင်း တွေကိုလည်း အားပေး နိုင်ပါစေလို့ ဆုတောင်းစကားလေး ပြောသွားခဲ့ ပါတယ်။ http://www.yoyarlay.com
0 comments:
Post a Comment