သင်္ကြန် ရက် အတွင်း ရန်ကုန် ဆေး ရုံကြီး အရေးပေါ် ဌာန တွင် တက်ရောက် ကုသ နေသော လူနာ အမျိုး သမီးငယ် အား ဆေးရုံဝန်ထမ်းမှ မဖွယ်မရာပြုမူ ခဲ့သော အမှုတစ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ဧပြီလ ၁၃ ရက် သင်္ကြန်အကျနေ့ က ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာန ခွဲစိတ်ခန်းတွင် အူအတက်ပေါက်၍ ဆေးကုသမှုခံယူရန်ရောက်ရှိနေသော လူနာအမျိုးသမီး မ-------အသက် ၁၇ နှစ်အား ခွဲစိတ်ကုသရန် ထုံဆေးပေး ထားစဉ် ဆေးရုံအကူဝန်ထမ်းများဖြစ် သော သက်ဇော်နှင့် သိန်းမြင့်တို့မှ လူနာအမျိုးသမီးငယ်၏ ခန္ဓာကိုယ် အားကိုင်တွယ်၍ မဖွယ်မရာပြုမူခဲ့ ကြောင်းသိရှိရသည်။ လူနာအမျိုးသမီး ငယ်မှ မိဘများအား ငိုယိုတိုင်တန်း ရာ မိဘများမှ သက်ဆိုင်ရာဆေးရုံတာဝန် ရှိသူများသို့ တိုင်တန်းအမှုဖွင့်ခဲ့ကြောင်း သိရှိရသည်။ သက်ဆိုင်ရာမှ အဆိုပါ ကျူးလွန်သူနှစ်ဦးအနက် သက်ဇော် အား အလုပ်မှချက်ချင်းထုတ်ပယ်၍ နှစ်ဦးစလုံးအား ဥပဒေအရဆက်လက် အရေးယူထားကြောင်း သိရှိရသည်။ ယခုကဲ့သို့ ပြည်သူများ၏ ကျန်း မာရေးကို စောင့်ရှောက်မှုပေးနေသော ကျန်းမာရေးဝန်ထမ်းများမှ ကျင့်ဝတ် ဖောက်ဖျက်၍ နာမကျန်းဖြစ်နေသူ လူနာအား မဖွယ်မရာပြုလုပ်ခြင်းကို အများပြည်သူမှ ပြစ်တင်ရှုတ်ချနေကြ ကြောင်းသိရှိရသည်။ ထို့ပြင် အမျိုးသမီးလူနာများ အတွက် ခွဲစိတ်ခန်းအကူ ကျန်းမာရေး ဝန်ထမ်းများကိုလည်း အမျိုးသမီးများ သာထားသင့်ကြောင်း ပြည်သူများမှ အကြံပြုပြောကြားနေကြသည်။
yoyarlay.com
0 comments:
Post a Comment