စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တို့အကြား သဘောထား အမြင်များ တူညီကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၁ဝ နာရီအချိန်တွင် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ နှင့် တွေ့ ဆုံ ဆွေးနွေ မှု အပြီး သတင်းစာ ရှင်းလင်း ပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ "စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ဖို့တွက် တိုင်းရင်း သားတွေ ရဲ့ ပါဝင်မှု က အများကြီး အရေးကြီးတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
KNU အဖွဲ့နှင့် NLD တို့သည်ထာဝရငြိမ်းချမ်းရေး အတွက် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း KNU ပြောရေးဆိုခွင့် ရှိသူ နော်မေဦးက The Voice Weekly နှင့် တွေ့ဆုံစဉ်တွင် ပြောကြားထားသည်။ KNU ၏ အထွေထွေ အတွင်းရေးမှုး နော်စီ ဖိုးရာစိန် ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့သည် ဧပြီလ ရ ရက်နေ့ တွင် နေပြည်တော်၌ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သေးသည်။
http://www.yoyarlay.com
0 comments:
Post a Comment