နိုင်းနိုင်းက လတ်တလောမှာ ရာမည ထုတ်လုပ်ရေးအတွက် “နှလုံးသား နဲ့ ပေါက်ကြည့် လိုက်” ဇာတ်ကားကို သားညီ၊ ဝိုင်းစုခိုင်သိန်းတို့နဲ့ ရိုက်ကူးနေ ပါတယ်။ ဒီဇာတ်ကား ကို ဒါရိုက်တာ မျိုးထူး ရိုက်ကူးတာဖြစ်ပြီး အချစ်ဖန်စီ ဇာတ်ကားလေးဖြစ် ပါတယ်။ နိုင်းနိုင်း ရဲ့ဇနီး စန္ဒီချိုက အခုဆိုရင် ကိုယ် ဝန် ၁ လရှိနေပြီဖြစ်ကြောင်း သိရပါ တယ်။ စန္ဒီချိုရဲ့ ကျောင်းကိစ္စအတွက်ရော၊ ကိုယ်ဝန် ကိုလည်း အာထရာ ဆောင်း ရိုက်ကြည့် ချင်သေးတဲ့အတွက် စန္ဒီချိုနဲ့အတူ ဇွန်လထဲ မှာအမေရိကကို သွားရောက် ဖို့ရှိကြောင်း ပြောပါတယ် တတိယရင်သွေးလေးလည်းဖြစ် တဲ့အတွက် ဘာလေးပဲဖြစ်ဖြစ် ချစ်မှာပဲဆိုတဲ့ နိုင်းနိုင်းက ” ယောက်ျားလေးဖြစ်မလား၊ မိန်းကလေး ဖြစ်မလားတော့ မသိဘူး။ ဘာလေး ပဲဖြစ်ဖြစ်ပါ၊ချစ်မှာပါပဲ။ အခုဆိုရင် ၃ ယောက် မြောက်ဖြစ် သွား ပြီဆိုတော့ ပျော်တာပေါ့။
၂ ယောက်နဲ့တောင် ချစ်မဝဘူး။ ၃ ယောက် ဖြစ်သွားတော့ ပိုပျော် တာပေါ့။ အခုက မထင်မှတ်ဘဲ ရတော့လည်း ပျော်ရ တာပေါ့”လို့ ပြောပါတယ်။ အမေရိကမှာ ၁ လကျော်ပဲ ကြာမှာဖြစ်ပြီး တတိယမြောက် ရင်သွေး ကိုတော့ မြန်မာနိုင်ငံမှာ ပဲမွေးဖွားမှာဖြစ်ကြောင်းပြောပါတယ်။ နိုင်းနိုင်းရဲ့သမီးကြီး မြနန္ဒီ ချိုနဲ့ သားအန်ဒါဆန်ချို လတ်တို့ကို အမေရိကမှာ မွေးဖွားခဲ့တာဖြစ်ပြီး အခု အချိန်မှာ အလုပ်တွေ လည်း ဒီမှာရှိနေတဲ့အတွက် တတိယရင်သွေးကို မြန်မာနိုင်ငံမှာပဲမွေးဖွားမှာဖြစ် ကြောင်း နိုင်းနိုင်းက ပြောပါတယ်။
www.yoyarlay.com/index.php/entertainment/en
0 comments:
Post a Comment