ဘယ်လို မိန်းမမျိုး တွေကို အမုန်းဆုံးလဲ။
ကျွန်တော့် ဘဝမှာ ဘယ်လို မိန်းမက အမုန်းဆုံးလည်း မသိတဲ့ အချိန်မှာ အမုန်းဆုံး မိန်းမ ဆိုတာ မရှိပါဘူး။ မိန်းမတွေ အားလုံးက ချစ်ဖို့ ကောင်းပါတယ်။
အချစ်ကို ဘယ်လိုမျိုး အဓိပ္ပါယ် ဖွင့်ဆိုချင်လဲ။
အချစ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလို့ ပြော ကြတယ်။ သင်္ချာ equation လို့အခြေတင်မှာ ပါဝါတင်လို့ရတယ်။ အခြေခံကတော့ လူတိုင်း ပြောတဲ့ နားလည်မှု ဆိုတဲ့ စကားသုံးလုံးပါပဲ။ နားလည်မှုဆိုတဲ့ အခြေခံပေါ်မှာ နောက်ထပ် ပါဝါတင်လို့ရတာပေါ့နော်။ နားလည်မှုရဲ့ ကိုယ်ချင်းစာစိတ် အပေါ်မှာ အခြေခံ မေတ္တာတရား၊ အဲဒီ အပေါ်မှာ အသိုင်းအဝိုင်း ယဉ်ကျေးမှု ဘာသာရေး၊ စည်းစိမ်ဥစ္စာတွေ ပါလာတာပါ။
မင်းရာဇာဆိုတဲ့ နာမည်ကြောင့် ထားဝယ် ဖြစ်တာလား၊ ဒါ မှမဟုတ် ထားဝယ်ကြောင့် မင်းရာဇာဖြစ်တာလား။
ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပါပဲ။ ဘယ်သူတွေကပုံရိုက်ပုံရိုက် ကိုယ်က အိုက်တင် အရည်အချင်း မရှိရင် ဘာမှဖြစ်မလာပါဘူး။ အရည် အချင်းဘယ်လောက်ပဲရှိရှိ ထုတ်ရိုက်မယ့်သူ မရှိရင် ဘာမှဖြစ်မလာပါ ဘူး။ ပြောရရင် နှစ်ဦးနှစ်ဘက် ကောင်းလို့ ဖြစ်လာတာပါ။
မင်းရာဇာက ဟာသမှာရော ဒရာမာ၊ အက်ရှင်မှာပါ ပီပြင်စွာ သရုပ်ဆောင် နိုင်တယ်နော်။ အိုက်တင်ပိုင်းမှာ သရုပ်ဆောင် ပီပြင်တာ ဘယ်သူ ကြောင့်လဲ။
အဲဒါကတော့ အရည်အချင်းရှိတဲ့ ဒါရိုက်တာကြောင့်ပါ။ ဒါရိုက် တာကောင်းဆိုရင် သရုပ်ဆောင်လည်း သူရိုက်ပြချင်တဲ့ဟာကို လုပ်ရ တာပါပဲ သရုပ်ဆောင်ကလည်း ကောင်းဖို့ အရေးကြီးပါတယ်။
ထွန်းထွန်းဝင်း(ပုပ္ပါး)
www.yoyarlay.com/index.php/entertainment/entertainment/art/26668-2012-05-31-08-22-39
0 comments:
Post a Comment